OnePlus က ၂၀၁၉ ခုနှစ်မှာ 5G Phone ရောင်းမယ့် အစောဆုံး ကုမ္ပဏီများထဲမှာ ပါမည်

4G, 5G ကွန်ယက်များနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဟောင်ကောင်မှာ ကျင်းပနေပါတယ်။ ကုမ္ပဏီများစွာကလည်း သူတို့ရဲ့ အနာဂတ် 5G ထုတ်ကုန်များအကြောင်းကို ဟောပြောနေကြပါတယ်။ OnePlus ရဲ့ ပူးတွဲတည်ထောင်သူ Carl Pei က သူ့ ကုမ္ပဏီဟာ OnePlus 7 လို့ အမည်ပေးထားတဲ့ စွမ်းရည်မြင့် 5G Smartphone ကို ရောင်းချမှာ ဖြစ်တယ်လို့ ပြောပါတယ်။ OnePlus ဟာ 5G Smartphone ကို အစောဆုံး ရောင်းချတဲ့ နိုင်ငံများထဲမှ တစ်ခု ဖြစ်လာမှာပါလို့ သူက အတည်ပြုထားပါတယ်။

Qualcomm ရဲ့ ဥက္ကဌ ဖြစ်သူ Cristiano Amon က လာမယ့်နှစ်မှာ စွမ်းရည်မြင့် 5G Phone အနည်းဆုံး ၂ လုံးကို ကြေညာမယ်လို့ ပြောပါတယ်။ Carl Pei က လာမယ့်နှစ် ပထမကွာတား ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ သူတို့ရဲ့ 5G Phone ကို ကြေညာမယ်လို့ ပြောပါတယ်။ အဲဒီဖုန်းမှာ Snapdragon X50 Modem နဲ့ QTM052 mmWave Antenna Module များ ပါမှာ ဖြစ်ပါတယ်။

OnePlus အပြင် အခြား ကုမ္ပဏီများစွာကလည်း Qualcomm နဲ့ ပူးပေါင်းပြီး ထုတ်မယ့် သူတို့ရဲ့ 5G Product များကို ပြောပြခဲ့ပါတယ်။ X50 5G NR Modem သုံးမယ့် စမတ်ဖုန်း စာရင်းထဲမှာ Asus, HMD Global, LG, Motorola, Oppo, Sony, Vivo, Xiaomi တို့ ပါဝင်ပါတယ်။

Huawei နဲ့ Samsung တို့ကတော့ ပွဲမှာ ကြေညာခြင်း မရှိတဲ့ အတွက် သူတို့ ကိုယ်ပိုင် 5G Module များကို အသုံးပြုနိုင်ပါတယ်။ Apple ကတော့ 5G အကြောင်းကို စကားတောင် မဟသေးပါဘူး။ Äpple နဲ့ Qualcomm တို့ရဲ့ ဆက်ဆံရေး တင်းမာနေမှုများကြောင့် ဖြစ်နိုင်ပါတယ်။

Ref : gsmarena

OnePlus က ၂၀၁၉ ခုနှစ်မှာ 5G Phone ရောင်းမယ့် အစောဆုံး ကုမ္ပဏီများထဲမှာ ပါမည်

%d bloggers like this: