ခေတ်သစ်မျိုးပွားနည်း

တစ်ရက်တွင်အဖေဖြစ်သူကို သားငယ်ကမေးသည်။ “ဖေဖေ၊ သားကိုဘယ်လိုမွေးခဲ့တာလဲဟင်”

အဖေဖြစ်သူကစဉ်းစားလိုက်ပြီး “အာ၊ ကောင်းပြီ။ သားကိုပြောပြမယ်။ မင်းအမေနဲ့ ဖေဖေက အင်တာနက်ချက်တင်တစ်ခုမှာ စတွေ့ခဲ့တာပေါ့၊
မင်းအမေကို လှမ်းတွေ့ဖို့ချိန်းတဲ့စာကို e-mail ကနေပို့လိုက်ပြီး အင်တာနက်ကဖေးတစ်ခုမှာ စတွေ့ခဲ့ကြတာ။ တွေ့တော့နည်းနည်းချောင်ကျတဲ့နေရာတစ်ခုမှာ ရွေးထိုင်ခဲ့ကြတာပေါ့။ ခဏကြာတော့ မင်းအမေက အဖေ့မမ်မိုရီစတစ်ထဲက ဒေတာတွေကို ဒေါင်းလုဒ်ဆွဲတော့တာပဲ။
အဲ့ဒီအချိန်မှာအဖေက Upload လုပ်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီ။ တစ်ခုရှိသွားတာကက အဖေတို့နှစ်ယောက်လုံး Security အတွက် Firewall မခံထားမိခဲ့ကြဘူး။
ဒါပေမယ့် Delete ခလုတ်ကိုနှိပ်ဖို့ အရမ်းနောက်ကျသွားခဲ့ပြီလေ။ ဒီလိုနဲ့ ကိုးလလောက်လဲကြာရော ဗိုင်းရပ်စ်လေး ပေါက်ဖွားလာတော့တာပဲ။ ပုံပြင်ကတော့ဒါပါပဲကွာ။”

Ref: unijokes.com

%d bloggers like this: