Apple ကြောင့် OnePlus 6T မိတ်ဆက်ပွဲကို ရက်ရွှေ့ပြောင်း

Apple က မနေ့ကပဲ ယခုလ ၃၀ ရက်နေ့မှာ ထုတ်ကုန် အသစ် မိတ်ဆက်ပွဲကို နယူးယောက်မှာ ပြုလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ OnePlus က 6T မိတ်ဆက်ပွဲကို အဲဒီနေ့မှာ ပြုလုပ်မယ်လို့ ကြေညာထားတာ ကြာပါပြီ။ ဒါပေမယ့် OnePlus ဟာ Apple ရဲ့ ဂုဏ်ရှိန်ကို မယှဉ်နိုင်တဲ့အတွက် 6T မိတ်ဆက်ပွဲကို တစ်ရက်စောပြီး ယခုလ ၂၉ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို OnePlus ရဲ့ စီအီးအို ဖြစ်သူ Pete Lau က အလေးအနက်ထားပြီး ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။ OnePlus က သူ့ရဲ့ Fans များအား နယူးယောက်မှာ ပြုလုပ်မယ့် ပွဲကို တက်ရောက်ခွင့်ကို ပြုလုပ်ပေးထားပါတယ်။ Lau က လေယာဉ်လက်မှတ်နဲ့ ဟိုတယ် ဌားရမ်းခများ အတွက် ငွေပြန်ပေးမယ်လို့ ပြောပါတယ်။

OnePlus 6T မှာ သေးငယ်တဲ့ Display Notch နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ OnePlus ရဲ့ ပထမဆုံး အနေနဲ့ နားကြပ်ပေါက်ကို ဖယ်ရှားထားမယ့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ OnePlus ဟာ Vivo , Xiaomi , Huawei တို့လို မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို ထည့်သွင်းထားတဲ့ ကုမ္ပဏီ ဖြစ်လာမှာပါ။

OnePlus 6T မှာ ၆.၄ လက်မ 1080x2340p Optic AMOLED Display ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Qualcomm ရဲ့ Snapdragon 845 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Face Unlock လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gsmarena

Apple ကြောင့် OnePlus 6T မိတ်ဆက်ပွဲကို ရက်ရွှေ့ပြောင်း

%d bloggers like this: