မြန်မာငွေတစ်သိန်းခွဲဝန်းကျင်ရှိတဲ့ ဒီဇိုင်းမိုက် Panasonic Eluga ဖုန်းအသစ် ထွက်ရှိ

Panasonic ဟာ Eluga စီးရီးရဲ့ စမတ်ဖုန်းအသစ် Eluga 13 ကို ဗုဒ္ဓဟူးနေ့က တရားဝင် မိတ်ဆက်သွားခဲ့ပါတယ်။ ဈေးနှုန်းအားဖြင့် မြန်မာငွေတစ်သိန်းခြောက်သောင်းလောက်ရှိပြီး၊ ရွှေရောင်၊ ပန်းရောင်နဲ့ အပြာရောင်ဆိုပြီး ကာလာသုံးမျိုး ရရှိမှာပါ။

Eluga 13 ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ 4G LTE အပြင်၊ 3G ထက် အသံအရည်အသွေးသုံးဆပိုမိုကောင်းမွန်တဲ့ VoLTE စနစ် ပါ ပါဝင်တာဖြစ်ပါတယ်။ SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ တစ်ကတ်ကို 4G သုံးနိုင်ပါတယ်။

Android 5.1 Lollipop စနစ်အခြေခံ၊ FitHome UI ကို အသုံးပြုထားပြီး၊ 1.3GHz quad-core ပရိုဆက်ဆာ၊ RAM 2GB နဲ့ ဖုန်းတွင်း storage 16GB တို့ ပါရှိပါတယ်။ microSD ကတ် ထပ်စိုက်နိုင်ပေမယ့်၊ 32 GB အထိပဲ ထပ်စိုက်နိုင်ပါတယ်။ မျက်နှာပြင်ကတော့ 720×1280 pixels IPS LCD ဖြစ်ပြီး၊ အကျယ် ၅.၅ လက်မရှိတာကြောင့်၊ ဖုန်းကြီးကြီးကြိုက်သူတွေအတွက် အဆင်ပြေမယ့်ဖုန်းဖြစ်ပါတယ်။

ကင်မရာကတော့ 13-megapixel autofocus ကင်မရာဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ 5-megapixel ပါ။ ဘက်ထရီက 2700mAh ဆိုတော့ အရမ်းအများကြီးမဟုတ်ပေမယ့်၊ မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ သာမန် micro-USB အပေါက်နဲ့ပဲဖြစ်ပြီး၊ Panasonic ပစ္စည်းတွေအတိုင်း အရည်အသွေးကတော့ ကောင်းမွန်ပါတယ်။

Ref: Gadgets 360

 

 

 

%d bloggers like this: