ကျော်လို့မရတဲ့ ခြောက်စက္ကန့်စာကြော်ငြာဗီဒီယိုတွေကို ပြသတော့မယ့် Youtube

အခုအင်တာနက်ခေတ်မှာ Youtube မကြည့်တဲ့လူဆိုတာ မရှိသလောက်နည်းပါတယ်။ Google ရဲ့ ထုတ်ပြန်ချက်အရ Youtube ကို လစဉ်ကြည့်ရှုသူပေါင်း တစ်ဘီလီယံကျော်ရှိတယ်လို့တောင် သိရပါတယ်။

ဒီနေ့မှာ Youtube ပရိတ်သတ်တွေအတွက် သတင်းကောင်းနဲ့ သတင်းဆိုး နှစ်ခုကို အသိပေးစရာရှိပါတယ်။

သတင်းဆိုးကို စပြောရမယ်ဆိုရင်တော့၊ နောက်တစ်ခါ Youtube app ကနေ ဗီဒီယိုတွေဝင်ကြည့်ရင် ကြော်ငြာဗီဒီယိုတွေကို ကျော်နိုင်တော့မှာမဟုတ်ဘဲ၊ ကြိုက်ကြိုက်၊မကြိုက်ကြိုက် ကြည့်ပေးရတော့မှာပါ။ ဒီ feature ကို “Bumper ads” လို့အမည်ပေးထားပြီး၊ ပုံမှန်အားဖြင့် ကြာမြင့်ချိန် ခြောက်စက္ကန့်သာရှိတယ်လို့ ဆိုပါတယ်။

ပုံမှန်အတိုင်းဆိုရင်လည်း ကြော်ငြာဗီဒီယိုတွေဆိုရင် ငါးစက္ကန့်ပြည့်ပြီးတာနဲ့ skip လုပ်နိုင်တာကြောင့် သိပ်ပြီး ထူးခြားမှုတော့ရှိသွားမှာမဟုတ်ပါဘူး။

အဓိကအားဖြင့် မိုဘိုင်းဖုန်းသုံးစွဲသူတွေကို အဓိကရည်ရွယ်ထားပြီး၊ မေလအတွင်း Bumper ads တွေ စဝင်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။

သတင်းကောင်းကတော့၊ Youtube iOS နဲ့ Android app တွေကို အခုအခါ update ရပြီဖြစ်ပြီး၊ ဗီဒီယို ရှာဖွေပေးမှုပိုကောင်းလာတယ်လို့ ဆိုပါတယ်။ ကိုယ်အရင်ကကြည့်ခဲ့တဲ့ဗီဒီယိုတွေအပေါ်မူတည်ပြီး၊ ကိုယ်စိတ်ဝင်စားလောက်မယ့်ဗီဒီယိုတွေကို အလိုအလျောက်ဖော်ပြပေးမှုပိုကောင်းလာတယ်လို့လည်း သိရပါတယ်။

Ref: Tech Radar

 

 

%d bloggers like this: