တရုတ်နည်းပညာကုမ္ပဏီ Xiaomi ဟာ သူတို့ရဲ့ နောက်ဆုံးထွက်မယ့် မျိုးဆက်သစ်စမတ်ဖုန်း Mi Max ကို လာမယ့် မတ်လ ၁၀ရက်နေ့မှာ မိတ်ဆက်ပြသသွားမယ်လို့ သိရပါတယ်။ ဒီသတင်းကို ကုမ္ပဏီက Weibo မှာတင်ခဲ့တာဖြစ်ပါတယ်။
ထုတ်ပြန်ဖို့အတွက် Xiaomi ဟာ ဖုန်းအကြောင်းကို အလွန်နည်းပါးတဲ့ သတင်းအချက်အလက်တွေကိုသာ ဖော်ပြသွားခဲ့တာဖြစ်ပြီး ဘယ်လိုပုံစံရှိမယ် ဘယ်လိုအချက်အလက်တွေ ပါဝင်မယ်ဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
ဒါပေမယ့် ထုတ်လုပ်မယ့်စမတ်ဖုန်းမှာ အကျယ် ၆.၄လက်မ ရှိတဲ့မျက်နှာပြင်၊ full HD ရှိတဲ့ Display နဲ့ hexa-core 1.8Ghz CPU (Snapdragon 650) တို့ပါဝင်လာမယ်လို့ ဆိုပါတယ်။ ကောလဟလသတင်းတွေအရ ကင်မရာပိုင်းမှာတော့ 16MP ရှိတဲ့ ကျောဘက်ကင်မရာ၊ 5MP ရှိတဲ့ ရှေ့မျက်နှာကင်မရာတို့ အသီးသီးပါရှိမှာဖြစ်ပါတယ်။
ဒီဇယားကတော့ ပါဝင်လာမယ့် ဖုန်းရဲ့အချက်အလက်အချို့ပဲဖြစ်ပါတယ်။
Ref: GSMArena
You must log in to post a comment.