Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း

iOS 12 မှာ Apple Face ID အတွက် လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အဲဒီအထဲက တစ်ခုမှာ သင့် မိသားစုဝင်၊ သူငယ်ချင်းလို အခြား လူတစ်ဦးရဲ့ မျက်နှာကို သင့်ဖုန်းရဲ့ Face ID မှာ ထည့်သွင်းနိုင်တာ ဖြစ်ပါတယ်။ သင့်ဖုန်းအား သူတို့ မျက်နှာဖြင့် Unlock လုပ်နိုင်မှာပါ။

အလင်းရောင် ကောင်းတဲ့ နေရာကို သွားပြီး သင့်ဖုန်းရဲ့ Settings > Face ID & Passcode ထဲသွားပါ။ သင့် Passcode ကို တောင်းရင် ထည့်ပေးပါ။ Face ID & Passcode ထဲရောက်ရင် Face ID App Store Purchases , Apple Pay , Password Autofill တို့လို Face ID ဖြင့် ပြုလုပ်နိုင်မယ့် အရာများကို စစ်ဆေးပါ။ သင်က အခြား လူတစ်ဦးအား Face ID ကို Access လုပ်ခွင့်ပေးတော့မှာ ဖြစ်တဲ့ အတွက် ငွေသုံးစွဲခြင်းလို အရာများကို သင်က သူတို့အား လုပ်ခွင့်ပေးမလားဆိုတာကို အဲဒီမှာ သတ်မှတ်ပါ။

အိုကေပြီ ဆိုရင် အောက်ခြေမှ Set Up an Alternative Apperance ကို နှိပ်ပါ။

မှတ်ချက်။ ။ အထက်ပါ အဆင့်မှာ သင့်ရဲ့ ပထမဆုံး Face ID နဲ့ Passcode ကို သတ်မှတ်ထားပြီးသားလို့ ယူဆပါတယ်။ မသတ်မှတ်ရသေးရင် Set Up Face ID ကို မြင်ရမှာပါ။ အဲဒါကို အရင် Set Up လုပ်ပါ။ ကင်မရာ အလုပ်မလုပ်တဲ့ အခြေအနေများမှာ Face ID ဖြင့် ဖုန်းကို Unlock လုပ်လို့ မရတဲ့အတွက် Passcode ကိုလည်း သတ်မှတ်ထားသင့်ပါတယ်။

ဒုတိယ မျက်နှာကို စကင်လုပ်တဲ့ အဆင့်မှာ သင့် သူငယ်ချင်းရဲ့ မျက်နှာကို ရွေ့လျားဖို့ အိုင်ဖုန်းက ခိုင်းမှာပါ။ ညွှန်ကြားချက် အတိုင်း ပြုလုပ်ပါ။ နောက်ဆုံးမှာ စကင် ပြုလုပ်တာ ပြီးဆုံးပြီလို့ အသိပေးမှာပါ။ ဒါဆိုရင် သင့် မျက်နှာအပြင် သင့် သူငယ်ချင်းရဲ့ မျက်နှာနဲ့လည်း သင့်ဖုန်းကို Unlock လုပ်နိုင်ပါပြီ။

သင့် သူငယ်ချင်းရဲ့ မျက်နှာကို Face ID ကနေ ဖျက်ဖို့ အတွက် Face ID & Passcode ထဲသွားပြီး Reset Face ID ကို နှိပ်ရမှာပါ။ လက်ရှိမှာတော့ သင့် သူငယ်ချင်းရဲ့ှ မျက်နှာကိုပဲ ဖျက်လို့ မရဘဲ သင့်မျက်နှာကိုပါ ဖျက်ပစ်မှာပါ။ ပြီးတော့မှ သင့်မျက်နှာကို Face ID မှာ ပြန်ထည့်ပါ။

Ref : digitaltrends

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း

%d bloggers like this: