1292 Shares 388 Views


Oct 13, 2018
1292 388




Ref : gsmarena

[Unicode]

Xiaomi Black Shark 2 ရဲ့ Hands-on Video ထွက်ပေါ်လာ

ရှောင်မီက Black Shark Gaming Phone ရဲ့ ဒုတိယ မျိုးဆက်ကို ဖန်တီးနေပါတယ်။ အခုလည်း Black Shark 2 ရဲ့ Hands-on Video တစ်ခု ထွက်ပေါ်လာပါတယ်။ ဗီဒီယိုမှာ အရောင်တောက်ပနေတဲ့ ဖုန်းရဲ့ အနောက်ဘက်မှ လိုဂိုကို မြင်ရပါတယ်။ ဘေးဘက်မှာလည်း အရောင်တောက်ပနေတဲ့ လိုင်းကြောင်းများ ပါပါတယ်။

ယခင်လကလည်း TENAA ကနေ သူ့ရဲ့ သတင်းအချက်အလက်များကို သိခဲ့ရပါတယ်။ လက်ရှိမှာ သူ့ရဲ့ အရွယ်အစား ၊ မျက်နှာပြင် အရွယ်အစား၊ ဘက်ထရီ ပမာဏများလို သတင်းအချက်အလက် အနည်းငယ်ကိုသာ သိရပါသေးတယ်။ သူဟာ ပထမမျိုးဆက်နဲ့ ဒီဇိုင်းအပိုင်းမှာ တူညီပါတယ်။ အနောက်ဘက်မှာ Pattern များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးကို ဒေါင်လိုက် ပြင်ဆင် ထည့်သွင်းထားသလို လက်ဗွေရာ အာရုံခံ ကိရိယာလည်း ပါပါတယ်။ Shark Key ကိုလည်း မူလ နေရာမှာ ထည့်သွင်းထားပါတယ်။

Black Shark 2 မှာ မူလမော်ဒယ်လိုပဲ ၅.၉၉ လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ TENAA မှာ ဖော်ပြထားပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်အစားက ပိုရှည်သွားပြီး ပိုထူလာပါတယ်။ သူဟာ မူလ Black Shark ရဲ့ မျိုးဆက်သစ် မဟုတ်ဘဲ တန်ဖိုးနည်း မော်ဒယ်လည်း ဖြစ်နိုင်ပါတယ်။ TENAA ရဲ့ စာရင်းဟာ မပြည့်စုံသေးပါဘူး။ ပြည့်စုံတဲ့ အချိန်ကျရင်တော့ သူ့ရဲ့ သတင်းအချက်အလက်များကို ပိုမို သိလာရမှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Android, Huawei, HUBS
0 shares0 views

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ

Ko Thuya - Feb 23, 2019

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
NEWS, Odd
766 shares167 views

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်

Ko Thuya - Feb 23, 2019

သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…

Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လုံးကို နှိုင်းယှဉ်ခြင်း။)
Android, Apple, FEATURES
545 shares121 views

Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လုံးကို နှိုင်းယှဉ်ခြင်း။)

Ko Thuya - Feb 22, 2019

  Samsung က ၈၉၉ ဒေါ်လာတန် Galaxy S10 နဲ့ ၉၉၉ ဒေါ်လာတန် Galaxy S10 Plus တို့အပြင် တန်ဖိုးသက်သာတဲ့ Galaxy S10E ကိုပါ ရောင်းချမှာပါ။ သူဟာ iPhone XR ကို…

Leave a Comment

Most from this category