0 Shares 85 Views
Oct 13, 2018
0 85
Ref : gsmarena
Oppo က Mobile Gaming အတွက် Hyper Boost နည်းပညာကို မိတ်ဆက်
Oppo က ရှန်ဟိုင်းမှာ Hardware Frequency ကို အဆ ၁၀၀ မြှင့်တင်ပေးနိုင်တဲ့ Hyper Boost နည်းပညာကို မိတ်ဆက်လိုက်ပါတယ်။ Oppo က ထိပ်တန်း ဂိမ်း ၁၀၀ အတွက် ဒီနည်းပညာက ထောက်ပံံ့ပေးနိုင်အောင် Tencent , Netease, Unreal , Unity အပါအဝင် ကုမ္ပဏီများစွာနဲ့ပူးပေါင်းထားပါတယ်။
Oppo က ဒီနည်းပညာက ထောက်ပံ့မယ့် အစောဆုံး ဂိမ်း ၁၁ ခုထဲမှာ PUBG နဲ့ Honor of Kings တို့ ပါဝင်တယ်လို့ ပြောပါတယ်။ Hyper Boost က WeChat, Taobao , QQ တို့လို လူမှုကွန်ရက် App များကိုလည်း လျှင်မြန်အောင် ပြုလုပ်ပေးပါတယ်။
Hyper Boost ဟာ ဟွာဝေးက သူ့ စမတ်ဖုန်းများမှာ ထည့်သွင်းပေးထားတဲ့ GPU Turbo နည်းပညာနဲ့ တူညီပါတယ်။ Hyper Boost ဟာ ဖုန်း ပိုင်ရှင်ရဲ့ အပြူအမူများကို လေ့လာမှတ်သားထားပြီး ဖုန်းရဲ့ စွမ်းရည်ကို မြင့်မားအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ဖုန်း ပိုင်ရှင် ဘယ်အချိန်မှာ ဘယ်အရာကို သုံးသလဲ ဆိုတာကို ဖုန်းက လေ့လာထားပြီး အဲဒီ အချိန်ရောက်ရင် အလုပ်များကိုကြိုလုပ်ပေးထားတဲ့သဘော ဖြစ်ပါတယ်။
ဒီနည်းပညာဟာ Games နဲ့ App များ သာမက System တစ်ခုလုံးအတွက်ပါ စွမ်းရည်မြှင့်ပေးပါတယ်။ Oppo က Loading Time ဟာ ၃၁.၉၁ ရာခိုင်နှုန်း နည်းသွားမယ်လို့ ပြောပါတယ်။
Ref : gsmarena
You may be interested
Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views
Triple Rear Cameras များပါမယ့် Motorola One Action
Ko Thuya - Jun 16, 2019
21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…
လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views
လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
Ko Thuya - Jun 16, 2019
ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Ko Thuya - Jun 16, 2019
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…
Leave a Comment
Most from this category