0 Shares 212 Views

သင့္ Google အေကာင့္ကို Password မထည့္ဘဲနဲ႔ ဘယ္လို Sign In ၀င္မလဲ ?

Oct 13, 2018
0 212

Google က သင့္အေကာင့္မ်ားကို Sign In ၀င္တဲ့အခါမွာ Password မ်ား ရိုက္ထည့္ရတဲ့ အလုပ္ရႈပ္မႈကို သက္သာေစဖို႔ စြမ္းေဆာင္ခ်က္ အသစ္တစ္ခုကို ထည့္သြင္းေပးလိုက္ပါတယ္။ အဲဒါကေတာ့ Password မ်ား မလိုဘဲ သင့္ဖုန္းနဲ႔ Sign In လုပ္ႏိုင္တာ ျဖစ္ပါတယ္။ သင့္ ပီစီ သို႔မဟုတ္ အမ်ားသံုး ပီစီ သို႔မဟုတ္ Device တစ္ခုခုကေန သင့္ Google အေကာင့္မ်ားကို Sign In ၀င္တဲ့အခါမွာ Password မ်ား ရိုက္ထည့္စရာ မလိုေတာ့ဘဲ သင့္ဖုန္း သင့္လက္ထဲမွာ ရွိေနတာနဲ႔ Sign In ၀င္ႏုိင္ပါတယ္။

Sign In Settings

အရင္ဆံုး Sign In Settings မွာ အဲဒီ စြမ္းေဆာင္ခ်က္ကို Enable လုပ္ရမွာပါ။

Android မွာ ဆိုရင္ Settings> Google > Sign In & Security ထဲသြားပါ။

iOS မွာ ဆိုရင္ Google App ကို အင္စေတာလုပ္ထားရမွာပါ။ သင့္အေကာင့္ကို Sign In ၀င္ပီးရင္ ဘယ္ဘက္အေပၚထိပ္မွ သင့္ရဲ႕ Gmail Address ကို ႏွိပ္ပါ။ Google Account Settings > Sign In & Security ထဲသြားပါ။

ဒတ္စေတာ့မွာ ဆိုရင္ ဘေရာက္စာကေန accounts.google.com ကိုသြားပါ။ Sign In & Security ထဲသြားပါ။

Device အားလံုးမွာ Sign In & Security ထဲေရာက္ရင္ Tired of typing passwords သို႔မဟုတ္ Use your phone to sign in ထဲသြားၿပီး Set Up လုပ္ပါ။

မွတ္ခ်က္ ။ ။ Tired of typing password ကို မျမင္ရရင္ Two-Step Authentication ကို Disable လုပ္ပါ။ Disable လုပ္လို႔မွ မျမင္ရေသးရင္ သင့္မွာ အဲဒီ စြမ္းေဆာင္ခ်က္ကို အသံုးျပဳလို႔ မရေသးလို႔ ျဖစ္မွာပါ။

Phone Sign In ကို Turn On လုပ္နည္း

Tired of typing password ထဲသြားရင္ သင့္ အေကာင့္ Password ကို တစ္ခါ ထည့္ေပးရမွာပါ။ ၿပီးရင္ Set Up ခလုတ္ကို ႏွိပ္ပါ။ ၿပီးရင္ေတာ့ သင့္ဖုန္းကို ေရြးခ်ယ္ေပးပါ။ သင့္ဖုန္းမွာ သင့္ Google Account ကို ထည့္ေပးထားရမွာပါ။

သင့္ဖုန္းျဖင့္ Sign In ျပဳလုပ္ျခင္း

သင့္ ကြန္ျပဴတာ သို႔မဟုတ္ အျခား Device တစ္ခုကေန သင့္ အေကာင့္ကို Sign In ၀င္တဲ့အခါမွာ အီးေမးလိပ္စာကို ထည့္ေပးရမွာပါ။ ၿပီးရင္ Next ကို ႏွိပ္ပါ။ ဂဏန္း ၂ လံုးကို ျပသေပးမွာပါ။ ၿပီးရင္ သင့္ဖုန္းမွာ Trying to sign in ဆိုတဲ့ စာသား ေပၚလာမွာပါ။ အဲဒါကို ႏွိပ္ၿပီးရင္ Yes ကို ေရြးေပးပါ။ အဲဒီေနာက္မွာ ဂဏန္း ၂ လံုးပါတဲ့ နံပါတ္ သံုးခုကို ျမင္ရမွာပါ။ ကြန္ျပဴတာမွ နံပါတ္တဲ့ တူညီတဲ့ တစ္ခုကို ႏွိပ္ေပးပါ။ ဒါဆိုရင္ ကြန္ျပဴတာမွာ သင့္အေကာင့္ကို Sign In ၀င္ေပးမွာပါ။

သင့္ ဖုန္းေပ်ာက္ေနရင္ သို႔မဟုတ္ လက္ထဲမွာ မရွိရင္

သင့္ ဖုန္းေပ်ာက္ေနရင္ သို႔မဟုတ္ လက္ထဲမွာ မရွိရင္ Sign In Screen မွာ “ Try another way to sign in “ Link ကို ႏွိပ္ပါ။ ဒါဆိုရင္ Password နဲ႔ Sign In ၀င္ႏုိင္ပါတယ္။ သင့္ ဖုန္းေပ်ာက္ေနတာ ဆိုရင္ေတာ့ Sign In ၀င္ၿပီးတဲ့အခါမွာ Sign In Settings ထဲသြားၿပီး “ Sign In with your phone “ Settings မွာ သင့္ဖုန္းကို Delete လုပ္ပါ။

ref : pc world

[Unicode]

သင့် Google အကောင့်ကို Password မထည့်ဘဲနဲ့ ဘယ်လို Sign In ဝင်မလဲ ?

Google က သင့်အကောင့်များကို Sign In ဝင်တဲ့အခါမှာ Password များ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှုကို သက်သာစေဖို့ စွမ်းဆောင်ချက် အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒါကတော့ Password များ မလိုဘဲ သင့်ဖုန်းနဲ့ Sign In လုပ်နိုင်တာ ဖြစ်ပါတယ်။ သင့် ပီစီ သို့မဟုတ် အများသုံး ပီစီ သို့မဟုတ် Device တစ်ခုခုကနေ သင့် Google အကောင့်များကို Sign In ဝင်တဲ့အခါမှာ Password များ ရိုက်ထည့်စရာ မလိုတော့ဘဲ သင့်ဖုန်း သင့်လက်ထဲမှာ ရှိနေတာနဲ့ Sign In ဝင်နိုင်ပါတယ်။

Sign In Settings

အရင်ဆုံး Sign In Settings မှာ အဲဒီ စွမ်းဆောင်ချက်ကို Enable လုပ်ရမှာပါ။

Android မှာ ဆိုရင် Settings> Google > Sign In & Security ထဲသွားပါ။

iOS မှာ ဆိုရင် Google App ကို အင်စတောလုပ်ထားရမှာပါ။ သင့်အကောင့်ကို Sign In ဝင်ပီးရင် ဘယ်ဘက်အပေါ်ထိပ်မှ သင့်ရဲ့ Gmail Address ကို နှိပ်ပါ။ Google Account Settings > Sign In & Security ထဲသွားပါ။

ဒတ်စတော့မှာ ဆိုရင် ဘရောက်စာကနေ accounts.google.com ကိုသွားပါ။ Sign In & Security ထဲသွားပါ။

Device အားလုံးမှာ Sign In & Security ထဲရောက်ရင် Tired of typing passwords သို့မဟုတ် Use your phone to sign in ထဲသွားပြီး Set Up လုပ်ပါ။

မှတ်ချက် ။ ။ Tired of typing password ကို မမြင်ရရင် Two-Step Authentication ကို Disable လုပ်ပါ။ Disable လုပ်လို့မှ မမြင်ရသေးရင် သင့်မှာ အဲဒီ စွမ်းဆောင်ချက်ကို အသုံးပြုလို့ မရသေးလို့ ဖြစ်မှာပါ။

Phone Sign In ကို Turn On လုပ်နည်း

Tired of typing password ထဲသွားရင် သင့် အကောင့် Password ကို တစ်ခါ ထည့်ပေးရမှာပါ။ ပြီးရင် Set Up ခလုတ်ကို နှိပ်ပါ။ ပြီးရင်တော့ သင့်ဖုန်းကို ရွေးချယ်ပေးပါ။ သင့်ဖုန်းမှာ သင့် Google Account ကို ထည့်ပေးထားရမှာပါ။

သင့်ဖုန်းဖြင့် Sign In ပြုလုပ်ခြင်း

သင့် ကွန်ပြူတာ သို့မဟုတ် အခြား Device တစ်ခုကနေ သင့် အကောင့်ကို Sign In ဝင်တဲ့အခါမှာ အီးမေးလိပ်စာကို ထည့်ပေးရမှာပါ။ ပြီးရင် Next ကို နှိပ်ပါ။ ဂဏန်း ၂ လုံးကို ပြသပေးမှာပါ။ ပြီးရင် သင့်ဖုန်းမှာ Trying to sign in ဆိုတဲ့ စာသား ပေါ်လာမှာပါ။ အဲဒါကို နှိပ်ပြီးရင် Yes ကို ရွေးပေးပါ။ အဲဒီနောက်မှာ ဂဏန်း ၂ လုံးပါတဲ့ နံပါတ် သုံးခုကို မြင်ရမှာပါ။ ကွန်ပြူတာမှ နံပါတ်တဲ့ တူညီတဲ့ တစ်ခုကို နှိပ်ပေးပါ။ ဒါဆိုရင် ကွန်ပြူတာမှာ သင့်အကောင့်ကို Sign In ဝင်ပေးမှာပါ။

သင့် ဖုန်းပျောက်နေရင် သို့မဟုတ် လက်ထဲမှာ မရှိရင်

သင့် ဖုန်းပျောက်နေရင် သို့မဟုတ် လက်ထဲမှာ မရှိရင် Sign In Screen မှာ “ Try another way to sign in “ Link ကို နှိပ်ပါ။ ဒါဆိုရင် Password နဲ့ Sign In ဝင်နိုင်ပါတယ်။ သင့် ဖုန်းပျောက်နေတာ ဆိုရင်တော့ Sign In ဝင်ပြီးတဲ့အခါမှာ Sign In Settings ထဲသွားပြီး “ Sign In with your phone “ Settings မှာ သင့်ဖုန်းကို Delete လုပ်ပါ။

ref : pc world

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category