0 Shares 273 Views

Samsung က သူ႔ရဲ႕ ေကြးညႊတ္ႏုိင္တဲ့ ဖုန္းကို တက္ဘလက္လိုပါ သံုးႏုိင္မယ္လို႔ ေျပာ

Oct 13, 2018
0 273

ဆမ္ေဆာင္းရဲ႕ မိုဘိုင္း ဌာနမွ အႀကီးအကဲ ျဖစ္သူ DJ Koh က ကာလရွည္ၾကာ သတင္းထြက္ေနတဲ့ ေကြးညႊတ္ စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္ အခ်ိဳ႕ကို ေျပာလိုက္ပါတယ္။ သူက သူ႔ရဲ႕ ေကြးညႊတ္ႏုိင္တဲ့ ဖုန္းကို တက္ဘလက္လိုပါ သံုးႏုိင္မွာ ျဖစ္ၿပီး ေခါက္ခ်ိဳး၍ အိတ္ကပ္ထဲကို ထည့္သြားႏုိင္မယ္လို႔ Cnet ကို ေျပာပါတယ္။ ျဖန္႔လိုက္ရင္ စကရင္ အရြယ္အစားက ႀကီးသြားၿပီး Multi-tasking ျပဳလုပ္လို႔ ေကာင္းပါတယ္။

သူက ႏုိ၀င္ဘာလ ၇ ရက္ေန႔မွာ က်င္းပမယ့္ Samsung Developer Conference မွာ အဲဒီ ဖုန္းကို ျပသမယ္လို႔ ယခင္က ေျပာထားဖူးပါတယ္။ မေၾကညာခင္မွာ ဖုန္းကို စံႏႈန္းျပည့္ေအာင္ ဖန္တီးမွာ ျဖစ္ပါတယ္။ သူက “ ေကြးညႊတ္ ဖုန္းဟာ စားသံုးသူမ်ားအတြက္ အက်ိဳးရွိရပါမယ္။ အက်ိဳးမရွိရင္ေတာ့ ဒီလို ထုတ္ကုန္မ်ိဳးကို မဖန္တီးပါဘူး။ “ လို႔ ေျပာပါတယ္။

ဖုန္း ကုမၸဏီမ်ားစြာက ဒီလို ေကြးညႊတ္ စမတ္ဖုန္းမ်ိဳးကို ဖန္တီးေနၾကပါတယ္။ ဟြာေ၀းကလည္း ၂၀၁၉ ခုႏွစ္မွာ ေကြးညႊတ္ စမတ္ဖုန္းကို အကန္႔အသတ္ျဖင့္ ေရာင္းခ်ဖို႔ စီစဥ္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။ Lenovo နဲ႔ Xiaomi တို႔ကလည္း သူတို႔ ဖန္တီးေနေၾကာင္း အရိပ္အျမြက္ ေျပာထားပါတယ္။ LG ကလည္း ေကြးညႊတ္ မ်က္ႏွာျပင္မ်ားကို ဖန္တီးေနၿပီး ယခုႏွစ္ အေစာပိုင္းမွာ စကၠဴလို ေခါက္လိပ္ႏုိင္တဲ့ Concept TV ကို ျပသခဲ့ပါတယ္။

Samsung က သူ႔ရဲ႕ Developer Conference မွာ ဟာ့ဒ္၀ဲ ထုတ္ကုန္ အသစ္မ်ားကို ေၾကညာေလ့ မရွိပါဘူး။ အဲဒီပြဲမွာ ေကြးညႊတ္ ဖုန္းရဲ႕ နမူနာ ေမာ္ဒယ္ကိုသာ ျပသႏုိင္ၿပီး ေရာင္းတန္း၀င္ ေမာ္ဒယ္ကို ေနာက္ပိုင္းမွသာ ေၾကညာႏုိင္ပါတယ္။

Ref : theverge

[Unicode]

Samsung က သူ့ရဲ့ ကွေးညွှတ်နိုင်တဲ့ ဖုန်းကို တက်ဘလက်လိုပါ သုံးနိုင်မယ်လို့ ပြော

ဆမ်ဆောင်းရဲ့ မိုဘိုင်း ဌာနမှ အကြီးအကဲ ဖြစ်သူ DJ Koh က ကာလရှည်ကြာ သတင်းထွက်နေတဲ့ ကွေးညွှတ် စမတ်ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို ပြောလိုက်ပါတယ်။ သူက သူ့ရဲ့ ကွေးညွှတ်နိုင်တဲ့ ဖုန်းကို တက်ဘလက်လိုပါ သုံးနိုင်မှာ ဖြစ်ပြီး ခေါက်ချိုး၍ အိတ်ကပ်ထဲကို ထည့်သွားနိုင်မယ်လို့ Cnet ကို ပြောပါတယ်။ ဖြန့်လိုက်ရင် စကရင် အရွယ်အစားက ကြီးသွားပြီး Multi-tasking ပြုလုပ်လို့ ကောင်းပါတယ်။

သူက နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် Samsung Developer Conference မှာ အဲဒီ ဖုန်းကို ပြသမယ်လို့ ယခင်က ပြောထားဖူးပါတယ်။ မကြေညာခင်မှာ ဖုန်းကို စံနှုန်းပြည့်အောင် ဖန်တီးမှာ ဖြစ်ပါတယ်။ သူက “ ကွေးညွှတ် ဖုန်းဟာ စားသုံးသူများအတွက် အကျိုးရှိရပါမယ်။ အကျိုးမရှိရင်တော့ ဒီလို ထုတ်ကုန်မျိုးကို မဖန်တီးပါဘူး။ “ လို့ ပြောပါတယ်။

ဖုန်း ကုမ္ပဏီများစွာက ဒီလို ကွေးညွှတ် စမတ်ဖုန်းမျိုးကို ဖန်တီးနေကြပါတယ်။ ဟွာဝေးကလည်း ၂၀၁၉ ခုနှစ်မှာ ကွေးညွှတ် စမတ်ဖုန်းကို အကန့်အသတ်ဖြင့် ရောင်းချဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။ Lenovo နဲ့ Xiaomi တို့ကလည်း သူတို့ ဖန်တီးနေကြောင်း အရိပ်အမြွက် ပြောထားပါတယ်။ LG ကလည်း ကွေးညွှတ် မျက်နှာပြင်များကို ဖန်တီးနေပြီး ယခုနှစ် အစောပိုင်းမှာ စက္ကူလို ခေါက်လိပ်နိုင်တဲ့ Concept TV ကို ပြသခဲ့ပါတယ်။

Samsung က သူ့ရဲ့ Developer Conference မှာ ဟာ့ဒ်ဝဲ ထုတ်ကုန် အသစ်များကို ကြေညာလေ့ မရှိပါဘူး။ အဲဒီပွဲမှာ ကွေးညွှတ် ဖုန်းရဲ့ နမူနာ မော်ဒယ်ကိုသာ ပြသနိုင်ပြီး ရောင်းတန်းဝင် မော်ဒယ်ကို နောက်ပိုင်းမှသာ ကြေညာနိုင်ပါတယ်။

Ref : theverge

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category