0 Shares 10 Views

စမတ္ဖုန္းကေန ကားကို ထိန္းခ်ဳပ္ေမာင္းႏွင္ႏိုင္မယ့္ Ford ရဲ႕ နည္းပညာ

Oct 13, 2018
0 10

ဖို႔ဒ္က စမတ္ဖုန္းကေန ေမာင္းသူမဲ့ ကားကို အေ၀းကေန ထိန္းခ်ဳပ္ေမာင္းႏွင္ႏိုင္တဲ့ နည္းပညာ Patent ၂ ခုကို မွတ္ပံုတင္လိုက္ပါတယ္။ ဒီလို ထိန္းခ်ဳပ္ေမာင္းႏွင္ဖို႔ နည္းလမ္း ႏွစ္ခုရွိပါတယ္။ ပထမတစ္ခုက Ford ရဲ႕ App က စကရင္မွာ Virtual Steering Wheel ကုိ ျပသထားပါတယ္။ သင္က လက္ေခ်ာင္းျဖင့္ထိန္းခ်ဳပ္ေမာင္းႏွင္ရမွာပါ။ Tomorrow Never Dies ရုပ္ရွင္ထဲက Pierce Brosnan က သူ႔ရဲ႕ BMW ကို ထိန္းခ်ဳပ္ေမာင္းႏွင္သလိုမ်ိဳးေပါ့။

ဒုတိယ နည္းလမ္းက သင့္ စမတ္ဖုန္းကို ဘယ္၊ ညာ ေ၀ွ႔ယမ္းျခင္းျဖင့္ ကားကို ထိန္းခ်ဳပ္ႏုိင္တာ ျဖစ္ပါတယ္။ နည္းလမ္း ၂ ခုစလံုးမွာ ကားရဲ႕ အျမန္ႏႈန္းနဲ႔ ဘရိတ္စနစ္ကိုေတာ့ သင္က ထိန္းခ်ဳပ္ႏိုင္မွာ မဟုတ္ဘဲ ကားကသာ ကိုင္တြယ္မွာ ျဖစ္ပါတယ္။ သင္က ကားရဲ႕ ဦးတည္ရာကိုသာ ထိန္းခ်ဳပ္ႏိုင္ပါတယ္။

ဖို႔ဒ္က ေမာင္းသူမဲ့ကားနည္းပညာမွာ ေငြေၾကးမ်ားစြာ ရင္းႏွီးျမွပ္ႏွံထားပါတယ္။ ယခုႏွစ္ အေစာပိုင္းမွာ ေမာင္းသူမဲ့ ကားမ်ား ဖန္တီးဖို႔အတြက္ သီးျခား ကုမၸဏီတစ္ခုကို တည္ေထာင္ခဲ့ပါတယ္။ အဲဒီ အခ်ိန္က ကုမၸဏီရဲ႕ အရာရွိမ်ားက ေမာင္းသူမဲ့ ကား ေစ်းကြက္ဟာ အနာဂတ္မွာ အလြန္ ႀကီးထြားလာမယ္လို႔ ေျပာခဲ့ပါတယ္။

“ Ford ဟာ ေမာင္းသူမဲ့ ကား အစိတ္အပိုင္းမ်ားကေန ေစ်းကြက္ထဲအထိ ေရာင္းခ်ႏုိင္တဲ့ ေမာ္ဒယ္မ်ားအထိ ထုတ္လုပ္ေရာင္းခ်ႏုိင္ဖို႔အတြက္ တိုးတက္မႈမ်ားစြာ ရရွိေနပါၿပီ။ “ လို႔ ဖို႔ဒ္ရဲ႕ စီအီးအို Jim Hackett က ေျပာပါတယ္။

Ref : techradar

[Unicode]

စမတ်ဖုန်းကနေ ကားကို ထိန်းချုပ်မောင်းနှင်နိုင်မယ့် Ford ရဲ့ နည်းပညာ

ဖို့ဒ်က စမတ်ဖုန်းကနေ မောင်းသူမဲ့ ကားကို အဝေးကနေ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ နည်းပညာ Patent ၂ ခုကို မှတ်ပုံတင်လိုက်ပါတယ်။ ဒီလို ထိန်းချုပ်မောင်းနှင်ဖို့ နည်းလမ်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုက Ford ရဲ့ App က စကရင်မှာ Virtual Steering Wheel ကို ပြသထားပါတယ်။ သင်က လက်ချောင်းဖြင့်ထိန်းချုပ်မောင်းနှင်ရမှာပါ။ Tomorrow Never Dies ရုပ်ရှင်ထဲက Pierce Brosnan က သူ့ရဲ့ BMW ကို ထိန်းချုပ်မောင်းနှင်သလိုမျိုးပေါ့။

ဒုတိယ နည်းလမ်းက သင့် စမတ်ဖုန်းကို ဘယ်၊ ညာ ဝှေ့ယမ်းခြင်းဖြင့် ကားကို ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။ နည်းလမ်း ၂ ခုစလုံးမှာ ကားရဲ့ အမြန်နှုန်းနဲ့ ဘရိတ်စနစ်ကိုတော့ သင်က ထိန်းချုပ်နိုင်မှာ မဟုတ်ဘဲ ကားကသာ ကိုင်တွယ်မှာ ဖြစ်ပါတယ်။ သင်က ကားရဲ့ ဦးတည်ရာကိုသာ ထိန်းချုပ်နိုင်ပါတယ်။

ဖို့ဒ်က မောင်းသူမဲ့ကားနည်းပညာမှာ ငွေကြေးများစွာ ရင်းနှီးမြှပ်နှံထားပါတယ်။ ယခုနှစ် အစောပိုင်းမှာ မောင်းသူမဲ့ ကားများ ဖန်တီးဖို့အတွက် သီးခြား ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဲဒီ အချိန်က ကုမ္ပဏီရဲ့ အရာရှိများက မောင်းသူမဲ့ ကား ဈေးကွက်ဟာ အနာဂတ်မှာ အလွန် ကြီးထွားလာမယ်လို့ ပြောခဲ့ပါတယ်။

“ Ford ဟာ မောင်းသူမဲ့ ကား အစိတ်အပိုင်းများကနေ ဈေးကွက်ထဲအထိ ရောင်းချနိုင်တဲ့ မော်ဒယ်များအထိ ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက် တိုးတက်မှုများစွာ ရရှိနေပါပြီ။ “ လို့ ဖို့ဒ်ရဲ့ စီအီးအို Jim Hackett က ပြောပါတယ်။

Ref : techradar

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category