237 Shares 86 Views

Facebook က Messenger အတြက္ Unsend Feature ကို စမ္းသပ္ေန

Oct 13, 2018
237 86

ယခုႏွစ္ အေစာပိုင္းက စီအီးအို မတ္ဇူကာဘတ္ မက္ဆင္ဂ်ာမွာ ေပးပို႔ထားတဲ့ Messages အေဟာင္းမ်ားကို ဖ်က္ပစ္ခဲ့တယ္လို႔ Facebook က ေျပာခဲ့ဖူးပါတယ္။ အဲဒီလိုမ်ိဳးကို အျခား Facebook Users မ်ားက မျပဳလုပ္နိုင္ပါဘူး။ သင္က လူတစ္ဦးထံ ေပးပို႔လိုက္တဲ့ မက္ေဆ့မ်ားကို ဖ်က္လိုက္ရင္ေတာင္ အဲဒီ လူထံမွာ သင့္ရဲ႕ မက္ေဆ့မ်ား ရွိေနပါေသးတယ္။

ဧၿပီလတုန္းက Facebook က User အားလံုးအတြက္ Unsend Feature ကို ထည့္သြင္းေပးဖို႔ စမ္းသပ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ အေသးစိတ္ သတင္းအခ်က္အလက္မ်ားနဲ႔ ျဖန္႔ခ်ီေပးမယ့္ အခ်ိန္ကို မေျပာၾကားခဲ့ပါဘူး။ အခုေတာ့ Facebook က Unsend Feature ကို စမ္းသပ္ေနတယ္လို႔ သိရပါတယ္။ TechCrunch က အဲဒီ လုပ္ေဆာင္ခ်က္ကို ေတြ႕ရွိေနၿပီလို႔ ေျပာပါတယ္။

Android မွ Unsend Feature ရဲ႕ Screenshot မ်ားလည္း ထြက္ေပၚလာပါတယ္။ Conversation တစ္ခုမွ မက္ေဆ့တစ္ခုကို Edit ျပဳလုပ္တဲ့ အခါမွာ Unsend Message Option ေပၚလာမွာ ျဖစ္ပါတယ္။ သူ႔ကို ေရြးခ်ယ္လိုက္ရင္ “Your message will be removed from the chat, and you.” ဆိုတဲ့ စာသား ေပၚလာမွာ ျဖစ္ပါတယ္။

Gmail ရဲ႕ Undo Send Feature လိုပဲ Unsend Message မွာလည္း အခ်ိန္ကန္႔သတ္ခ်က္ ပါမယ္လို႔ သိရပါတယ္။ Gmail မွာေတာ့ အီးေမး ေပးပို႔ၿပီး ၃၀ စကၠန္႔အတြင္းမွာ Unsend ျပဳလုပ္ႏုိင္တာ ျဖစ္ပါတယ္။ Messenger ရဲ႕ Unsend Feature အတြက္ အခ်ိန္ကန္႔သတ္ခ်က္ကို မသိရေသးပါဘူး။

Ref : theverge

[Unicode]

Facebook က Messenger အတွက် Unsend Feature ကို စမ်းသပ်နေ

ယခုနှစ် အစောပိုင်းက စီအီးအို မတ်ဇူကာဘတ် မက်ဆင်ဂျာမှာ ပေးပို့ထားတဲ့ Messages အဟောင်းများကို ဖျက်ပစ်ခဲ့တယ်လို့ Facebook က ပြောခဲ့ဖူးပါတယ်။ အဲဒီလိုမျိုးကို အခြား Facebook Users များက မပြုလုပ်နိုင်ပါဘူး။ သင်က လူတစ်ဦးထံ ပေးပို့လိုက်တဲ့ မက်ဆေ့များကို ဖျက်လိုက်ရင်တောင် အဲဒီ လူထံမှာ သင့်ရဲ့ မက်ဆေ့များ ရှိနေပါသေးတယ်။

ဧပြီလတုန်းက Facebook က User အားလုံးအတွက် Unsend Feature ကို ထည့်သွင်းပေးဖို့ စမ်းသပ်နေတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ် သတင်းအချက်အလက်များနဲ့ ဖြန့်ချီပေးမယ့် အချိန်ကို မပြောကြားခဲ့ပါဘူး။ အခုတော့ Facebook က Unsend Feature ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ TechCrunch က အဲဒီ လုပ်ဆောင်ချက်ကို တွေ့ရှိနေပြီလို့ ပြောပါတယ်။

Android မှ Unsend Feature ရဲ့ Screenshot များလည်း ထွက်ပေါ်လာပါတယ်။ Conversation တစ်ခုမှ မက်ဆေ့တစ်ခုကို Edit ပြုလုပ်တဲ့ အခါမှာ Unsend Message Option ပေါ်လာမှာ ဖြစ်ပါတယ်။ သူ့ကို ရွေးချယ်လိုက်ရင် “Your message will be removed from the chat, and you.” ဆိုတဲ့ စာသား ပေါ်လာမှာ ဖြစ်ပါတယ်။

Gmail ရဲ့ Undo Send Feature လိုပဲ Unsend Message မှာလည်း အချိန်ကန့်သတ်ချက် ပါမယ်လို့ သိရပါတယ်။ Gmail မှာတော့ အီးမေး ပေးပို့ပြီး ၃၀ စက္ကန့်အတွင်းမှာ Unsend ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ Messenger ရဲ့ Unsend Feature အတွက် အချိန်ကန့်သတ်ချက်ကို မသိရသေးပါဘူး။

Ref : theverge

You may be interested

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Android, Huawei, HUBS
0 shares0 views

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ

Ko Thuya - Feb 23, 2019

ၿပီးခဲ့တဲ့ ရက္ပိုင္းက ဆမ္ေဆာင္းက ေခါက္ခ်ိဳး စမတ္ဖုန္း Galaxy Fold ကို ေၾကညာခဲ့ပါတယ္။ ဟြာေ၀းကလည္း မၾကာခင္မွာ သူ႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းရဲ႕ ပိုစတာတစ္ခု ေပါက္ၾကားထြက္ေပၚလာပါတယ္။ တြစ္တာမွာ…

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္
NEWS, Odd
766 shares167 views

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္

Ko Thuya - Feb 23, 2019

သတင္းေခါင္းစဥ္ကို ဖတ္ၿပီး စာဖတ္သူ မွားေနတယ္လို႔ မေျပာၾကပါနဲ႔။ ဒါ အမွန္ပါ။ သုေတသန ကုမၸဏီ Open Signal ရဲ႕ က ႏိုင္ငံေပါင္း ၇၇ ႏိုင္ငံရဲ႕ 4G အင္တာနက္ အျမန္ႏႈန္းမ်ားကို တိုင္းတာခဲ့ၾကပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ…

Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လံုးကို ႏိႈင္းယွဥ္ျခင္း။)
Android, Apple, FEATURES
545 shares121 views

Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လံုးကို ႏိႈင္းယွဥ္ျခင္း။)

Ko Thuya - Feb 22, 2019

  Samsung က ၈၉၉ ေဒၚလာတန္ Galaxy S10 နဲ႔ ၉၉၉ ေဒၚလာတန္ Galaxy S10 Plus တို႔အျပင္ တန္ဖိုးသက္သာတဲ့ Galaxy S10E ကိုပါ ေရာင္းခ်မွာပါ။ သူဟာ iPhone XR ကို…

Leave a Comment

Most from this category