317 Shares 108 Views

Apple ID ကို သံုးၿပီး ေငြ ခိုးယူမႈမ်ား ျဖစ္ပြားေန

Oct 12, 2018
317 108

တရုတ္ရဲ႕ အႀကီးမားဆံုး ဒစ္ဂ်စ္တယ္ ေငြေပးေခ်မႈ ၀န္ေဆာင္မႈမ်ား ျဖစ္တဲ့ Alipay နဲ႔ WeChat Pay တို႔က သူခိုးမ်ားဟာ Username/ Password မ်ား ေပါက္ၾကားေနတဲ့ Apple ID မ်ားကို အသံုးျပဳ၍ ပိုင္ရွင္မ်ားရဲ႕ အေကာင့္မ်ားကေန အြန္လိုင္းမွာ ကုန္ပစၥည္းမ်ား ၀ယ္ယူေနၾကတယ္လို႔ သတိိေပးလိုက္ပါတယ္။ Alipay က အိုင္ဖုန္းမ်ားနဲ႔ ပတ္သက္တဲ့ လံုျခံဳေရး နည္းလမ္းမ်ားကို ညႊန္ၾကားေပးေနၿပီး ဒီျပႆနာကို ေျဖရွင္းဖို႔ Apple အား ဆက္သြယ္မႈမ်ား ျပဳလုပ္ထားတယ္လို႔ ေျပာပါတယ္။ WeChat Pay ကို ပိုင္တဲ့ Tencent က ဒီျပႆနာအား Bloomberg ကို အတည္ျပဳခဲ့ပါတယ္။

“ Apple က ဒီျပႆနာကို မေျဖရွင္းရင္ Alipay , WePay , Credit Cards မ်ား အပါအ၀င္ ဒစ္ဂ်စ္တယ္ ေငြေပးေခ်မႈစနစ္မ်ားနဲ႔ Apple ID ကို ခ်ိတ္ဆက္ထားတဲ့ Users မ်ားရဲ႕ ေငြေၾကးမ်ားဟာ အခိုးခံရႏုိင္ပါတယ္။ “ လို႔ Alipay က ေရးသားထားေၾကာင္း Bloomberg က ဘာသာျပန္ထားပါတယ္။

ဒီျပႆနာဟာ ဘယ္ေလာက္ ႀကီးထြားေနၿပီး ေငြပမာဏ ဘယ္ေလာက္ ခုိးယူခံေနရသလဲ ဆိုတာကို မသိရေသးပါဘူး။ Reuters က အခ်ိဳ႕လူမ်ားဟာ ၂၀၀၀ ယြမ္ သို႔မဟုတ္ ၂၉၀ ေဒၚလာ ၀န္းက်င္ အထိ ခိုးယူခံလိုက္ရတယ္လို႔ တရုတ္ မီဒီယာတစ္ခုက ေဖာ္ျပထားေၾကာင္း ေျပာပါတယ္။ ဒီျပႆနာနဲ႔ ရင္းႏွီးတဲ့ သတင္းအရင္းအျမစ္တစ္ခုကေတာ့ Apple ဟာ ခိုးယူခံလိုက္ရတဲ့ ေငြမ်ားကို ျပန္ေလ်ာ္ေပးဖို႔ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။

ဒီျပႆနာဟာ Apple ID စနစ္ရဲ႕ လံုျခံဳေရး ဟာကြက္ေၾကာင့္ ျဖစ္တာလားဆိုတာကို မသိရေသးပါဘူး။ Apple ရဲ႕ ေျပာေရးဆိုခြင့္ ရွိသူက ကုမၸဏီဟာ ေဖာက္သည္မ်ားအား အားေကာင္းတဲ့ Password မ်ား ထားဖို႔နဲ႔ Two-factor Authentication ကို သံုးဖို႔ သတိေပးထားေၾကာင္း ေျပာပါတယ္။

Ref : theverge

[Unicode]

Apple ID ကို သုံးပြီး ငွေ ခိုးယူမှုများ ဖြစ်ပွားနေ

တရုတ်ရဲ့ အကြီးမားဆုံး ဒစ်ဂျစ်တယ် ငွေပေးချေမှု ဝန်ဆောင်မှုများ ဖြစ်တဲ့ Alipay နဲ့ WeChat Pay တို့က သူခိုးများဟာ Username/ Password များ ပေါက်ကြားနေတဲ့ Apple ID များကို အသုံးပြု၍ ပိုင်ရှင်များရဲ့ အကောင့်များကနေ အွန်လိုင်းမှာ ကုန်ပစ္စည်းများ ဝယ်ယူနေကြတယ်လို့ သတိပေးလိုက်ပါတယ်။ Alipay က အိုင်ဖုန်းများနဲ့ ပတ်သက်တဲ့ လုံခြုံရေး နည်းလမ်းများကို ညွှန်ကြားပေးနေပြီး ဒီပြဿနာကို ဖြေရှင်းဖို့ Apple အား ဆက်သွယ်မှုများ ပြုလုပ်ထားတယ်လို့ ပြောပါတယ်။ WeChat Pay ကို ပိုင်တဲ့ Tencent က ဒီပြဿနာအား Bloomberg ကို အတည်ပြုခဲ့ပါတယ်။

“ Apple က ဒီပြဿနာကို မဖြေရှင်းရင် Alipay , WePay , Credit Cards များ အပါအဝင် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်များနဲ့ Apple ID ကို ချိတ်ဆက်ထားတဲ့ Users များရဲ့ ငွေကြေးများဟာ အခိုးခံရနိုင်ပါတယ်။ “ လို့ Alipay က ရေးသားထားကြောင်း Bloomberg က ဘာသာပြန်ထားပါတယ်။

ဒီပြဿနာဟာ ဘယ်လောက် ကြီးထွားနေပြီး ငွေပမာဏ ဘယ်လောက် ခိုးယူခံနေရသလဲ ဆိုတာကို မသိရသေးပါဘူး။ Reuters က အချို့လူများဟာ ၂၀၀၀ ယွမ် သို့မဟုတ် ၂၉၀ ဒေါ်လာ ဝန်းကျင် အထိ ခိုးယူခံလိုက်ရတယ်လို့ တရုတ် မီဒီယာတစ်ခုက ဖော်ပြထားကြောင်း ပြောပါတယ်။ ဒီပြဿနာနဲ့ ရင်းနှီးတဲ့ သတင်းအရင်းအမြစ်တစ်ခုကတော့ Apple ဟာ ခိုးယူခံလိုက်ရတဲ့ ငွေများကို ပြန်လျော်ပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

ဒီပြဿနာဟာ Apple ID စနစ်ရဲ့ လုံခြုံရေး ဟာကွက်ကြောင့် ဖြစ်တာလားဆိုတာကို မသိရသေးပါဘူး။ Apple ရဲ့ ပြောရေးဆိုခွင့် ရှိသူက ကုမ္ပဏီဟာ ဖောက်သည်များအား အားကောင်းတဲ့ Password များ ထားဖို့နဲ့ Two-factor Authentication ကို သုံးဖို့ သတိပေးထားကြောင်း ပြောပါတယ်။

Ref : theverge

You may be interested

OnePlus 5 နဲ႕ 5T အတြက္ Android 9 Pie Open Beta စတင္ ရရွိ
Mobiles & Tablets, NEWS, Softwares & Application
0 shares0 views

OnePlus 5 နဲ႕ 5T အတြက္ Android 9 Pie Open Beta စတင္ ရရွိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ႕ 5T ကိုင္ေနသူေတြအတြက္ သတင္းေကာင္းပါ။ ဒီဖုန္းႏွစ္လုံးအတြက္ Android 9 Pie Oxygen OS Open Beta ေတြကို ထုတ္ေပးလိုက္ျပီျဖစ္ေၾကာင္း OnePlus ဖိုရမ္မွာ ကုမၸဏီအဖြဲ႕ဝင္တေယာက္က တင္ထားပါတယ္။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
71 shares12 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ျပင္သစ္ အေရာင္းဆိုင္ Boulanger က စာရင္းတင္လိုက္ပါတယ္။ ဟြာေ၀းကေတာ့ တရား၀င္ ေၾကညာျခင္း မရွိေသးပါဘူး။ အခုေတာ့ ၀က္ဘ္စာမ်က္ႏွာကို ဖယ္ရွားလိုက္ေပမယ့္ သူ႔ရဲ႕ Specs မ်ားကို သိလိုက္ရပါတယ္။ သူ႔မွာ ၆.၂…

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာမႈေၾကာင့္ ကုမၸဏီရဲ႕ စီအီးအိုကို လႊတ္ေတာ္က ဆင့္ေခၚ
Google, HUBS, NEWS
0 shares4 views

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာမႈေၾကာင့္ ကုမၸဏီရဲ႕ စီအီးအိုကို လႊတ္ေတာ္က ဆင့္ေခၚ

Ko Thuya - Dec 12, 2018

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာတာနဲ႔ ပတ္သက္ၿပီး အေမရိကန္ လႊတ္ေတာ္က ဂူဂယ္လ္ရဲ႕ စီအီးအို ျဖစ္သူ Pichai ကို ဆင့္ေခၚ ေမးျမန္းလိုက္ပါတယ္။ Search Engine ရဲ႕…

Leave a Comment

Most from this category