60 Shares 42 Views

Garmin က အၾကမ္းခံ စမတ္နာရီကို ျပသ

Oct 12, 2018
60 42

Garmin က Instinct အမည္ရ GPS Watch အသစ္တစ္ခုကို ေၾကညာလိုက္ပါတယ္။ ေျပးျခင္း၊ လမ္းၾကမ္း စက္ဘီးစီးျခင္းမ်ားလို ေနအိမ္ျပင္ပ လႈပ္ရွားမႈမ်ားအတြက္ အၾကမ္းခံေအာင္ ဒီဇိုင္းထုတ္ထားပါတယ္ သူ႔မွာ 3-Axis Compass, Barometric Altimeter နဲ႔ GPS , GLONASS နဲ႔ Galileo တို႔လို ၿဂိဳလ္တု အေျချပဳ တည္ေနရာ ညႊန္ျပမႈ စနစ္မ်ားစြာ ပါပါတယ္။

မ်ားစြာေသာ Navigation System မ်ား ထည့္သြင္းထားျခင္းေၾကာင့္ နာရီ ၀တ္ဆင္သူဟာ ေ၀းလံေခါင္ဖ်ားတဲ့ ေနရာမ်ား သြားရင္ေတာင္ သူ႔ရဲ႕ တည္ေနရာကို တိက်စြာ သိႏုိင္ပါတယ္။ သင္ စတင္ ထြက္ခြာလာတဲ့ ေနရာကို ျပန္လည္ လမ္းညႊန္ေပးတဲ့ Garmin ရဲ႕ TracBack လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။

စမတ္နာရီမွာ ႏွလံုးခုန္ႏႈန္း တိုင္းတာေပးတဲ့ ဆန္ဆာမ်ားပါပါတယ္။ နာရီက ေလာင္ကြ်မ္းသြားတဲ့ ကယ္လိုရီ၊ အိပ္စက္မႈ အေျခအေန၊ စိတ္ဖိအား၊ ကိုယ္လက္လႈပ္ရွားမႈမ်ားကို တိုင္းတာေပးႏုိင္ပါတယ္။ Sports App မ်ားစြာလည္း ထည့္ထားပါတယ္။ Garmin က အပူခ်ိန္၊ တုန္ခါမႈ၊ ေရစိုခံမႈမ်ား အတြက္ စစ္တပ္ စံႏႈန္း ရွိတယ္လို႔ ေျပာပါတယ္။ ေရအနက္ ၁၀၀ မီတာအထိ ၀တ္ဆင္ ႏုိင္ပါတယ္။ ဓါတုေဗဒ ပစၥည္းမ်ားရဲ႕ ဖ်က္ဆီးျခင္းနဲ႔ ျခစ္ရာမ်ားကိုလည္း ခံႏုိင္ပါတယ္။

Smartwatch Mode မွာ ၁၄ ရက္နဲ႔ GPS Mode မွာ ၁၆ နာရီ အသံုးခံပါတယ္။ မလိုအပ္တဲ့ အခ်ိန္မွာ GPS ကို ပိတ္ထားတဲ့ UltraTrac Mode မွာ ၄၀ နာရီ အသံုးခံပါတယ္။ ဖုန္းနဲ႔ သူ႔ကို ခ်ိတ္ဆက္ႏုိင္ၿပီး ဖုန္းမွ Notifications မ်ားကို နာရီမွာ ၾကည့္ႏုိင္ပါတယ္။ စမတ္နာရီကို ၃၀၀ ေဒၚလာ သတ္မွတ္ထားပါတယ္။

Ref : theverge

[Unicode ]

Garmin က အကြမ်းခံ စမတ်နာရီကို ပြသ

Garmin က Instinct အမည်ရ GPS Watch အသစ်တစ်ခုကို ကြေညာလိုက်ပါတယ်။ ပြေးခြင်း၊ လမ်းကြမ်း စက်ဘီးစီးခြင်းများလို နေအိမ်ပြင်ပ လှုပ်ရှားမှုများအတွက် အကြမ်းခံအောင် ဒီဇိုင်းထုတ်ထားပါတယ် သူ့မှာ 3-Axis Compass, Barometric Altimeter နဲ့ GPS , GLONASS နဲ့ Galileo တို့လို ဂြိုလ်တု အခြေပြု တည်နေရာ ညွှန်ပြမှု စနစ်များစွာ ပါပါတယ်။

များစွာသော Navigation System များ ထည့်သွင်းထားခြင်းကြောင့် နာရီ ဝတ်ဆင်သူဟာ ဝေးလံခေါင်ဖျားတဲ့ နေရာများ သွားရင်တောင် သူ့ရဲ့ တည်နေရာကို တိကျစွာ သိနိုင်ပါတယ်။ သင် စတင် ထွက်ခွာလာတဲ့ နေရာကို ပြန်လည် လမ်းညွှန်ပေးတဲ့ Garmin ရဲ့ TracBack လုပ်ဆောင်ချက်လည်း ပါပါတယ်။

စမတ်နာရီမှာ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ ဆန်ဆာများပါပါတယ်။ နာရီက လောင်ကျွမ်းသွားတဲ့ ကယ်လိုရီ၊ အိပ်စက်မှု အခြေအနေ၊ စိတ်ဖိအား၊ ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ Sports App များစွာလည်း ထည့်ထားပါတယ်။ Garmin က အပူချိန်၊ တုန်ခါမှု၊ ရေစိုခံမှုများ အတွက် စစ်တပ် စံနှုန်း ရှိတယ်လို့ ပြောပါတယ်။ ရေအနက် ၁၀၀ မီတာအထိ ဝတ်ဆင် နိုင်ပါတယ်။ ဓါတုဗေဒ ပစ္စည်းများရဲ့ ဖျက်ဆီးခြင်းနဲ့ ခြစ်ရာများကိုလည်း ခံနိုင်ပါတယ်။

Smartwatch Mode မှာ ၁၄ ရက်နဲ့ GPS Mode မှာ ၁၆ နာရီ အသုံးခံပါတယ်။ မလိုအပ်တဲ့ အချိန်မှာ GPS ကို ပိတ်ထားတဲ့ UltraTrac Mode မှာ ၄၀ နာရီ အသုံးခံပါတယ်။ ဖုန်းနဲ့ သူ့ကို ချိတ်ဆက်နိုင်ပြီး ဖုန်းမှ Notifications များကို နာရီမှာ ကြည့်နိုင်ပါတယ်။ စမတ်နာရီကို ၃၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : theverge

You may be interested

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Android, Huawei, HUBS
0 shares0 views

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ

Ko Thuya - Feb 23, 2019

ၿပီးခဲ့တဲ့ ရက္ပိုင္းက ဆမ္ေဆာင္းက ေခါက္ခ်ိဳး စမတ္ဖုန္း Galaxy Fold ကို ေၾကညာခဲ့ပါတယ္။ ဟြာေ၀းကလည္း မၾကာခင္မွာ သူ႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းရဲ႕ ပိုစတာတစ္ခု ေပါက္ၾကားထြက္ေပၚလာပါတယ္။ တြစ္တာမွာ…

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္
NEWS, Odd
766 shares167 views

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္

Ko Thuya - Feb 23, 2019

သတင္းေခါင္းစဥ္ကို ဖတ္ၿပီး စာဖတ္သူ မွားေနတယ္လို႔ မေျပာၾကပါနဲ႔။ ဒါ အမွန္ပါ။ သုေတသန ကုမၸဏီ Open Signal ရဲ႕ က ႏိုင္ငံေပါင္း ၇၇ ႏိုင္ငံရဲ႕ 4G အင္တာနက္ အျမန္ႏႈန္းမ်ားကို တိုင္းတာခဲ့ၾကပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ…

Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လံုးကို ႏိႈင္းယွဥ္ျခင္း။)
Android, Apple, FEATURES
545 shares121 views

Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လံုးကို ႏိႈင္းယွဥ္ျခင္း။)

Ko Thuya - Feb 22, 2019

  Samsung က ၈၉၉ ေဒၚလာတန္ Galaxy S10 နဲ႔ ၉၉၉ ေဒၚလာတန္ Galaxy S10 Plus တို႔အျပင္ တန္ဖိုးသက္သာတဲ့ Galaxy S10E ကိုပါ ေရာင္းခ်မွာပါ။ သူဟာ iPhone XR ကို…

Leave a Comment

Most from this category