278 Shares 66 Views
Oct 12, 2018
278 66
ပြဿနာ။ ။ အားသွင်းမရခြင်း။
ဖြေရှင်းနည်း
ဖြေရှင်းနည်း
ဖြေရှင်းနည်း
Ref : digitaltrends
[Unicode]
iPhone XS နဲ့ XS Max တို့ရဲ့ ပြဿနာများနဲ့ ဖြေရှင်းနည်းများ
Apple ရဲ့ နောက်ဆုံးထုတ် iPhone XS နဲ့ XS Max တို့ဟာ ထွက်ရှိပြီးသမျှ အိုင်ဖုန်းများထဲမှာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့မှာ ပြဿနာ အချို့ရှိနေတယ်လို့ User များက ပြောနေကြပါတယ်။ အဲဒီ ပြဿနာများအား ဖြေရှင်းနည်းများကို အောက်မှာ လေ့လာပါ။
ပြဿနာ။ ။ အားသွင်းမရခြင်း။
အသုံးပြုသူ အချို့ှက Lightning Cable နဲ့ အားသွင်းတဲ့ အခါမှာ အားမဝင်ဘူးလို့ ပြောပါတယ်။ အချို့ကလည်း Sleep Mode မှာ အားသွင်းလို့ မရဘူးလို့ ပြောပါတယ်။
ဖြေရှင်းနည်း
Apple က အဲဒီ ပြဿနာကို ဖြေရှင်းပေးမယ့် iOS 12.0.1 ကို ဖြန့်ချီပေးထားပါတယ်။ သင့်ဖုန်းမှာ အဲဒီ ပြဿနာ ဖြစ်နေရင် Settings > General > Software Update ထဲမှာ Update လုပ်ပါ။
ပြဿနာ။ ။ ဒေတာနဲ့ ဝိုင်ဖိုင်ဟာ နှေးကွေးနေခြင်း။
အသုံးပြုသူ အချို့က ဒေတာနဲ့ ဝိုင်ဖိုင် အမြန်နှုန်းဟာ နှေးနေတယ်လို့ ပြောကြပါတယ်။ ဒီပြဿနာကို အောက်ပါ အတိုင်း ဖြေရှင်း နိုင်ပါတယ်။
ဖြေရှင်းနည်း
• Settings > General > Reset > Reset Network Settings ထဲသွားပြီး ဝိုင်ဖိုင် Password ကို ပြန်ထည့်ပေးပါ။ ဒီလိုလုပ်ရင် ပြဿနာ ပြေလည်သွားတတ်ပါတယ်။
• iOS 12.0.1 မှာ ဝိုင်ဖိုင် ပြဿနာ အချို့ကိုလည်း ဖြေရှင်းပေးထားပါတယ်။ Settings > General > Software Update ထဲသွားပြီး Update လုပ်ပေးပါ။
ပြဿနာ။ ။ Selfie များဟာ အလွန် ချောမွတ်နေခြင်း။
ဒါက တကယ်တော့ ပြဿနာ တစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် လူအချို့က Selfie Photo များမှ မျက်နှာများဟာ အလွန် ချောမွတ်နေတာကို မကြိုက်ဘူးလို့ ပြောပါတယ်။ သဘာ၀ သိပ်မကျဘူးလို့ ဆိုပါတယ်။ Apple က Selfie Photo များမှာ လှပချောမွတ်အောင် တမင် ပြုလုပ်ပေးထားတာ ဖြစ်တဲ့အတွက် ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးမယ်လို့ မထင်ပါဘူး။ နောက်ထုတ်မယ့် Update မှာတော့ ချောမွတ်မှုကို လျှော့ချပေးကောင်း ပေးနိုင်ပါတယ်။
ဖြေရှင်းနည်း
ဒီပြဿနာဟာ အိုင်ဖုန်း Camera App ရဲ့ လုပ်ဆောင်ချက်ကြောင့် ဖြစ်ပါတယ်။ Selfie Photo များမှာ အလွန် ချောမွတ်တာကို မကြိုက်ရင် Third-party App များကို သုံးနိုင်ပါတယ်။
Ref : digitaltrends
You may be interested
Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares0 views
Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Ko Thuya - Oct 18, 2018
သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…
Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares0 views
Lenovo ရဲ့ Foldable Tablet လာမည်
Ko Thuya - Oct 18, 2018
ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…
Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views
Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Ko Thuya - Oct 18, 2018
Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…
Leave a Comment
Most from this category