0 Shares 34 Views

သင့္ဖုန္းမွာ Facebook အေကာင့္ ၂ ခု အသံုးျပဳႏုိင္မယ့္ 2 Accounts

Oct 12, 2018
0 34

Facebook ကို အလုပ္ကိစၥ၊ ကိုယ္ေရးကိုယ္တာ ကိစၥမ်ားနဲ႔ သံုးေနတဲ့ လူမ်ားအတြက္ Facebook အေကာင့္ တစ္ခုထက္ပိုၿပီး ရွိၾကမွာပါ။ အဲဒီအေကာင့္ ႏွစ္ခုကို ဖုန္းမွာ တစ္လွည့္စီ သံုးရတာ အဆင္မေျပပါဘူး။ လက္ရွိသံုးေနတဲ့ အေကာင့္ကို Log Out လုပ္၊ ေနာက္အေကာင့္ကို Log In ၀င္တဲ့အခါမွာ User Name, Password ေတြ ျပန္ရိုက္ထည့္ရတာ အလုပ္ပိုပါတယ္။ အခုေဖာ္ျပမယ့္ Android App ကေတာ့ Log In, Log Out လုပ္စရာမလိုဘဲ ဖုန္းတစ္လံုးထဲမွာပဲ Facebook အေကာင့္ ႏွစ္ခုစလံုးကို သံုးႏုိင္မွာပါ။ Facebook အျပင္ Facebook Messenger ,Gmail, Instagram, Wechat, Google Plus , Vine, WhatsApp စတဲ့ Android Apps မ်ားကိုလည္း အေကာင့္ႏွစ္ခုစီနဲ႕ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဂိမ္းမ်ားကိုလည္း အေကာင့္ႏွစ္ခုစီနဲ႔ ေဆာ့ကစားႏုိင္မွာ ျဖစ္ပါတယ္။ Google Play Store မွ ဂိမ္းမ်ား အားလံုးရဲ႕ ၉၉ ရာခုိင္ႏႈန္းကို အေကာင့္ႏွစ္ခုစီနဲ႔ ေဆာ့ကစားႏုိင္တယ္လို႔ တီထြင္သူမ်ားက ေျပာပါတယ္။ ေနာက္ဆံုး ဗားရွင္းမွာ အေကာင့္ႏွစ္ခုကို လွ်င္ျမန္လြယ္ကူစြာ ေျပာင္းလဲ အသံုးျပဳႏုိင္တဲ့ စြမ္းေဆာင္ခ်က္မ်ား ပါရွိလာပါတယ္။ User Interface ကလည္း ပိုမို ရိုးရွင္းလာပါတယ္။ Notification မ်ား ျပသရာမွာလည္း ရွင္းလင္း လွပလာပါတယ္။

2 Accounts ကို ဖြင့္ၿပီးရင္ သူ႕ရဲ႕ ဖန္ရွင္မ်ားကို ျပသမွာပါ။ ညာဘက္ကေန ဘယ္သို႔ ပြတ္ဆြဲပါ။ ေနာက္အဆင့္မွာ ေအာက္ေျခမွ Explore ကို ႏွိပ္ပါ။ ေနာက္အဆင့္မွာ Settings ထဲသြားၿပီး 2 Accounts ကို On ေပးပါ။

ၿပီးရင္ေတာ့ အေကာင့္ ၂ ခု သံုးခ်င္တဲ့ Apps မ်ားရဲ႕ ညာဘက္မွ အကြက္မွာ အမွန္ျခစ္ပါ။ Add more apps ကို ႏွိပ္ၿပီး သင္ ႏွစ္သက္တဲ့ အျခား Apps မ်ားကိုလည္း ေရြးခ်ယ္ႏုိင္ပါေသးတယ္။ ေရြးၿပီးရင္ Back Button ကို ႏွိပ္ပါ။

မူလ စာမ်က္ႏွာျပန္ေရာက္ရင္ Enable ကို ႏွိပ္ပါ။

ဥပမာအားျဖင့္ Facebook ကို အေကာင့္ႏွစ္ခုနဲ႔ သံုးႏုိင္ဖို႔အတြက္ Facebook ကို ေရြးၿပီး Enable လုပ္ပါ။ ေနာက္အဆင့္မွာ ညာဘက္ေအာက္ေထာင့္ကေန စက္၀ိုင္းျခမ္းပံုတစ္ခု ေပၚလာမွာပါ။ Facebook ကို 2 Accounts အိုင္ကြန္နဲ႔ ျပသေပးထားပါတယ္။

အဲဒါကို ႏွိပ္ၿပီး သင္ ထပ္ထည့္ခ်င္တဲ့ အေကာင့္ရဲ႕ Username, Password ထည့္ေပးပါ။ ဒါဆိုရင္ မူရင္း Facebook App မွာ အေကာင့္တစ္ခု၊ 2 Accounts ရဲ႕ Facebook App မွာ ေနာက္ထပ္ အေကာင့္တစ္ခုကို သံုးႏုိင္မွာပါ။ အဲဒီအတြက္ Log In , Log Out လုပ္စရာလည္း မလိုေတာ့ပါဘူး။

Home Button ကို ႏွိပ္ပါ။ ညာဘက္ေအာက္ေထာင့္ကေန လက္နဲ႔ ပြတ္ဆြဲရင္စက္၀ိုင္းျခမ္းထြက္လာမွာပါ။ အဲဒီကေန ဒုတိယအေကာင့္မ်ားနဲ႔ သံုးဖို႔ ျပဳလုပ္ထားတဲ့ Apps မ်ားကို ေတြ႔ရမွာပါ။ အျခား App မ်ားကို ဒုတိယအေကာင့္နဲ႔ သံုးဖို႔အတြက္ စက္၀ိုင္းျခမ္းရဲ႕ အျပင္ဘက္ဆံုးအလႊာမွ App မ်ားကို တစ္ခ်က္ႏွိပ္ပါ။

စက္၀ိုင္းျခမ္းရဲ႕ အျပင္ဘက္ဆံုး အလႊြာမွာျပသေပးထားတဲ့ Apps မ်ားကေတာ့ အၾကံျပဳေပးထားတာျဖစ္ပါတယ္။ သင့္ဖုန္းမွာ အင္စေတာ မလုပ္ရေသးတဲ့ Apps မ်ားကို အေကာင့္ႏွစ္ခုနဲ႔ သံုးႏုိင္ဖို႔အတြက္ သင့္ဖုန္းမွာ အဲဒီ Apps မ်ားကို အရင္ဆံုး အင္စေတာလုပ္ထားရမွာျဖစ္ပါတယ္။

သူ႔ရဲ႕ ဖိုင္အရြယ္အစားမွာ 4MB ရွိၿပီး ေအာက္ပါ လင့္မွာ ရယူႏုိင္ပါတယ္။

Download

[Unicode]

သင့်ဖုန်းမှာ Facebook အကောင့် ၂ ခု အသုံးပြုနိုင်မယ့် 2 Accounts

Facebook ကို အလုပ်ကိစ္စ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများနဲ့ သုံးနေတဲ့ လူများအတွက် Facebook အကောင့် တစ်ခုထက်ပိုပြီး ရှိကြမှာပါ။ အဲဒီအကောင့် နှစ်ခုကို ဖုန်းမှာ တစ်လှည့်စီ သုံးရတာ အဆင်မပြေပါဘူး။ လက်ရှိသုံးနေတဲ့ အကောင့်ကို Log Out လုပ်၊ နောက်အကောင့်ကို Log In ဝင်တဲ့အခါမှာ User Name, Password တွေ ပြန်ရိုက်ထည့်ရတာ အလုပ်ပိုပါတယ်။ အခုဖော်ပြမယ့် Android App ကတော့ Log In, Log Out လုပ်စရာမလိုဘဲ ဖုန်းတစ်လုံးထဲမှာပဲ Facebook အကောင့် နှစ်ခုစလုံးကို သုံးနိုင်မှာပါ။ Facebook အပြင် Facebook Messenger ,Gmail, Instagram, Wechat, Google Plus , Vine, WhatsApp စတဲ့ Android Apps များကိုလည်း အကောင့်နှစ်ခုစီနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းများကိုလည်း အကောင့်နှစ်ခုစီနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Google Play Store မှ ဂိမ်းများ အားလုံးရဲ့ ၉၉ ရာခိုင်နှုန်းကို အကောင့်နှစ်ခုစီနဲ့ ဆော့ကစားနိုင်တယ်လို့ တီထွင်သူများက ပြောပါတယ်။ နောက်ဆုံး ဗားရှင်းမှာ အကောင့်နှစ်ခုကို လျှင်မြန်လွယ်ကူစွာ ပြောင်းလဲ အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက်များ ပါရှိလာပါတယ်။ User Interface ကလည်း ပိုမို ရိုးရှင်းလာပါတယ်။ Notification များ ပြသရာမှာလည်း ရှင်းလင်း လှပလာပါတယ်။

2 Accounts ကို ဖွင့်ပြီးရင် သူ့ရဲ့ ဖန်ရှင်များကို ပြသမှာပါ။ ညာဘက်ကနေ ဘယ်သို့ ပွတ်ဆွဲပါ။ နောက်အဆင့်မှာ အောက်ခြေမှ Explore ကို နှိပ်ပါ။ နောက်အဆင့်မှာ Settings ထဲသွားပြီး 2 Accounts ကို On ပေးပါ။

ပြီးရင်တော့ အကောင့် ၂ ခု သုံးချင်တဲ့ Apps များရဲ့ ညာဘက်မှ အကွက်မှာ အမှန်ခြစ်ပါ။ Add more apps ကို နှိပ်ပြီး သင် နှစ်သက်တဲ့ အခြား Apps များကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ ရွေးပြီးရင် Back Button ကို နှိပ်ပါ။

မူလ စာမျက်နှာပြန်ရောက်ရင် Enable ကို နှိပ်ပါ။

ဥပမာအားဖြင့် Facebook ကို အကောင့်နှစ်ခုနဲ့ သုံးနိုင်ဖို့အတွက် Facebook ကို ရွေးပြီး Enable လုပ်ပါ။ နောက်အဆင့်မှာ ညာဘက်အောက်ထောင့်ကနေ စက်ဝိုင်းခြမ်းပုံတစ်ခု ပေါ်လာမှာပါ။ Facebook ကို 2 Accounts အိုင်ကွန်နဲ့ ပြသပေးထားပါတယ်။

အဲဒါကို နှိပ်ပြီး သင် ထပ်ထည့်ချင်တဲ့ အကောင့်ရဲ့ Username, Password ထည့်ပေးပါ။ ဒါဆိုရင် မူရင်း Facebook App မှာ အကောင့်တစ်ခု၊ 2 Accounts ရဲ့ Facebook App မှာ နောက်ထပ် အကောင့်တစ်ခုကို သုံးနိုင်မှာပါ။ အဲဒီအတွက် Log In , Log Out လုပ်စရာလည်း မလိုတော့ပါဘူး။

Home Button ကို နှိပ်ပါ။ ညာဘက်အောက်ထောင့်ကနေ လက်နဲ့ ပွတ်ဆွဲရင်စက်ဝိုင်းခြမ်းထွက်လာမှာပါ။ အဲဒီကနေ ဒုတိယအကောင့်များနဲ့ သုံးဖို့ ပြုလုပ်ထားတဲ့ Apps များကို တွေ့ရမှာပါ။ အခြား App များကို ဒုတိယအကောင့်နဲ့ သုံးဖို့အတွက် စက်ဝိုင်းခြမ်းရဲ့ အပြင်ဘက်ဆုံးအလွှာမှ App များကို တစ်ချက်နှိပ်ပါ။

စက်ဝိုင်းခြမ်းရဲ့ အပြင်ဘက်ဆုံး အလွှွာမှာပြသပေးထားတဲ့ Apps များကတော့ အကြံပြုပေးထားတာဖြစ်ပါတယ်။ သင့်ဖုန်းမှာ အင်စတော မလုပ်ရသေးတဲ့ Apps များကို အကောင့်နှစ်ခုနဲ့ သုံးနိုင်ဖို့အတွက် သင့်ဖုန်းမှာ အဲဒီ Apps များကို အရင်ဆုံး အင်စတောလုပ်ထားရမှာဖြစ်ပါတယ်။

သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 4MB ရှိပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။

Download

You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ္လ ၅ ရက္ေန႔မွာ ေၾကညာမည္
Android, HUBS, Mobiles & Tablets
0 shares0 views

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ္လ ၅ ရက္ေန႔မွာ ေၾကညာမည္

Ko Thuya - Feb 23, 2019

OPPO က F11 Pro ရဲ႕ Teaser မ်ားကို ၿပီးခဲ့တဲ့ တစ္ပတ္ကတည္းက စတင္ မွ်ေ၀ေနပါတယ္။ အခုေတာ့ ကုမၸဏီက မတ္လ ၅ ရက္ေန႔မွာ သူ႔ကို ေၾကညာမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒါ့အျပင္ ကုမၸဏီက သူ႔မွာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Android, Huawei, HUBS
131 shares14 views

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ

Ko Thuya - Feb 23, 2019

ၿပီးခဲ့တဲ့ ရက္ပိုင္းက ဆမ္ေဆာင္းက ေခါက္ခ်ိဳး စမတ္ဖုန္း Galaxy Fold ကို ေၾကညာခဲ့ပါတယ္။ ဟြာေ၀းကလည္း မၾကာခင္မွာ သူ႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းရဲ႕ ပိုစတာတစ္ခု ေပါက္ၾကားထြက္ေပၚလာပါတယ္။ တြစ္တာမွာ…

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္
NEWS, Odd
1072 shares231 views

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္

Ko Thuya - Feb 23, 2019

သတင္းေခါင္းစဥ္ကို ဖတ္ၿပီး စာဖတ္သူ မွားေနတယ္လို႔ မေျပာၾကပါနဲ႔။ ဒါ အမွန္ပါ။ သုေတသန ကုမၸဏီ Open Signal ရဲ႕ က ႏိုင္ငံေပါင္း ၇၇ ႏိုင္ငံရဲ႕ 4G အင္တာနက္ အျမန္ႏႈန္းမ်ားကို တိုင္းတာခဲ့ၾကပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ…

Leave a Comment

Most from this category