462 Shares 212 Views


Oct 12, 2018
462 212





Ref : gsmarena

[Unicode]

၆.၂၆ လက်မ မျက်နှာပြင်နဲ့ 4000mAh Battery ပါတဲ့ တန်ဖိုးနည်း Honor 8C

Honor 8C ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ လာမယ့် တစ်ပတ်မှာ ရောင်းချမှာပါ။ 4/32GB Model ကို ယွမ် ၁၁၀၀ သတ်မှတ်ထားပြီး ၁၆၀ ဒေါ်လာဝန်းကျင် တန်ကြေးရှိပါတယ်။ 4/64GB Model ကို ယွမ် ၁၄၀၀ သတ်မှတ်ထားပါတယ်။

သူ့မှာ ၆.၂၆ လက်မ IPS LCD (720x1520p) Display ထည့်သွင်းထားပြီး Notch ပါပါတယ်။ Screen-to-body Ratio မှာ ၈၆.၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Quad-Core Snapdragon 632 Chipset မောင်းနှင်ထားပါတယ်။ 14nm Chip ဖြစ်တဲ့အတွက် စွမ်းရည်က ကောင်းမွန်ပါတယ်။ အရွယ်ကြီး 4000mAh Battery ထည့်သွင်းထားတဲ့ အတွက် ဘက်ထရီ သက်တမ်း အလွန် ကောင်းပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၂ လုံး ပါပြီး 13+2MP ဖြစ်ပါတယ်။ ပင်မ ကင်မရာဟာ f/1.8 ဖြစ်ပြီး အပို ကင်မရာက Depth Effect အတွက် ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 8MP f/2.0 Selfie Camera တစ်လုံးသာ ပါပါတယ်။

Honor 8C ဟာ Dual-SIM Smartphone ဖြစ်ပါတယ်။ microSD Card Slot လည်း သီးခြား ထည့်သွင်းထားပါတယ်။ VoLTE ဆက်သွယ်မှုကိုလည်း အသုံးပြုနိုင်ပါတယ်။ Android 8.1 အခြေပြု EMUI 8.2 ထည့်သွင်းထားပါတယ်။ တရုတ်မှာ Vmall ကနေ ဝယ်ယူနိုင်ပါတယ်။

Ref : gsmarena

You may be interested

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
0 shares0 views

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
71 shares12 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်

Ko Thuya - Dec 12, 2018

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…

Leave a Comment

Most from this category