5457 Shares 2218 Views


Oct 12, 2018
5457 2218





Ref : gsmarena

[Unicode]

အနောက်ကင်မရာ ၄ လုံးတပ် ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်လာတဲ့ Samsung Galaxy A9 (2018)

Samsung က အနောက်ကင်မရာ ၄ လုံးပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ Galaxy A9 (2018) ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ 8MP Ultra-wide Angle Camera က အသေးစိတ်ကျစွာ Focus လုပ်နိုင်သလို ရှုခင်းကို ပိုမို ဖမ်းယူနိုင်ပါတယ်။ 10MP Telephoto Camera က 2x Optical Zoom ကို ပံ့ပိုးပေးပြီး 10MP Photo များကို ဖန်တီးပေးပါတယ်။ ပင်မကင်မရာက 24MP ဖြစ်ပြီး နေ့ဘက်နဲ့ ညဘက်အချိန်များမှာ ဓါတ်ပုံရိုက်ဖို့ ကောင်းပါတယ်။

နောက်ဆုံးတစ်လုံးက Artificial Bokeh ဖန်တီးပေးမယ့် 5MP Depth Sensor ဖြစ်ပါတယ်။ ရှုခင်းအလိုက် ကင်မရာ ဆက်တင်ကို အလိုအလျှောက် ချိန်ညှိပေးတဲ့ Intelligent Scene Optimizer လုပ်ဆောင်ချက်က AI ကို သုံးထားပါတယ်။

Galaxy A9 မှာ ၆.၃ လက်မ Super AMOLED Display ( 1080x2220p) , 24MP Selfie Camera , 128GB Storage , microSD Slot (up to 512GB) , 6GB or 8GB RAM များ ထည့်သွင်းထားပါတယ်။ Qualcomm ရဲ့ စွမ်းဆောင်ရည်သင့် Octa-Core Snapdragon 660 Chipset မောင်းနှင်ထားပါတယ်။ Android 8.0 Oreo အခြေပြု ဆမ်ဆောင်းရဲ့ OS ထည့်ထားပါတယ်။

3800mAh Battery ပါတာက Note 9 နီးပါး ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ လာမယ့်လ အစောပိုင်းမှာ နိုင်ငံအချို့မှာ ရောင်းချမှာပါ။ အနက်၊ အပြာနဲ့ ပန်းရောင်များ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena

You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Android, HUBS, Mobiles & Tablets
0 shares0 views

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်

Ko Thuya - Feb 23, 2019

OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Android, Huawei, HUBS
131 shares14 views

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ

Ko Thuya - Feb 23, 2019

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
NEWS, Odd
1072 shares231 views

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်

Ko Thuya - Feb 23, 2019

သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…

Leave a Comment

Most from this category