468 Shares 90 Views

Facebook မွာ 3D Photos မ်ား တင္ႏုိင္ေတာ့မည္

Oct 12, 2018
468 90

Facebook က သင့္ရဲ႕ News Feed မွာ 3D Photo မ်ား တင္ႏုိင္မယ့္ လုပ္ေဆာင္ခ်က္ကို ျဖန္႔ခ်ီေပးလိုက္ပါၿပီ။ အခ်ိဳ႕ ႏုိင္ငံမ်ားမွာ News Feed မွာ သံုးဖက္ျမင္ ဓါတ္ပံုမ်ားကို ျမင္ေနရပါၿပီ။ ကမာၻအ၀န္းမွာ တစ္ျဖည္းျဖည္း ျဖန္႔ခ်ီေပးေနတဲ့အတြက္ သင့္ ႏိုင္ငံမွာ မရေသးရင္ ေစာင့္ဆိုင္းရမွာပါ။ သူ႔ကုိ သံုးဖို႔အတြက္ အေနာက္ကင္မရာ ၂ လံုးပါတဲ့ iPhone လိုအပ္ပါတယ္။ အေနာက္ကင္မရာ ၂ လံုးပါတဲ့ အန္းဒရြိဳက္မ်ားအတြက္ အနာဂတ္မွာဒီလုပ္ေဆာင္ခ်က္ကို ထည့္သြင္းေပးမယ္လို႔ Facebook က ေျပာပါတယ္။

3D Photo ကို ေမလက ေၾကညာခဲ့တာပါ။ သူ႔ကို ဖန္တီးရတာ လြယ္ပါတယ္။ သင္က ဓါတ္ပံုတစ္ခုကို ေရြးေပးလိုက္တာနဲ႔ Facebook က သံုးဖက္ျမင္ ဓါတ္ပံုအျဖစ္ ေျပာင္းေပးမွာပါ။ ဖုန္းကို လႈပ္ျခင္းျဖင့္ ဓါတ္ပံုမ်ားကို ရုပ္လံုးၾကြစြာ ျမင္ရမွာပါ။ ဒီနည္းပညာက အေနာက္ကင္မရာ ၂ လံုးကေန ဖမ္းယူထားတဲ့ အေသးစိတ္ ေဒတာမ်ားကို ရယူၿပီး ေဆာ့ဖ္၀ဲျဖင့္ ျပင္ဆင္ျခင္းျဖင့္ 3D Photo မ်ားကို ဖန္တီးျခင္း ျဖစ္ပါတယ္။ 3D Photo မ်ားကို ဖုန္းမ်ားမွာပဲ ၾကည့္ႏုိင္ပါတယ္။ ဒါ့အျပင္ Oculus Go VR , Oculus Rift Headset မ်ားနဲ႔လည္း ၾကည့္ႏုိင္ပါတယ္။

Facebook က အျမင္ဆန္းသစ္တဲ့ နည္းပညာမ်ားကို ဖန္တီးေနတာ ႏွစ္မ်ားစြာ ၾကာပါၿပီ။ ၃၆၀ ဒီဂရီ ဗီဒီယိုနဲ႔ ဓါတ္ပံုမ်ားကို သူ႔ရဲ႕ လူမႈကြန္ရက္မွာ မွ်ေ၀ႏုိင္ဖို႔လည္း ျပဳလုပ္ေပးထားပါတယ္။ Virtual or Augmented Reality နည္းပညာမ်ားကိုလည္း ဖန္တီးေနပါတယ္။

Ref : theverge

[Unicode]

Facebook မှာ 3D Photos များ တင်နိုင်တော့မည်

Facebook က သင့်ရဲ့ News Feed မှာ 3D Photo များ တင်နိုင်မယ့် လုပ်ဆောင်ချက်ကို ဖြန့်ချီပေးလိုက်ပါပြီ။ အချို့ နိုင်ငံများမှာ News Feed မှာ သုံးဖက်မြင် ဓါတ်ပုံများကို မြင်နေရပါပြီ။ ကမ္ဘာအဝန်းမှာ တစ်ဖြည်းဖြည်း ဖြန့်ချီပေးနေတဲ့အတွက် သင့် နိုင်ငံမှာ မရသေးရင် စောင့်ဆိုင်းရမှာပါ။ သူ့ကို သုံးဖို့အတွက် အနောက်ကင်မရာ ၂ လုံးပါတဲ့ iPhone လိုအပ်ပါတယ်။ အနောက်ကင်မရာ ၂ လုံးပါတဲ့ အန်းဒရွိုက်များအတွက် အနာဂတ်မှာဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးမယ်လို့ Facebook က ပြောပါတယ်။

3D Photo ကို မေလက ကြေညာခဲ့တာပါ။ သူ့ကို ဖန်တီးရတာ လွယ်ပါတယ်။ သင်က ဓါတ်ပုံတစ်ခုကို ရွေးပေးလိုက်တာနဲ့ Facebook က သုံးဖက်မြင် ဓါတ်ပုံအဖြစ် ပြောင်းပေးမှာပါ။ ဖုန်းကို လှုပ်ခြင်းဖြင့် ဓါတ်ပုံများကို ရုပ်လုံးကြွစွာ မြင်ရမှာပါ။ ဒီနည်းပညာက အနောက်ကင်မရာ ၂ လုံးကနေ ဖမ်းယူထားတဲ့ အသေးစိတ် ဒေတာများကို ရယူပြီး ဆော့ဖ်ဝဲဖြင့် ပြင်ဆင်ခြင်းဖြင့် 3D Photo များကို ဖန်တီးခြင်း ဖြစ်ပါတယ်။ 3D Photo များကို ဖုန်းများမှာပဲ ကြည့်နိုင်ပါတယ်။ ဒါ့အပြင် Oculus Go VR , Oculus Rift Headset များနဲ့လည်း ကြည့်နိုင်ပါတယ်။

Facebook က အမြင်ဆန်းသစ်တဲ့ နည်းပညာများကို ဖန်တီးနေတာ နှစ်များစွာ ကြာပါပြီ။ ၃၆၀ ဒီဂရီ ဗီဒီယိုနဲ့ ဓါတ်ပုံများကို သူ့ရဲ့ လူမှုကွန်ရက်မှာ မျှဝေနိုင်ဖို့လည်း ပြုလုပ်ပေးထားပါတယ်။ Virtual or Augmented Reality နည်းပညာများကိုလည်း ဖန်တီးနေပါတယ်။

Ref : theverge

You may be interested

OnePlus 5 နဲ႕ 5T အတြက္ Android 9 Pie Open Beta စတင္ ရရွိ
Mobiles & Tablets, NEWS, Softwares & Application
0 shares0 views

OnePlus 5 နဲ႕ 5T အတြက္ Android 9 Pie Open Beta စတင္ ရရွိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ႕ 5T ကိုင္ေနသူေတြအတြက္ သတင္းေကာင္းပါ။ ဒီဖုန္းႏွစ္လုံးအတြက္ Android 9 Pie Oxygen OS Open Beta ေတြကို ထုတ္ေပးလိုက္ျပီျဖစ္ေၾကာင္း OnePlus ဖိုရမ္မွာ ကုမၸဏီအဖြဲ႕ဝင္တေယာက္က တင္ထားပါတယ္။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
71 shares12 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ျပင္သစ္ အေရာင္းဆိုင္ Boulanger က စာရင္းတင္လိုက္ပါတယ္။ ဟြာေ၀းကေတာ့ တရား၀င္ ေၾကညာျခင္း မရွိေသးပါဘူး။ အခုေတာ့ ၀က္ဘ္စာမ်က္ႏွာကို ဖယ္ရွားလိုက္ေပမယ့္ သူ႔ရဲ႕ Specs မ်ားကို သိလိုက္ရပါတယ္။ သူ႔မွာ ၆.၂…

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာမႈေၾကာင့္ ကုမၸဏီရဲ႕ စီအီးအိုကို လႊတ္ေတာ္က ဆင့္ေခၚ
Google, HUBS, NEWS
0 shares4 views

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာမႈေၾကာင့္ ကုမၸဏီရဲ႕ စီအီးအိုကို လႊတ္ေတာ္က ဆင့္ေခၚ

Ko Thuya - Dec 12, 2018

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာတာနဲ႔ ပတ္သက္ၿပီး အေမရိကန္ လႊတ္ေတာ္က ဂူဂယ္လ္ရဲ႕ စီအီးအို ျဖစ္သူ Pichai ကို ဆင့္ေခၚ ေမးျမန္းလိုက္ပါတယ္။ Search Engine ရဲ႕…

Leave a Comment

Most from this category