187 Shares 52 Views
Oct 11, 2018
187 52
[Unicode]
Vivo က တရုတ်မှာ Dual-Camera နဲ့ Waterdrop Notch ပါတဲ့ Z3i ကို ကြေညာ
Vivo က စက်တင်ဘာလမှာ အိန္ဒိယတွင် V11i ကို ရောင်းချပေးခဲ့ပါတယ်။ သူ့ကို မြန်မာမှာလည်း ဝယ်ယူနိုင်ပါပြီ။ အခုတော့ တရုတ်မှာ သူ့ကို Z3i အမည်ဖြင့် ကြေညာလိုက်ပါတယ်။ သူတို့ ၂ လုံးဟာ အများစု တူညီကြပါတယ်။ အနည်းငယ်သာ ကွာခြားချက် ရှိပါတယ်။
MediaTek Helio P60 Chipset က တူပေမယ့် Memory Option ၂ ခု အစား Z3i အတွက် ၁ ခုသာ ထုတ်ပေးထားပါတယ်။ 6GB/128GB ဖြစ်ပါတယ်။ V11i အတွက် 4GB/128GB or 6GB/64GB များ ထုတ်ပေးထားတာပါ။ Waterdrop Notch , 6.3” IPS Panel , 1080x2280p Resolution များ အားလုံးက တူပါတယ်။
သိသာတဲ့ ကွာခြားချက်က အရှေ့ ကင်မရာပါ။ V11i မှာ 25MP Camera နဲ့ Z3i မှာ 24MP Camera ပါပါတယ်။ Z3i ရဲ့ အနောက်ဘက်မှာ 16+2MP Dual Camera ပါပါတယ်။ 3315mAh Battery , Android 8.1 Oreo အခြေပြု Funtouch OS မောင်းနှင်ထားပါတယ်။
Vivo Z3i ကို အပြာနဲ့ ပန်းရောင်များ ထုတ်လုပ်ပေးထားပြီး ယွမ် ၂၃၉၈ သတ်မှတ်ထားပါတယ်။ လက်ရှိ ငွေလဲလှယ်နှုန်းအရ ၃၄၆ ဒေါ်လာဝန်းကျင် ကျသင့်နိုင်ပါတယ်။
You may be interested
Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Android, Huawei, HUBS
0 shares0 views
Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019
ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…
4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
NEWS, Odd
766 shares167 views
4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019
သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…
Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လုံးကို နှိုင်းယှဉ်ခြင်း။)
Android, Apple, FEATURES
545 shares121 views
Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လုံးကို နှိုင်းယှဉ်ခြင်း။)
Ko Thuya - Feb 22, 2019
  Samsung က ၈၉၉ ဒေါ်လာတန် Galaxy S10 နဲ့ ၉၉၉ ဒေါ်လာတန် Galaxy S10 Plus တို့အပြင် တန်ဖိုးသက်သာတဲ့ Galaxy S10E ကိုပါ ရောင်းချမှာပါ။ သူဟာ iPhone XR ကို…
Leave a Comment
Most from this category