0 Shares 308 Views

Razer Phone 2 ကုိ မိတ္ဆက္ျပီ

(Zawgyi)

Razer ရဲ႕ ဂိမ္းမင္းစမတ္ဖုန္းအသစ္ျဖစ္တဲ့ Razer Phone 2 တရားဝင္ထြက္ရွိလာပါျပီ။ အလူမီနီယမ္ဖရိန္အသစ္ ပါဝင္လာတာကလြဲရင္ ပထမ Razer Phone နဲ႕ တေထရာတည္းနီးပါး တူညီျပီး၊ ဂိမ္းမင္းအတြက္ အဓိကက်တဲ့ စခရင္နဲ႕ အသံပိုင္းဆိုင္ရာတို႕ကို ပိုမိုေကာင္းမြန္ေအာင္ လုပ္ေပးထားတာ ေတြ႕ရပါတယ္။

Display က အရင္ဖုန္းအတိုင္း 120Hz refresh rate ရိိွိတဲ့ 5.7-inch IGZO LCD Display နဲ႕ပဲ ျဖစ္ပါတယ္။ Resolution လည္း 2560 x 1440 qHD resolution ပါပဲ။ ဒါေပမယ့္ Brightness ကေတာ့ 380 nits ကေန 580 nits အထိ ျဖစ္သြားျပီး၊ HDR ေဖာ္ျပႏိုင္မွဳလည္း ပိုေကာင္းမြန္လာတယ္လို႕ ဆိုပါတယ္။ စပီကာေတြကလည္း အရင္အတိုင္း Front-facing စပီကာႏွစ္လုံးျဖစ္ျပီး၊ Dolby Atmos ရလာပါတယ္။

လက္ရွိ Flagship Android ဖုန္းတိုင္းလိုလို မိုဘိုင္းဂိမ္းမင္းအတြက္ စြမ္းေဆာင္ရည္ေကာင္းမြန္ျပီးသား ျဖစ္ေပမယ့္၊ Razer ကေတာ့ သူ႕ဖုန္းနဲ႕ဂိမ္းေဆာ့ရတဲ့ ခံစားမွဳကို ပိုမိုေကာင္းမြန္ေအာင္ ျဖည့္ဆည္းေပးဖို႕ ရည္ရြယ္ထားပါတယ္။  ဒီအတြက္ Razer Product ေတြရဲ႕ အဓိက Feature တခုျဖစ္ျပီး၊ ပရိတ္သတ္ေတြလည္း ေတာင္းဆိုေနၾကတဲ့ Chroma Lighting စနစ္၊ Mobile Game Studios ေတြနဲ႕ ပူးေပါင္းျပီး ဂိမ္းေတြကို Optimize လုပ္ေပးမယ့္ အစီအစဥ္ေတြနဲ႕ ဆြဲေဆာင္ထားပါတယ္။

Razer Phone 2 မွာ ပထမဖုန္းအတိုင္း 8GB RAM နဲ႕ 64GB Storage တို႕ကိုပဲ ျပန္သုံးထားေပမယ့္၊ Chipset  ကိုေတာ့ လက္ရွိအျမင့္ဆုံးျဖစ္တဲ့ Snapdragon 845 ကို ေျပာင္းသုံးေပးထားပါတယ္။ ဒါ့အျပင္ Razer Phone မွာ အပူစြန္႕ထုတ္မွဳ ပိုေကာင္းဖို႕အတြက္ Razer Blade 15 လက္ပ္ေတာ့က ‘Vapor Chamber’ အေအးေပးစနစ္ကို အေသးစားဗားရွင္းအေနနဲ႕ ထည့္သြင္းေပးထားတယ္လို႕လည္း ဆိုပါတယ္။

ေဒတာပိုမိုျမန္ဆန္ေစဖို႕အတြက္ LTE gigabit အင္တာနာ၊ 4,000mAh ဘက္ထရီတို႕ကိုလည္း ထည့္သြင္းေပးထားျပီး၊ Android 8.1 စနစ္ကိုမွ Nova Launcher က Default နဲ႕ ျဖစ္ပါတယ္။ Android 9 Pie ကိုလည္း စမ္းသပ္ေနျပီျဖစ္တယ္လို႕ သိရတာေၾကာင့္ မၾကာခင္အခ်ိန္အတြင္း OTA Update ကေန Android Pie ေပးသြားမယ္လို႕ ခန္႕မွန္းရပါတယ္။

ဂိမ္မာေတြကို ပိုဆြဲေဆာင္ႏိုင္ဖို႕အတြက္ PUBG Mobile ၊ Rival: Crimson x Chaos ၊ Marvel Future Fight စတဲ့ ဂိမ္းေတြကို ထုတ္ထားတဲ့ စတူဒီယိုေတြနဲ႕ ပူးေပါင္းျပီးလည္း Razer Phone 2 မွာ ဂိမ္းေတြ ပိုအဆင္ေျပေျပ ေဆာ့ႏိုင္ဖို႕ လုပ္ေပးထားတယ္လို႕ ဆိုပါတယ္။ ေနာက္ပိုင္းမွာလည္း အဆိုပါဂိမ္းေတြအတြက္ သီးသန္႕ Item ေတြ ထုတ္ေပးသြားဖို႕လည္း ရွိပါတယ္။

Razer Phone 2 ရဲ႕ အဓိက Feature အသစ္ေတြကေတာ့ ေရစိုခံႏိုင္မွဳ IP 67 Rating နဲ႕ Wireless Charging ပါလာတာေတြပါ။ ဖုန္းေက်ာဘက္ကိုယ္ထည္က Wireless Charging လုပ္ဖို႕အတြက္ ဖန္သားနဲ႕ ျဖစ္သြားပါတယ္။ ဖုန္းကို ေဒါင္လိုက္ျဖစ္ျဖစ္၊ အလ်ားလိုက္ျဖစ္ျဖစ္ အားတင္သြင္းႏိုင္မယ့္ Chroma Lighting ပါ Charging Stand တခုကိုလည္း ၉၉ ေဒၚလာနဲ႕ ထုတ္ေပးသြားဦးမွာျဖစ္ပါတယ္။

 

Razer ပရိတ္သတ္တိုင္း သေဘာက်မယ့္ ေနာက္ ေျပာင္းလဲမွဳတခုကေတာ့ ဖုန္းေနာက္က Razer တံဆိပ္ပါ။ အခုတံဆိပ္အသစ္က အေရာင္ ၁၆.၈ သန္း ျပေပးႏိုင္တဲ့ Chroma Lighting နဲ႕ ျဖစ္သြားျပီး၊ Chroma ပါတဲ့ တျခား Razer Products ေတြလိုပဲ Lighting Mode အမ်ိဳးမ်ိဳးေျပာင္ထားႏိုင္မွာပါ။ ဖုန္းမွာ Notification ဝင္လာရင္လည္း အဲ့တံဆိပ္ကေန Lighting ျပေပးမွာျဖစ္ျပီး  ဖုန္းေရွ႕က Notification LED ကိ ုျဖဳတ္လိုက္တယ္လို႕ သိရပါတယ္။ Notification LED ၾကည့္ေနၾကလူေတြဆိုရင္ေတာ့ နည္းနည္းတိုင္ပတ္မယ္ထင္ပါတယ္။

ကင္မရာေတြကိုလည္း Upgrade လုပ္ေပးထားျပီး၊ OIS ပါဝင္တဲ့ 12MP Wide-angle နဲ႕ 12MP 2x Telephoto Lens သုံး Dual Camera စနစ္ ျဖစ္သြားပါတယ္။ ေရွ႔ကင္မရာကေတာ့ 8MP တလုံးတည္းပါပဲ။ လက္ေဗြရာဆန္ဆာက ေဘးဘက္မွာျဖစ္ျပီး၊ Quick Charge 4+ သုံးႏိုင္မွာျဖစ္ပါတယ္။

Razer Phone 2 ရဲ႕ ေစ်းႏွဳန္းကေတာ့ ၇၉၉ ေဒၚလာျဖစ္ျပီး၊ အရင္ေမာ္ဒယ္ထက္ ေဒၚလာ ၁၀၀ ပိုမ်ားလာတာပါ။ ယေန႕ကစ Pre-Order တင္ႏိုင္ျပီျဖစ္ျပီး၊ Shipping ရက္ကေတာ့ မေၾကညာရေသးပါဘူး။ ေလာေလာဆည္ ‘Mirror’ finish ပဲ ရဦးမွာျဖစ္ျပီး၊ matte ‘Satin’ အေရာက္ကေတာ့ အခုႏွစ္ကုန္ခါနီးေလာက္မွ ထြက္လာမွာျဖစ္ပါတယ္။

Ref: The Verge, 9to5 Google, Android Police

(Unicode)

Razer Phone 2 ကို မိတ်ဆက်ပြီ

Razer ရဲ့ ဂိမ်းမင်းစမတ်ဖုန်းအသစ်ဖြစ်တဲ့ Razer Phone 2 တရားဝင်ထွက်ရှိလာပါပြီ။ အလူမီနီယမ်ဖရိန်အသစ် ပါဝင်လာတာကလွဲရင် ပထမ Razer Phone နဲ့ တထေရာတည်းနီးပါး တူညီပြီး၊ ဂိမ်းမင်းအတွက် အဓိကကျတဲ့ စခရင်နဲ့ အသံပိုင်းဆိုင်ရာတို့ကို ပိုမိုကောင်းမွန်အောင် လုပ်ပေးထားတာ တွေ့ရပါတယ်။

Display က အရင်ဖုန်းအတိုင်း 120Hz refresh rate ရှိတဲ့ 5.7-inch IGZO LCD Display နဲ့ပဲ ဖြစ်ပါတယ်။ Resolution လည်း 2560 x 1440 qHD resolution ပါပဲ။ ဒါပေမယ့် Brightness ကတော့ 380 nits ကနေ 580 nits အထိ ဖြစ်သွားပြီး၊ HDR ဖော်ပြနိုင်မှုလည်း ပိုကောင်းမွန်လာတယ်လို့ ဆိုပါတယ်။ စပီကာတွေကလည်း အရင်အတိုင်း Front-facing စပီကာနှစ်လုံးဖြစ်ပြီး၊ Dolby Atmos ရလာပါတယ်။

လက်ရှိ Flagship Android ဖုန်းတိုင်းလိုလို မိုဘိုင်းဂိမ်းမင်းအတွက် စွမ်းဆောင်ရည်ကောင်းမွန်ပြီးသား ဖြစ်ပေမယ့်၊ Razer ကတော့ သူ့ဖုန်းနဲ့ဂိမ်းဆော့ရတဲ့ ခံစားမှုကို ပိုမိုကောင်းမွန်အောင် ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားပါတယ်။  ဒီအတွက် Razer Product တွေရဲ့ အဓိက Feature တခုဖြစ်ပြီး၊ ပရိတ်သတ်တွေလည်း တောင်းဆိုနေကြတဲ့ Chroma Lighting စနစ်၊ Mobile Game Studios တွေနဲ့ ပူးပေါင်းပြီး ဂိမ်းတွေကို Optimize လုပ်ပေးမယ့် အစီအစဉ်တွေနဲ့ ဆွဲဆောင်ထားပါတယ်။

Razer Phone 2 မှာ ပထမဖုန်းအတိုင်း 8GB RAM နဲ့ 64GB Storage တို့ကိုပဲ ပြန်သုံးထားပေမယ့်၊ Chipset  ကိုတော့ လက်ရှိအမြင့်ဆုံးဖြစ်တဲ့ Snapdragon 845 ကို ပြောင်းသုံးပေးထားပါတယ်။ ဒါ့အပြင် Razer Phone မှာ အပူစွန့်ထုတ်မှု ပိုကောင်းဖို့အတွက် Razer Blade 15 လက်ပ်တော့က ‘Vapor Chamber’ အအေးပေးစနစ်ကို အသေးစားဗားရှင်းအနေနဲ့ ထည့်သွင်းပေးထားတယ်လို့လည်း ဆိုပါတယ်။

ဒေတာပိုမိုမြန်ဆန်စေဖို့အတွက် LTE gigabit အင်တာနာ၊ 4,000mAh ဘက်ထရီတို့ကိုလည်း ထည့်သွင်းပေးထားပြီး၊ Android 8.1 စနစ်ကိုမှ Nova Launcher က Default နဲ့ ဖြစ်ပါတယ်။ Android 9 Pie ကိုလည်း စမ်းသပ်နေပြီဖြစ်တယ်လို့ သိရတာကြောင့် မကြာခင်အချိန်အတွင်း OTA Update ကနေ Android Pie ပေးသွားမယ်လို့ ခန့်မှန်းရပါတယ်။

ဂိမ်မာတွေကို ပိုဆွဲဆောင်နိုင်ဖို့အတွက် PUBG Mobile ၊ Rival: Crimson x Chaos ၊ Marvel Future Fight စတဲ့ ဂိမ်းတွေကို ထုတ်ထားတဲ့ စတူဒီယိုတွေနဲ့ ပူးပေါင်းပြီးလည်း Razer Phone 2 မှာ ဂိမ်းတွေ ပိုအဆင်ပြေပြေ ဆော့နိုင်ဖို့ လုပ်ပေးထားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာလည်း အဆိုပါဂိမ်းတွေအတွက် သီးသန့် Item တွေ ထုတ်ပေးသွားဖို့လည်း ရှိပါတယ်။

Razer Phone 2 ရဲ့ အဓိက Feature အသစ်တွေကတော့ ရေစိုခံနိုင်မှု IP 67 Rating နဲ့ Wireless Charging ပါလာတာတွေပါ။ ဖုန်းကျောဘက်ကိုယ်ထည်က Wireless Charging လုပ်ဖို့အတွက် ဖန်သားနဲ့ ဖြစ်သွားပါတယ်။ ဖုန်းကို ဒေါင်လိုက်ဖြစ်ဖြစ်၊ အလျားလိုက်ဖြစ်ဖြစ် အားတင်သွင်းနိုင်မယ့် Chroma Lighting ပါ Charging Stand တခုကိုလည်း ၉၉ ဒေါ်လာနဲ့ ထုတ်ပေးသွားဦးမှာဖြစ်ပါတယ်။

 

Razer ပရိတ်သတ်တိုင်း သဘောကျမယ့် နောက် ပြောင်းလဲမှုတခုကတော့ ဖုန်းနောက်က Razer တံဆိပ်ပါ။ အခုတံဆိပ်အသစ်က အရောင် ၁၆.၈ သန်း ပြပေးနိုင်တဲ့ Chroma Lighting နဲ့ ဖြစ်သွားပြီး၊ Chroma ပါတဲ့ တခြား Razer Products တွေလိုပဲ Lighting Mode အမျိုးမျိုးပြောင်ထားနိုင်မှာပါ။ ဖုန်းမှာ Notification ဝင်လာရင်လည်း အဲ့တံဆိပ်ကနေ Lighting ပြပေးမှာဖြစ်ပြီး  ဖုန်းရှေ့က Notification LED ကိ ုဖြုတ်လိုက်တယ်လို့ သိရပါတယ်။ Notification LED ကြည့်နေကြလူတွေဆိုရင်တော့ နည်းနည်းတိုင်ပတ်မယ်ထင်ပါတယ်။

ကင်မရာတွေကိုလည်း Upgrade လုပ်ပေးထားပြီး၊ OIS ပါဝင်တဲ့ 12MP Wide-angle နဲ့ 12MP 2x Telephoto Lens သုံး Dual Camera စနစ် ဖြစ်သွားပါတယ်။ ရှေ့ကင်မရာကတော့ 8MP တလုံးတည်းပါပဲ။ လက်ဗွေရာဆန်ဆာက ဘေးဘက်မှာဖြစ်ပြီး၊ Quick Charge 4+ သုံးနိုင်မှာဖြစ်ပါတယ်။

Razer Phone 2 ရဲ့ ဈေးနှုန်းကတော့ ၇၉၉ ဒေါ်လာဖြစ်ပြီး၊ အရင်မော်ဒယ်ထက် ဒေါ်လာ ၁၀၀ ပိုများလာတာပါ။ ယနေ့ကစ Pre-Order တင်နိုင်ပြီဖြစ်ပြီး၊ Shipping ရက်ကတော့ မကြေညာရသေးပါဘူး။ လောလောဆည် ‘Mirror’ finish ပဲ ရဦးမှာဖြစ်ပြီး၊ matte ‘Satin’ အရောက်ကတော့ အခုနှစ်ကုန်ခါနီးလောက်မှ ထွက်လာမှာဖြစ်ပါတယ်။

Ref: The Verge, 9to5 Google, Android Police

You may be interested

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares0 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန္တီးေနတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန္တီးေနတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ္ေဆာင္းက Gaming Phone တစ္လံုးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း အဲဒီ သတင္းဟာ မတူညီတဲ့ အျခား တစ္ေနရာက ထြက္ေပၚလာပါတယ္။ Ice Universe က ၀ီဘိုမွာ ဒီသတင္းကို ဖြလိုက္တာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းက…

Leave a Comment

Most from this category