0 Shares 36 Views
Snapdragon 845 ပါတဲ့ Razer Phone 2 ကို ကြေညာ
Oct 11, 2018
0 36
Ref : gsmarena
[Unicode]
Snapdragon 845 ပါတဲ့ Razer Phone 2 ကို ကွညော
Razer က ဒုတိယမျိုးုဆက် Gaming Phone ကို ပြသလိုက်ပါတယ်။ သူ့မှာ ၅.၇ လက်မ IGZO LCD Display ထည့်သွင်းထားပြီး မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 16:9 ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ ယခင်မျိုးဆက်ထက် ၅၀ ရာခိုင်နှုန်း ပိုမို တောက်ပလာပါတယ်။ Refresh Rate မှာ 120Hz ဖြစ်တဲ့အတွက် ပုံရိပ်များ ထစ်ခြင်း မရှိပါဘူး။ HDR ကိုလည်း ထောက်ပံ့တဲ့အတွက် ဂိမ်းနဲ့ ဗီဒီယိုများမှာ ရုပ်ထွက်များက အလွန် ကောင်းပါတယ်။
Snapdragon 845 Chipset အတွက် အအေးပေးစနစ် ထည့်ထားတာက ဂိမ်းကစားလို့ အပူလွန်ကဲတာကို ကာကွယ်ပေးပါတယ်။ 8GB RAM , 64GB UFS Storage များ ပါတဲ့ အပြင် microSD Card စိုက်နိုင်ပါတယ်။ QuickCharge 4.0 နဲ့ လျှင်မြန်တဲ့ Qi ကြိုးမဲ့ အားသွင်း စနစ်ပါတဲ့ 4000mAh Battery ထည့်ထားပါတယ်။ IP67 ရေစိုခံ စံနှုန်း ရှိပြီး ရေအနက် ၁ မီတာမှာ ၃၀ မိနစ် အသုံးပြုနိုင်ပါတယ်။
ဖုန်းရဲ့ အနောက်ဘက် လိုဂိုဟာ အရောင်တောက်ပပြီး LED မီးသီးရဲ့ အရောင်များနဲ့ လိုက်ဖက်ညီပါတယ်။ အနောက်ကင်မရာ ၂ လုံး ပါပြီး ပင်မ 12MP Camera မှာ Dual Pixel AF , OIS များပါပါတယ်။ 12MP Camera အပိုမှာ 2x Telephoto Lens ပါပါတယ်။ 60fps ဖြင့် 2160p Video များနဲ့ 120fps ဖြင့် Full HD Slow-motion Video များကို ဖမ်းယူပေးနိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပြီး 60fps ဖြင့် Full HD Video များ ရိုက်ကူးနိုင်ပါတယ်။ Android 8.1 Oreo ထည့်သွင်းထားပြီး OS Update ကို ရရှိမှာပါ။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၈၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena
You may be interested
OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
0 shares0 views
OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Nigma - Dec 12, 2018
(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…
Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
71 shares12 views
Dual Camera ပါတဲ့ Huawei P Smart (2019)
Ko Thuya - Dec 12, 2018
Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…
Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views
Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Ko Thuya - Dec 12, 2018
Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…
Leave a Comment
Most from this category