1211 Shares 707 Views


Oct 11, 2018
1211 707





Ref : gsmarena

[Unicode]

Asus ROG Gaming Phone ရဲ့ ဈေးနှုန်းကို သိရပြီ

Asus က ဇွန်လမှာ ကျင်းပခဲ့တဲ့ Computex မှာ ROG Gaming Phone ကို ပြသခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ ဈေးနှုန်းကို သိရပါပြီ။ 128GB Storage Model ကို ၈၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 512GB Model ဟာ ၁၀၉၉ ဒေါ်လာ ကျသင့်ပါတယ်။

ROG Mobile Desktop Dock ဟာ ၂၂၉.၉၉ ဒေါ်လာ ၊ ROG TwinView Dock ဟာ ၃၉၉.၉၉ ဒေါ်လာ ၊ ROG Gamevice Controller ဟာ ၈၉.၉၉ ဒေါ်လာ ၊ ROG WiGig Dock ဟာ ၃၂၉.၉၉ ဒေါ်လာ ၊ ROG Professional Dock ဟာ ၁၁၉.၉၉ ဒေါ်လာ ၊ ROG Phone Case ဟာ ၅၉.၉၉ ဒေါ်လာ တန်ကြေးရှိပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့မှာ အမေရိကန်တွင် ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။ ပို့ဆောင်ပေးမယ့် နေ့ကိုတော့ ကုမ္ပဏီက မပြောသေးပါဘူး။ Asus ROG Phone ဟာ ဂိမ်းကစားဖို့ အထူး ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့မှာ Snapdragon 845 Chipset, 8GB RAM , UFS 2.1 Storage များ ထည့်သွင်းထားပါတယ်။

၆ လက်မ AMOLED Touchscreen ပါပြီး Refresh Rate မှာ 90Hz ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ 1080x2160p ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ Android OS ကို အထူး ဖန်တီးထားတဲ့ ROG Gaming UI နဲ့ ပေါင်းစပ်ထားပါတယ်။ အနောက်ဘက်မှာ 12+8MP Dual Camera နဲ့ အရှေ့ဘက်မှာ 8MP Selfie Camera များ ပါပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Android, HUBS, Mobiles & Tablets
0 shares0 views

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်

Ko Thuya - Feb 23, 2019

OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Android, Huawei, HUBS
131 shares14 views

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ

Ko Thuya - Feb 23, 2019

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
NEWS, Odd
1072 shares231 views

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်

Ko Thuya - Feb 23, 2019

သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…

Leave a Comment

Most from this category