0 Shares 755 Views

Xiaomi Mi 8 မ်ား ၄ လအတြင္း အလံုးေရ ၆ သန္း ေရာင္းခ်ရ

Oct 10, 2018
0 755

ေရွာင္မီရဲ႕ တည္ေထာင္သူနဲ႔ စီအီးအို ျဖစ္သူ လီဂြ်န္က ၀ီဘိုမွာ ကုမၸဏီရဲ႕ မွတ္တိုင္ အသစ္တစ္ခုကို ေၾကညာလိုက္ပါတယ္။ သူက Xiaomi Mi 8 မ်ား ၄ လအတြင္း အလံုးေရ ၆ သန္း ေရာင္းခ်ရတယ္လို႔ ေျပာပါတယ္။ အဲဒီအထဲမွာ Mi 8 , Mi 8 Pro , Mi 8 Lite နဲ႔ Mi 8 SE တို႔ ပါ၀င္ပါတယ္။ ဒီရလဒ္ဟာ အလြန္ ေကာင္းၿပီး ကမာၻအ၀န္းမွာ Mi 8 Series မ်ားကို လူႀကိဳက္မ်ားေနတာကို ျပသလိုက္ပါတယ္။

Mi 8 ကို လြန္ခဲ့တဲ့ ၄ လအၾကာက ေရာင္းခ်ခဲ့ပါတယ္။ Mi 8 Pro နဲ႔ Mi 8 Lite တို႔ကို စက္တင္ဘာလမွာ ၀ယ္ယူႏိုင္ခဲ့ပါတယ္။ လာမယ့္ လမ်ားအတြင္းမွာ ေနာက္ထပ္ သန္းေပါင္းမ်ားစြာ ေရာင္းခ်ႏုိင္ေျခရွိပါတယ္။ ဒီသမိုင္းမွတ္တိုင္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ လီဂြ်န္က တရုတ္မွာ Mi 8 Standard Version ကို ယြမ္ ၂၀၀ ( ၂၈ ေဒၚလာ) ေစ်းေလွ်ာ့ ေရာင္းခ်ခဲ့ပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေစ်းဟာ ယြမ္ ၂၄၉၉ ( ၃၆၀ ေဒၚလာ) ျဖစ္သြားပါၿပီ။

Mi 8 Pro က ပိုမို စြမ္းရည္ျမင့္မားၿပီး Mi 8 Explorer ရဲ႕ ႏိုင္ငံတကာ ေမာ္ဒယ္ ျဖစ္ႏုိင္ပါတယ္။ သူ႔မွာ ဖိအားကို အာရံုခံႏိုင္တဲ့ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္သြင္းထားပါတယ္။ အျပာနဲ႔ ေရႊ စတဲ့ အေရာင္ အသစ္ႏွစ္မ်ိဳးကို ထုတ္လုပ္ေပးထားပါတယ္။ Mi 8 Explorer မွာလို ေဖာက္ထြင္းျမင္ရတဲ့ အေနာက္ကာဗာ ပါတဲ့ ေမာ္ဒယ္ကိုလည္း ထုတ္လုပ္ထားပါတယ္။

Mi 8 Pro အတြက္ 6GB or 8GB RAM မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ Explorer Edition မွာ 8GB သာ ပါပါတယ္။ Mi 8 Pro မွာ ၆.၂၁ လက္မ 1080x2248p OLED Display , Snapdragon 845 , 12MP f/1.8+12MP f/2.4 Main Camera , 20MP Selfie Camera မ်ား ပါပါတယ္။

Mi 8 Lite မွာ ၆.၂၆ လက္မ LCD , Snapdragon 660 Chipset , 12MP+5MP Rear Camera , 24MP Selfie Camera , 3350mAh Battery မ်ား ထည့္သြင္းထားပါတယ္။ Mi 8 Lite မွာေတာ့ သာမာန္ လက္ေဗြရာ ကိရိယာကို အေနာက္ဘက္မွာ ျမွပ္ႏွံထားပါတယ္။ အျပာနဲ႔ ခရမ္း၊ လိေမၼာ္၊ အ၀ါေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Xiaomi Mi 8 များ ၄ လအတွင်း အလုံးရေ ၆ သန်း ရောင်းချရ

ရှောင်မီရဲ့ တည်ထောင်သူနဲ့ စီအီးအို ဖြစ်သူ လီဂျွန်က ဝီဘိုမှာ ကုမ္ပဏီရဲ့ မှတ်တိုင် အသစ်တစ်ခုကို ကြေညာလိုက်ပါတယ်။ သူက Xiaomi Mi 8 များ ၄ လအတွင်း အလုံးရေ ၆ သန်း ရောင်းချရတယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာ Mi 8 , Mi 8 Pro , Mi 8 Lite နဲ့ Mi 8 SE တို့ ပါဝင်ပါတယ်။ ဒီရလဒ်ဟာ အလွန် ကောင်းပြီး ကမ္ဘာအဝန်းမှာ Mi 8 Series များကို လူကြိုက်များနေတာကို ပြသလိုက်ပါတယ်။

Mi 8 ကို လွန်ခဲ့တဲ့ ၄ လအကြာက ရောင်းချခဲ့ပါတယ်။ Mi 8 Pro နဲ့ Mi 8 Lite တို့ကို စက်တင်ဘာလမှာ ဝယ်ယူနိုင်ခဲ့ပါတယ်။ လာမယ့် လများအတွင်းမှာ နောက်ထပ် သန်းပေါင်းများစွာ ရောင်းချနိုင်ခြေရှိပါတယ်။ ဒီသမိုင်းမှတ်တိုင်ကို ဂုဏ်ပြုတဲ့အနေနဲ့ လီဂျွန်က တရုတ်မှာ Mi 8 Standard Version ကို ယွမ် ၂၀၀ ( ၂၈ ဒေါ်လာ) ဈေးလျှော့ ရောင်းချခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ ဈေးဟာ ယွမ် ၂၄၉၉ ( ၃၆၀ ဒေါ်လာ) ဖြစ်သွားပါပြီ။

Mi 8 Pro က ပိုမို စွမ်းရည်မြင့်မားပြီး Mi 8 Explorer ရဲ့ နိုင်ငံတကာ မော်ဒယ် ဖြစ်နိုင်ပါတယ်။ သူ့မှာ ဖိအားကို အာရုံခံနိုင်တဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။ အပြာနဲ့ ရွှေ စတဲ့ အရောင် အသစ်နှစ်မျိုးကို ထုတ်လုပ်ပေးထားပါတယ်။ Mi 8 Explorer မှာလို ဖောက်ထွင်းမြင်ရတဲ့ အနောက်ကာဗာ ပါတဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်ထားပါတယ်။

Mi 8 Pro အတွက် 6GB or 8GB RAM များ ရွေးချယ်နိုင်ပါတယ်။ Explorer Edition မှာ 8GB သာ ပါပါတယ်။ Mi 8 Pro မှာ ၆.၂၁ လက်မ 1080x2248p OLED Display , Snapdragon 845 , 12MP f/1.8+12MP f/2.4 Main Camera , 20MP Selfie Camera များ ပါပါတယ်။

Mi 8 Lite မှာ ၆.၂၆ လက်မ LCD , Snapdragon 660 Chipset , 12MP+5MP Rear Camera , 24MP Selfie Camera , 3350mAh Battery များ ထည့်သွင်းထားပါတယ်။ Mi 8 Lite မှာတော့ သာမာန် လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ မြှပ်နှံထားပါတယ်။ အပြာနဲ့ ခရမ်း၊ လိမ္မော်၊ အဝါရောင်များ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena

You may be interested

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares0 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန္တီးေနတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန္တီးေနတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ္ေဆာင္းက Gaming Phone တစ္လံုးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း အဲဒီ သတင္းဟာ မတူညီတဲ့ အျခား တစ္ေနရာက ထြက္ေပၚလာပါတယ္။ Ice Universe က ၀ီဘိုမွာ ဒီသတင္းကို ဖြလိုက္တာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းက…

Leave a Comment

Most from this category