243 Shares 42 Views

Google က Home Hub အမည္ရ Smart Display ကို ျပသ

Oct 10, 2018
243 42

Google က Home Hub အမည္ရ Smart Home Display ကို ျပသလိုက္ပါတယ္။ သူဟာ Google Home Smart Speaker နဲ႔ Tablet Interface ကို ေပါင္းစပ္ထားတာ ျဖစ္ပါတယ္။ သူဟာ Amazon Echo Show အျပင္ မေန႔ကမွ ေၾကညာသြားတဲ့ Facebook Portal နဲ႔ ဆင္တူပါတယ္။ သူ႔မွာ ၇ လက္မ ထိေတြ႕မ်က္ႏွာျပင္နဲ႔ ေအာက္ေျခမွာ စပီကာ ပါပါတယ္။ အျဖဴ၊ အညိဳ၊ အစိမ္းနဲ႔ ပန္းေရာင္မ်ား ထုတ္လုပ္ထားပါတယ္။

သူ႔ကို ေနအိမ္မွာ သက္ေတာင့္သက္သာ သံုးလို႔ရေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ အခန္းရဲ႕ အလင္းေရာင္ အေပၚ မူတည္ၿပီး သူက စကရင္ကို ခ်ိန္ညွိေပးပါတယ္။ သူ႔မွာ ကင္မရာေတာ့ မပါပါဘူး။ သူ႔ကို အသံအမိန္႔မ်ားနဲ႔ ခုိင္းေစႏုိင္ပါတယ္။ သူ႔ကို ေနအိမ္တစ္ခုမွ လူမ်ားစြာ သံုးႏုိင္ေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ သူက လူမ်ားရဲ႕ အသံမ်ားကို ခြဲျခား သိပါတယ္။

ေနအိမ္မွ စမတ္ ကိရိယာမ်ားရဲ႕ သတင္းအခ်က္အလက္မ်ားကို ျပသေပးတဲ့ Dashboard ျဖစ္တဲ့ Home View ပါပါတယ္။ စမတ္ တံခါးေသာ့နဲ႔ အပူခ်ိန္တိုင္း ကိရိယာတို႔လို Nest Device မ်ားကို သူကေန ထိန္းခ်ဳပ္ႏုိင္ပါတယ္။ သူ႔ကို အသံုးမျပဳတဲ့ အခ်ိန္မွာ ဓါတ္ပံု ဖရိမ္လို သံုးႏုိင္ပါတယ္။ သူက သင့္ရဲ႕ Google Photos မွ အယ္လ္ဘမ္မ်ားကိုပါ ျပသေပးပါတယ္။ သူ႔ကို ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ၿပီး ၁၄၉ ေဒၚလာ သတ္မွတ္ထားပါတယ္။

[Unicode]

Google က Home Hub အမည်ရ Smart Display ကို ပြသ

Google က Home Hub အမည်ရ Smart Home Display ကို ပြသလိုက်ပါတယ်။ သူဟာ Google Home Smart Speaker နဲ့ Tablet Interface ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ သူဟာ Amazon Echo Show အပြင် မနေ့ကမှ ကြေညာသွားတဲ့ Facebook Portal နဲ့ ဆင်တူပါတယ်။ သူ့မှာ ၇ လက်မ ထိတွေ့မျက်နှာပြင်နဲ့ အောက်ခြေမှာ စပီကာ ပါပါတယ်။ အဖြူ၊ အညို၊ အစိမ်းနဲ့ ပန်းရောင်များ ထုတ်လုပ်ထားပါတယ်။

သူ့ကို နေအိမ်မှာ သက်တောင့်သက်သာ သုံးလို့ရအောင် ဒီဇိုင်းထုတ်ထားပါတယ်။ အခန်းရဲ့ အလင်းရောင် အပေါ် မူတည်ပြီး သူက စကရင်ကို ချိန်ညှိပေးပါတယ်။ သူ့မှာ ကင်မရာတော့ မပါပါဘူး။ သူ့ကို အသံအမိန့်များနဲ့ ခိုင်းစေနိုင်ပါတယ်။ သူ့ကို နေအိမ်တစ်ခုမှ လူများစွာ သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ သူက လူများရဲ့ အသံများကို ခွဲခြား သိပါတယ်။

နေအိမ်မှ စမတ် ကိရိယာများရဲ့ သတင်းအချက်အလက်များကို ပြသပေးတဲ့ Dashboard ဖြစ်တဲ့ Home View ပါပါတယ်။ စမတ် တံခါးသော့နဲ့ အပူချိန်တိုင်း ကိရိယာတို့လို Nest Device များကို သူကနေ ထိန်းချုပ်နိုင်ပါတယ်။ သူ့ကို အသုံးမပြုတဲ့ အချိန်မှာ ဓါတ်ပုံ ဖရိမ်လို သုံးနိုင်ပါတယ်။ သူက သင့်ရဲ့ Google Photos မှ အယ်လ်ဘမ်များကိုပါ ပြသပေးပါတယ်။ သူ့ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၁၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

You may be interested

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy
Android, FEATURES, HUBS
0 shares0 views

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy

Ko Thuya - Oct 18, 2018

သင္ျပဳလုပ္တဲ့ အလုပ္အေပၚ မူတည္ၿပီး သင့္ဖုန္းမွ App မ်ားကို အလိုအေလွ်ာက္ ဖြင့္ေပးႏိုင္ရင္ အလြန္ အဆင္ေျပမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ သင္ Headset တပ္လိုက္တဲ့ အခ်ိန္မွာ သင္ႏွစ္သက္တဲ့ Music App ကို ဖြင့္ေပးျခင္း၊ လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္းမ်ားျပဳလုပ္ရင္…

Lenovo ရဲ႕ Foldable Tablet လာမည္
Android, HUBS, Lenovo
0 shares0 views

Lenovo ရဲ႕ Foldable Tablet လာမည္

Ko Thuya - Oct 18, 2018

ေခါက္ခ်ိဳးေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းမ်ားကို ကုမၸဏီမ်ားက တီထြင္ဖန္တီးေနတဲ့ သတင္းမ်ား ထြက္ေပၚေနတာ ႏွစ္အနည္းငယ္ေတာင္ ၾကာပါၿပီ။ ေစ်းကြက္ထဲကိုေတာ့ အဲဒီ စမတ္ဖုန္းမ်ား မေရာက္လာေသးပါဘူး။ ဒါေပမယ့္ မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ပထမဆံုး ေစ်းကြက္ထဲ ေရာက္လာႏုိင္တာက လီႏုိဗိုရဲ႕ ေကြးညႊတ္ ေခါက္ခ်ိဳး ႏိုင္တဲ့…

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ႔ရဲ႕ R1 Drone ကို Apple Watch ကေန ထိန္းခ်ဳပ္ႏုိင္တဲ့ စြမ္းရည္ကို ထည့္သြင္းေပးလိုက္ၿပီိလုိ႔ ေၾကညာလိုက္ပါတယ္။ Skydio R1 ဟာ လူေတြက မထိန္းခ်ဳပ္ရင္ေတာင္ အလိုအေလွ်ာက္ ပ်ံသန္းၿပီး ဓါတ္ပံု၊ ဗီဒီယို ရိုက္ကူးျခင္းလို…

Leave a Comment

Most from this category