434 Shares 150 Views


Oct 10, 2018
434 150





unicode

Xiaomi က ၆၀ ဒေါ်လာတန် 4K HDR Mi Box S ကို ကြေညာ

Google ရဲ့ ဟာ့ဒ်ဝဲ မိတ်ဆက်ပွဲမှာ ရှောင်မီက Streaming Player ရဲ့ မျိုးဆက်သစ် Mi Box S ကို ကြေညာလိုက်ပါတယ်။ အမေရိကန်မှာ Walmart.com ကနေ ဝယ်ယူနိုင်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၆၀ သတ်မှတ်ထားပြီး Remote ပါပါတယ်။ Mi Box S ဟာ တစ်နည်းအားဖြင့် သင့် ရိုးရိုး တီဗီကို ဈေးပေါပေါနဲ့ စမတ် တီဗီ ဖြစ်အောင် ပြုလုပ်ပေးတဲ့ ကိရိယာပါ။

ဂူဂယ်လ်ရဲ့ ထုတ်ကုန်များစွာ သူ့မှာ ပါပါတယ်။ အဲဒီအထဲမှာ Google Assistant , Chromecast လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း၊ တက်ဘလက်၊ ပီစီများမှ အွန်လိုင်း ရုပ်ရှင်၊ ဗီဒီယိုများကို တီဗီသို့ ထုတ်လွှင့်နိုင်သလို အသံအမိန့်များနဲ့လည်း ခိုင်းစေနိုင်ပါတယ်။ 60fps ဖြင့် 4K HDR ကို ထောက်ပံ့ပါတယ်။ Dolby DTS Audio နည်းပညာ ပါပါတယ်။

သူ့မှာ Multi-Core GPU , Quad-Core CPU , 2GB RAM , 8GB Storage , Bluetooth 4.2 , HDMI 2.0A Port , USB 2.0 Port များ ပါပါတယ်။ ယခင်မော်ဒယ်များမှာလို သူ့မှာ နောက်ဆုံးထုတ် Android TV ထည့်ထားပါတယ်။

Remote ရဲ့ ဒီဇိုင်းကို ဆန်းသစ်ထားပါတယ်။ Remote မှာ Netflix Button နဲ့ Live TV Button များ ပါလာပါတယ်။ ပါဝါ ခလုတ်ရဲ့ အောက်မှာ Google Assistant ကို အသုံးပြုနိုင်ပါတယ်။

You may be interested

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares0 views

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy

Ko Thuya - Oct 18, 2018

သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…

Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares0 views

Lenovo ရဲ့ Foldable Tablet လာမည်

Ko Thuya - Oct 18, 2018

ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…

Leave a Comment

Most from this category