1266 Shares 250 Views

Google Pixel 3 နဲ႔ 3 XL တို႔ရဲ႕ သိသင့္တဲ့ အေၾကာင္းအရာ အားလံုး

Oct 10, 2018
1266 250

Google က Pixel 3 နဲ႔ 3 XL တို႔ကို ေၾကညာလိုက္ပါၿပီ။ ဘက္ထရီနဲ႔ မ်က္ႏွာျပင္မ်ားကလြဲၿပီး က်န္တဲ့ အစိတ္အပိုင္းမ်ားဟာ တူညီၾကပါတယ္။ အေသးစိတ္ သတင္းအခ်က္အလက္မ်ားကို ေအာက္မွာ ေလ့လာပါ။

Display

XL မွာ ၆.၃ လက္မ 1440x2960p Display (532ppi) ထည့္သြင္းထားၿပီး 18.5:9 Aspect Ratio ျဖစ္ပါတယ္။ Pixel 3 မွာေတာ့ ေသးငယ္တဲ့ ၅.၅ လက္မ 18:9 Display ထည့္သြင္းထားၿပီး 1080x2160p Resolution ျဖစ္ပါတယ္။ သူတို႔ရဲ႕ တူညီတဲ့ အခ်က္မ်ားကို ေဖာ္ျပလိုက္ပါတယ္။ မ်က္ႏွာျပင္ ႏွစ္ခုစလံုးဟာ OLED မ်ား ျဖစ္ၿပီး HDR , Always-on နဲ႔ Color Mode မ်ားကို ေထာက္ပံ့ပါတယ္။ အေရွ႕နဲ႔ အေနာက္မွာ Gorilla Glass 5 ျဖင့္ ကာကြယ္ထားပါတယ္။

Battery

XL မွာ 3430mAh Battery နဲ႔ Pixel 3 မွာ 2915mAh Battery မ်ား ပါပါတယ္။ အသစ္ပါလာတဲ့ လုပ္ေဆာင္ခ်က္က ႀကိဳးမဲ့ အားသြင္း နည္းပညာပါ။ Pixel Stand က 10W ႏႈန္းျဖင့္ အားသြင္းေပးၿပီး Pixel 2 Phone မ်ားကို ႀကိဳးျဖင့္ အားသြင္းတဲ့ ႏႈန္းနဲ႔ တူညီပါတယ္။ Pixel 3 မ်ားကို 18W Charger ျဖင့္ အားသြင္းရင္ အလြန္လွ်င္ျမန္ပါတယ္။ ၁၅ မိနစ္ အားသြင္းရင္ ၇ နာရီ သံုးႏုိင္တယ္လို႔ ဂူဂယ္လ္က ေျပာပါတယ္။

Rear Camera

Rear Camera မ်ားက ယခင္ႏွစ္ ေမာ္ဒယ္မ်ားနဲ႔ တူပါတယ္။ 12.2MP f/1.8 Camera ျဖစ္ၿပီး Optical Image Stabilization , HDR+ မ်ား ပါပါတယ္။ လူေတြ မ်က္လံုး ဖြင့္ထားခ်ိန္၊ ျပံဳးေနတဲ့ အခ်ိန္မွာ ဓါတ္ပံု ရိုက္ကူးျခင္း၊ ဓါတ္ပံုထဲမွ လူတိုင္းကို Focus လုပ္ျခင္းမ်ားလို အလုပ္မ်ားကို လုပ္ေပးတဲ့ AI စနစ္ ပါပါတယ္။ တူညီတဲ့ ရိုက္ခ်က္မ်ားစြာမွ အေကာင္းဆံုးပံုကို ေရြးထုတ္ေပးပါတယ္။ Telephoto Lens မပါတဲ့အတြက္ Digital Zoom ကို ျမွင့္တင္ေပးတဲ့ Super Res Zoom ကလည္း AI စြမ္းရည္တစ္ခုပါ။ ကင္မရာက 60fps ျဖင့္ 4K Video မ်ားကို ဖမ္းယူေပးပါတယ္။ လမ္းေလွ်ာက္ျခင္း၊ ေျပးခုန္ျခင္းမ်ား ျပဳလုပ္တဲ့ အခါ ေခ်ာမြတ္တဲ့ ဗီဒီယိုမ်ားကို ဖမ္းယူေပးတဲ့ Fused Video Stabilization ပါပါတယ္။ Flash မသံုးဘဲ အေသးစိတ္က်တဲ့ Low-light Photo မ်ားကို ဖမ္းယူဖို႔ AI ကို သံုးထားတဲ့ Night Sight ကို မၾကာခင္မွာ Software Update ျဖင့္ ထည့္သြင္းေပးမွာပါ။

Front Camera

Phone ၂ လံုးစလံုးမွာ အေရွ႕ ကင္မရာ ၂ လံုးစီပါပါတယ္။ တူညီတဲ့ 8MP Camera မ်ား ျဖစ္ေပမယ့္ တစ္ခုက ၉၇ ဒီဂရီ ျမင္ကြင္းက်ယ္နဲ႔ အျခား တစ္လံုးက ၇၅ ဒီဂရီ ျမင္ကြင္းက်ယ္တို႔ ျဖစ္ပါတယ္။ သူတို႔မွာ Fused Video Stabilization မပါေပမယ့္ Digital Image Stabilization မ်ား ပါပါတယ္။

Chipset , Memory & Storage

Phone ၂ လံုးစလံုးမွာ Snapdragon 845 Chipset ထည့္သြင္းထားပါတယ္။ ဒါေပမယ့္ CPU ရဲ႕ ႏႈန္းကို ေလွ်ာ့ခ်ထားပါတယ္။ အရြယ္ႀကီး Core မ်ားကို 2.5GHz နဲ႔ အရြယ္ေသး Core မ်ားကို 1.6GHz သတ္မွတ္ထားတာက ဘက္ထရီကို ေခြ်တာခ်င္လို႔ျဖစ္ပါတယ္။ အျခား Snapdragon 845 မ်ားနဲ႔ ကြာဟခ်က္က 0.2GHz သာ ရွိပါတယ္။

မန္မိုရီ အပိုင္းမွာ ယခင္ႏွစ္ကထက္ ေရြးခ်ယ္စရာ နည္းသြားပါတယ္။ 4GB RAM တစ္မ်ိဳးသာရွိပါတယ္။ 64 or 128GB Storage မ်ား ထုတ္လုပ္ထားၿပီး Card Slot မပါပါဘူး။

အျခား Specs မ်ား

ဖုန္း ၂ လံုးစလံုးဟာ IP68 စံႏႈန္းျဖင့္ ေရစိုခံၿပီး ယခင္ႏွစ္ IP67 ထက္ တိုးတက္လာပါတယ္။ Just Black နဲ႔ Clearly White အျပင္ Not Pink အေရာင္ အသစ္ပါလာပါတယ္။ လက္ေဗြရာ ကိရိယာကို အေနာက္မွာ ထည့္သြင္းထားပါတယ္။

ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ ရက္

အေမရိကန္မွာ ယခုလ ၁၉ နဲ႔ ဥေရာပမွာ ႏုိ၀င္ဘာလ ၂ ရက္မွာ ေရာင္းမွာပါ။ Pixel 3 ရဲ႕ 64GB ကို ယူရို ၈၅၀ နဲ႔ 128GB ကို ယူရို ၉၅၀ သတ္မွတ္ထားပါတယ္။ XL ကေတာ့ ယူ၇ို ၉၅၀ နဲ႔ ၁၀၅၀ အသီးသီး က်သင့္ပါတယ္။ အေမရိကန္မွာ Pixel 3 ရဲ႕ 64GB ကို ၈၀၀ ေဒၚလာနဲ႔ XL ကို ၉၀၀ ေဒၚလာသတ္မွတ္ထားပါတယ္။

Ref : gsmarena

[Unicode]

Google Pixel 3 နဲ့ 3 XL တို့ရဲ့ သိသင့်တဲ့ အကြောင်းအရာ အားလုံး

Google က Pixel 3 နဲ့ 3 XL တို့ကို ကြေညာလိုက်ပါပြီ။ ဘက်ထရီနဲ့ မျက်နှာပြင်များကလွဲပြီး ကျန်တဲ့ အစိတ်အပိုင်းများဟာ တူညီကြပါတယ်။ အသေးစိတ် သတင်းအချက်အလက်များကို အောက်မှာ လေ့လာပါ။

Display

XL မှာ ၆.၃ လက်မ 1440x2960p Display (532ppi) ထည့်သွင်းထားပြီး 18.5:9 Aspect Ratio ဖြစ်ပါတယ်။ Pixel 3 မှာတော့ သေးငယ်တဲ့ ၅.၅ လက်မ 18:9 Display ထည့်သွင်းထားပြီး 1080x2160p Resolution ဖြစ်ပါတယ်။ သူတို့ရဲ့ တူညီတဲ့ အချက်များကို ဖော်ပြလိုက်ပါတယ်။ မျက်နှာပြင် နှစ်ခုစလုံးဟာ OLED များ ဖြစ်ပြီး HDR , Always-on နဲ့ Color Mode များကို ထောက်ပံ့ပါတယ်။ အရှေ့နဲ့ အနောက်မှာ Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။

Battery

XL မှာ 3430mAh Battery နဲ့ Pixel 3 မှာ 2915mAh Battery များ ပါပါတယ်။ အသစ်ပါလာတဲ့ လုပ်ဆောင်ချက်က ကြိုးမဲ့ အားသွင်း နည်းပညာပါ။ Pixel Stand က 10W နှုန်းဖြင့် အားသွင်းပေးပြီး Pixel 2 Phone များကို ကြိုးဖြင့် အားသွင်းတဲ့ နှုန်းနဲ့ တူညီပါတယ်။ Pixel 3 များကို 18W Charger ဖြင့် အားသွင်းရင် အလွန်လျှင်မြန်ပါတယ်။ ၁၅ မိနစ် အားသွင်းရင် ၇ နာရီ သုံးနိုင်တယ်လို့ ဂူဂယ်လ်က ပြောပါတယ်။

Rear Camera

Rear Camera များက ယခင်နှစ် မော်ဒယ်များနဲ့ တူပါတယ်။ 12.2MP f/1.8 Camera ဖြစ်ပြီး Optical Image Stabilization , HDR+ များ ပါပါတယ်။ လူတွေ မျက်လုံး ဖွင့်ထားချိန်၊ ပြုံးနေတဲ့ အချိန်မှာ ဓါတ်ပုံ ရိုက်ကူးခြင်း၊ ဓါတ်ပုံထဲမှ လူတိုင်းကို Focus လုပ်ခြင်းများလို အလုပ်များကို လုပ်ပေးတဲ့ AI စနစ် ပါပါတယ်။ တူညီတဲ့ ရိုက်ချက်များစွာမှ အကောင်းဆုံးပုံကို ရွေးထုတ်ပေးပါတယ်။ Telephoto Lens မပါတဲ့အတွက် Digital Zoom ကို မြှင့်တင်ပေးတဲ့ Super Res Zoom ကလည်း AI စွမ်းရည်တစ်ခုပါ။ ကင်မရာက 60fps ဖြင့် 4K Video များကို ဖမ်းယူပေးပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခုန်ခြင်းများ ပြုလုပ်တဲ့ အခါ ချောမွတ်တဲ့ ဗီဒီယိုများကို ဖမ်းယူပေးတဲ့ Fused Video Stabilization ပါပါတယ်။ Flash မသုံးဘဲ အသေးစိတ်ကျတဲ့ Low-light Photo များကို ဖမ်းယူဖို့ AI ကို သုံးထားတဲ့ Night Sight ကို မကြာခင်မှာ Software Update ဖြင့် ထည့်သွင်းပေးမှာပါ။

Front Camera

Phone ၂ လုံးစလုံးမှာ အရှေ့ ကင်မရာ ၂ လုံးစီပါပါတယ်။ တူညီတဲ့ 8MP Camera များ ဖြစ်ပေမယ့် တစ်ခုက ၉၇ ဒီဂရီ မြင်ကွင်းကျယ်နဲ့ အခြား တစ်လုံးက ၇၅ ဒီဂရီ မြင်ကွင်းကျယ်တို့ ဖြစ်ပါတယ်။ သူတို့မှာ Fused Video Stabilization မပါပေမယ့် Digital Image Stabilization များ ပါပါတယ်။

Chipset , Memory & Storage

Phone ၂ လုံးစလုံးမှာ Snapdragon 845 Chipset ထည့်သွင်းထားပါတယ်။ ဒါပေမယ့် CPU ရဲ့ နှုန်းကို လျှော့ချထားပါတယ်။ အရွယ်ကြီး Core များကို 2.5GHz နဲ့ အရွယ်သေး Core များကို 1.6GHz သတ်မှတ်ထားတာက ဘက်ထရီကို ချွေတာချင်လို့ဖြစ်ပါတယ်။ အခြား Snapdragon 845 များနဲ့ ကွာဟချက်က 0.2GHz သာ ရှိပါတယ်။

မန်မိုရီ အပိုင်းမှာ ယခင်နှစ်ကထက် ရွေးချယ်စရာ နည်းသွားပါတယ်။ 4GB RAM တစ်မျိုးသာရှိပါတယ်။ 64 or 128GB Storage များ ထုတ်လုပ်ထားပြီး Card Slot မပါပါဘူး။

အခြား Specs များ

ဖုန်း ၂ လုံးစလုံးဟာ IP68 စံနှုန်းဖြင့် ရေစိုခံပြီး ယခင်နှစ် IP67 ထက် တိုးတက်လာပါတယ်။ Just Black နဲ့ Clearly White အပြင် Not Pink အရောင် အသစ်ပါလာပါတယ်။ လက်ဗွေရာ ကိရိယာကို အနောက်မှာ ထည့်သွင်းထားပါတယ်။

ဈေးနှုန်းနဲ့ ရောင်းချမယ့် ရက်

အမေရိကန်မှာ ယခုလ ၁၉ နဲ့ ဥရောပမှာ နိုဝင်ဘာလ ၂ ရက်မှာ ရောင်းမှာပါ။ Pixel 3 ရဲ့ 64GB ကို ယူရို ၈၅၀ နဲ့ 128GB ကို ယူရို ၉၅၀ သတ်မှတ်ထားပါတယ်။ XL ကတော့ ယူရို ၉၅၀ နဲ့ ၁၀၅၀ အသီးသီး ကျသင့်ပါတယ်။ အမေရိကန်မှာ Pixel 3 ရဲ့ 64GB ကို ၈၀၀ ဒေါ်လာနဲ့ XL ကို ၉၀၀ ဒေါ်လာသတ်မှတ်ထားပါတယ်။

Ref : gsmarena

You may be interested

Lenovo ရဲ႕ Foldable Tablet လာမည္
Android, HUBS, Lenovo
0 shares0 views

Lenovo ရဲ႕ Foldable Tablet လာမည္

Ko Thuya - Oct 18, 2018

ေခါက္ခ်ိဳးေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းမ်ားကို ကုမၸဏီမ်ားက တီထြင္ဖန္တီးေနတဲ့ သတင္းမ်ား ထြက္ေပၚေနတာ ႏွစ္အနည္းငယ္ေတာင္ ၾကာပါၿပီ။ ေစ်းကြက္ထဲကိုေတာ့ အဲဒီ စမတ္ဖုန္းမ်ား မေရာက္လာေသးပါဘူး။ ဒါေပမယ့္ မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ပထမဆံုး ေစ်းကြက္ထဲ ေရာက္လာႏုိင္တာက လီႏုိဗိုရဲ႕ ေကြးညႊတ္ ေခါက္ခ်ိဳး ႏိုင္တဲ့…

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone
Apple, Drone, Gadgets
0 shares0 views

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ႔ရဲ႕ R1 Drone ကို Apple Watch ကေန ထိန္းခ်ဳပ္ႏုိင္တဲ့ စြမ္းရည္ကို ထည့္သြင္းေပးလိုက္ၿပီိလုိ႔ ေၾကညာလိုက္ပါတယ္။ Skydio R1 ဟာ လူေတြက မထိန္းခ်ဳပ္ရင္ေတာင္ အလိုအေလွ်ာက္ ပ်ံသန္းၿပီး ဓါတ္ပံု၊ ဗီဒီယို ရိုက္ကူးျခင္းလို…

Huawei က EMUI 9.0 Beta ကို ဖုန္း ၉ လံုးအတြက္ ျဖန္႔ခ်ီ
Android, Huawei, HUBS
0 shares0 views

Huawei က EMUI 9.0 Beta ကို ဖုန္း ၉ လံုးအတြက္ ျဖန္႔ခ်ီ

Ko Thuya - Oct 18, 2018

Huawei က Android Pie အေျချပဳ EMUI 9.0 Beta Program ကို ေၾကညာလိုက္ပါတယ္။ အဲဒီ Update ကို ရရွိမယ့္ စမတ္ဖုန္း စာရင္းကိုလည္း ဟြာေ၀းက တြစ္တာမွာ ေၾကညာလိုက္ပါတယ္။ အဲဒီ စမတ္ဖုန္းမ်ားထဲမွာ Huawei…

Leave a Comment

Most from this category