79 Shares 41 Views

Myanmar Idol Grand Final ပြဲစဥ္၏ SMS Voting မွ ရရွိလာေသာ ျမန္မာက်ပ္ သိန္း ၃၈ဝ ကို အူရီဒူးျမန္မာႏွင့္ Myanmar Idol တို႕မွ ေပးအပ္လွဴဒါန္း

ယေန႔တြင္ အူရီဒူးျမန္မာမွ Myanmar Idol ဖိုင္နယ္ပြဲစဥ္ SMS Voting မွ ရရွိခဲ့ေသာ ျမန္မာေငြက်ပ္သိန္း ၃၈ဝ အား လိႈင္သာယာၿမိဳ႕နယ္၊ အလယ္ရြာရွိ ေအာင္ေဇယ်ာမင္းဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း လူငယ္ဖြံ႕ၿဖိဳးေရးေဂဟာသို႕ Myanmar Idol အဖြဲ႕ဝင္မ်ားႏွင့္အတူ သြားေရာက္လွဴဒါန္းခဲ့ပါသည္။ ယင္းလွဴဒါန္းမွဳမွာ မိဘမဲ့ကေလးေဂဟာ အေဆာက္အအံု ေဆာက္လုပ္ရန္ႏွင့္ အျခားလိုအပ္သည့္ စားနပ္ရိကၡာမ်ားျဖစ္ေသာ ဆန္အိတ္မ်ား၊ ပဲ၊ ဆီႏွင့္ ဆား တစ္လစာ တို႔ကို ပံ႔ပိုးေပးႏုိင္ခဲ့ပါသည္။

ယခုႏွစ္အေစာပိုင္းတြင္ အူရီဒူးျမန္မာမွ Myanmar Idol Season 3 အား တရားဝင္ဆက္သြယ္ေရးမိတ္ဖက္အျဖစ္ ကူညီပံ႔ပုိးေပးခဲ့ပါသည္။ Myanmar Idol Grand Final အား ၂၀၁၈ခုႏွစ္၊ ၾသဂုတ္လ၊ ၁၁ ရက္ေန႔တြင္ က်င္းပခဲ့ၿပီး ျမန္မာတစ္ႏိုင္ငံလံုးရွိ ၾကည့္ရွႈသူပရိသတ္မ်ားက မိမိတို႕ႏွစ္သက္သည့္ျပိဳင္ပြဲဝင္မ်ားအတြက္ တစ္ခဲနက္မဲေပးခဲ့ၾကပါသည္။ ဤၿပိဳင္ပြဲက်င္းပေနစဥ္အတြင္း ကပင္ အူရီဒူးျမန္မာသည္ SMS Voting မွ ရရွိလာေသာ ဝင္ေငြမ်ားကို ျပန္လည္လွဴဒါန္းရန္ ေၾကညာခဲ့ျခင္း ျဖစ္သည္။

“ျမန္မာႏိုင္ငံႏွင့္ ျပည္သူလူထုဖြံ႕ျဖိဳးတိုးတက္ဖို႕အတြက္ကို အူရီဒူးျမန္မာက အၿမဲ ကူညီပံ႔ပိုးေပးလ်က္ရွိပါတယ္။ Myanmar Idol က ျမန္မာလူငယ္ေတြရဲ႕ ပင္ကုိယ္အရည္အေသြး ႏွင့္ ပါရမီေတြကို ထုတ္ေဖာ္္ေပးႏိုင္ဖိ္ု႔အတြက္ ကၽြန္ေတာ္တို႔ပံ႔ပိုးေပးႏုိင္ခဲ့တဲ့ အစီအစဥ္တစ္ခု ျဖစ္ပါတယ္။ လူငယ္ေတြက ႏိုင္ငံရဲ႕အနာဂတ္ျဖစ္တာေၾကာင့္ သူတို႔ရဲ႕အိမ္မက္ေတြ၊ ရည္မွန္းခ်က္ေတြကို ျပည့္ဝေစဖို႔အတြက္ သူတို႔ေလးေတြကို အခြင့္အေရးေတြေပးသင့္တယ္လို႔ ကၽြန္ေတာ္တို႔ ယံုၾကည္ပါတယ္။ ဒီေန႔ လွဴဒါန္းပြဲမွာ Myanmar Idol ၿပိဳင္ပြဲဝင္ေတြရဲ႕ တက္ၾကြစြာပါဝင္ကူညီၾကတာေတြနဲ႕ မိဘမဲ႔ကေလးငယ္ေတြရဲ႕ ေပ်ာ္႐ႊင္မႈေတြကိုၾကည့္ၿပီး ကၽြန္ေတာ္ တကယ့္ကိုပီတိျဖစ္ရပါတယ္။ ဒီလွဴဒါန္းမႈေလးက ကၽြန္ေတာ္တို႔အူရီဒူးကို သံုးစြဲေနတဲ့ျပည္သူေတြ အားလံုးဆီကေပးပို႔တဲ့ Myanmar Idol ဖိုင္နယ္ပြဲစဥ္ SMS Voting ကေနရရွိတာကို လွဴဒါန္းတဲ႔အတြက္ေၾကာင့္ အားလံုးရဲ႕အလွဴ ျဖစ္ပါတယ္။” ဟု အူရီဒူးျမန္မာ၏ Chief Commercial Officer ျဖစ္သူ Mr. Alok Verma မွ ေျပာၾကားခဲ့ပါသည္။

ဘုန္းႀကီးေက်ာင္းေဆာင္မွာ ေက်ာင္းသားအားလံုးအတြက္ ေနရာအလံုအေလာက္မရွိေသာေၾကာင့္ လူေနေဆာင္အား ေန႔ဘက္အခ်ိန္အခါတြင္ စာသင္ေဆာင္ အျဖစ္အသံုးျပဳၾကရပါသည္။ ေအာင္ေဇယ်ာမင္းဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းတြင္ မိဘမဲ႕ကေလး ၉၇၀ အပါအဝင္ ေက်ာင္းသားေပါင္း ၂၇ဝဝ ေက်ာ္မွ ပညာသင္ၾကားလ်က္ရွိပါသည္။ ဤလွဴဒါန္းမႈမွ မိဘမဲ႕ကေလးငယ္မ်ားေနထိုင္ရန္အေဆာင္ ပံံ႕ပုိးေပးႏုိင္မည္ျဖစ္သည္။

အလွဴပြဲက်င္းပေနစဥ္အတြင္းတြင္ ယခုႏွစ္ Myanmar Idol တြင္ အႏိုင္ရရွိသြားသူ ၿဖိဳးျမတ္ေအာင္ ႏွင့္ ဒုတိယဆုရရွိခဲ့သူ ခ်မ္းေျမ႕ေမာင္ခ်ိဳတုိ႔အပါအဝင္ ျမန္မာအို္င္ေဒါ Season 3 မွ ၿပိဳင္ပြဲဝင္မ်ားကလည္း ေတးသီခ်င္းမ်ားစြာျဖင့္ သီဆိုေဖ်ာ္ေျဖခဲ့ၿပီး ကေလးမ်ား ႏွင့္အတူ ေပ်ာ္ရႊင္စြာ ဂိမ္းမ်ားကစားခဲ့ပါသည္။

Ref: Ooredoo Myanmar

Myanmar Idol Grand Final ပွဲစဉ်၏ SMS Voting မှ ရရှိလာသော မြန်မာကျပ် သိန်း ၃၈ဝ ကို အူရီဒူးမြန်မာနှင့် Myanmar Idol တို့မှ ပေးအပ်လှူဒါန်း

ယနေ့တွင် အူရီဒူးမြန်မာမှ Myanmar Idol ဖိုင်နယ်ပွဲစဉ် SMS Voting မှ ရရှိခဲ့သော မြန်မာငွေကျပ်သိန်း ၃၈ဝ အား လှိုင်သာယာမြို့နယ်၊ အလယ်ရွာရှိ အောင်ဇေယျာမင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း လူငယ်ဖွံ့ဖြိုးရေးဂေဟာသို့ Myanmar Idol အဖွဲ့ဝင်များနှင့်အတူ သွားရောက်လှူဒါန်းခဲ့ပါသည်။ ယင်းလှူဒါန်းမှုမှာ မိဘမဲ့ကလေးဂေဟာ အဆောက်အအုံ ဆောက်လုပ်ရန်နှင့် အခြားလိုအပ်သည့် စားနပ်ရိက္ခာများဖြစ်သော ဆန်အိတ်များ၊ ပဲ၊ ဆီနှင့် ဆား တစ်လစာ တို့ကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

ယခုနှစ်အစောပိုင်းတွင် အူရီဒူးမြန်မာမှ Myanmar Idol Season 3 အား တရားဝင်ဆက်သွယ်ရေးမိတ်ဖက်အဖြစ် ကူညီပံ့ပိုးပေးခဲ့ပါသည်။ Myanmar Idol Grand Final အား ၂၀၁၈ခုနှစ်၊ သြဂုတ်လ၊ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ကြည့်ရှှုသူပရိသတ်များက မိမိတို့နှစ်သက်သည့်ပြိုင်ပွဲဝင်များအတွက် တစ်ခဲနက်မဲပေးခဲ့ကြပါသည်။ ဤပြိုင်ပွဲကျင်းပနေစဉ်အတွင်း ကပင် အူရီဒူးမြန်မာသည် SMS Voting မှ ရရှိလာသော ဝင်ငွေများကို ပြန်လည်လှူဒါန်းရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံနှင့် ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို အူရီဒူးမြန်မာက အမြဲ ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ Myanmar Idol က မြန်မာလူငယ်တွေရဲ့ ပင်ကိုယ်အရည်အသွေး နှင့် ပါရမီတွေကို ထုတ်ဖော်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ပံ့ပိုးပေးနိုင်ခဲ့တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ လူငယ်တွေက နိုင်ငံရဲ့အနာဂတ်ဖြစ်တာကြောင့် သူတို့ရဲ့အိမ်မက်တွေ၊ ရည်မှန်းချက်တွေကို ပြည့်ဝစေဖို့အတွက် သူတို့လေးတွေကို အခွင့်အရေးတွေပေးသင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီနေ့ လှူဒါန်းပွဲမှာ Myanmar Idol ပြိုင်ပွဲဝင်တွေရဲ့ တက်ကြွစွာပါဝင်ကူညီကြတာတွေနဲ့ မိဘမဲ့ကလေးငယ်တွေရဲ့ ပျော်ရွှင်မှုတွေကိုကြည့်ပြီး ကျွန်တော် တကယ့်ကိုပီတိဖြစ်ရပါတယ်။ ဒီလှူဒါန်းမှုလေးက ကျွန်တော်တို့အူရီဒူးကို သုံးစွဲနေတဲ့ပြည်သူတွေ အားလုံးဆီကပေးပို့တဲ့ Myanmar Idol ဖိုင်နယ်ပွဲစဉ် SMS Voting ကနေရရှိတာကို လှူဒါန်းတဲ့အတွက်ကြောင့် အားလုံးရဲ့အလှူ ဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma မှ ပြောကြားခဲ့ပါသည်။

ဘုန်းကြီးကျောင်းဆောင်မှာ ကျောင်းသားအားလုံးအတွက် နေရာအလုံအလောက်မရှိသောကြောင့် လူနေဆောင်အား နေ့ဘက်အချိန်အခါတွင် စာသင်ဆောင် အဖြစ်အသုံးပြုကြရပါသည်။ အောင်ဇေယျာမင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် မိဘမဲ့ကလေး ၉၇၀ အပါအဝင် ကျောင်းသားပေါင်း ၂၇ဝဝ ကျော်မှ ပညာသင်ကြားလျက်ရှိပါသည်။ ဤလှူဒါန်းမှုမှ မိဘမဲ့ကလေးငယ်များနေထိုင်ရန်အဆောင် ပံံ့ပိုးပေးနိုင်မည်ဖြစ်သည်။

အလှူပွဲကျင်းပနေစဉ်အတွင်းတွင် ယခုနှစ် Myanmar Idol တွင် အနိုင်ရရှိသွားသူ ဖြိုးမြတ်အောင် နှင့် ဒုတိယဆုရရှိခဲ့သူ ချမ်းမြေ့မောင်ချိုတို့အပါအဝင် မြန်မာအိုင်ဒေါ Season 3 မှ ပြိုင်ပွဲဝင်များကလည်း တေးသီချင်းများစွာဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ကလေးများ နှင့်အတူ ပျော်ရွှင်စွာ ဂိမ်းများကစားခဲ့ပါသည်။

Ref: Ooredoo Myanmar

You may be interested

OnePlus 5 နဲ႕ 5T အတြက္ Android 9 Pie Open Beta စတင္ ရရွိ
Mobiles & Tablets, NEWS, Softwares & Application
0 shares0 views

OnePlus 5 နဲ႕ 5T အတြက္ Android 9 Pie Open Beta စတင္ ရရွိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ႕ 5T ကိုင္ေနသူေတြအတြက္ သတင္းေကာင္းပါ။ ဒီဖုန္းႏွစ္လုံးအတြက္ Android 9 Pie Oxygen OS Open Beta ေတြကို ထုတ္ေပးလိုက္ျပီျဖစ္ေၾကာင္း OnePlus ဖိုရမ္မွာ ကုမၸဏီအဖြဲ႕ဝင္တေယာက္က တင္ထားပါတယ္။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
71 shares12 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ျပင္သစ္ အေရာင္းဆိုင္ Boulanger က စာရင္းတင္လိုက္ပါတယ္။ ဟြာေ၀းကေတာ့ တရား၀င္ ေၾကညာျခင္း မရွိေသးပါဘူး။ အခုေတာ့ ၀က္ဘ္စာမ်က္ႏွာကို ဖယ္ရွားလိုက္ေပမယ့္ သူ႔ရဲ႕ Specs မ်ားကို သိလိုက္ရပါတယ္။ သူ႔မွာ ၆.၂…

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာမႈေၾကာင့္ ကုမၸဏီရဲ႕ စီအီးအိုကို လႊတ္ေတာ္က ဆင့္ေခၚ
Google, HUBS, NEWS
0 shares4 views

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာမႈေၾကာင့္ ကုမၸဏီရဲ႕ စီအီးအိုကို လႊတ္ေတာ္က ဆင့္ေခၚ

Ko Thuya - Dec 12, 2018

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာတာနဲ႔ ပတ္သက္ၿပီး အေမရိကန္ လႊတ္ေတာ္က ဂူဂယ္လ္ရဲ႕ စီအီးအို ျဖစ္သူ Pichai ကို ဆင့္ေခၚ ေမးျမန္းလိုက္ပါတယ္။ Search Engine ရဲ႕…

Leave a Comment

Most from this category