0 Shares 99 Views

ဂျက်အင်ဂျင်ထည့်ထားပြီး သာမန်ထက်သုံးဆပိုအခြောက်မြန်တဲ့ Supersonic Hairdryer

နာမည်ကျော်ဗြိတိန်သိပ္ပံပညာရှင် James Dyson ဟာ ဂျက်အင်ဂျင်တပ်ဆင်ထားပြီး သာမန်ထက်သုံးဆပိုမိုအခြောက်မြန်တဲ့ ကမ္ဘာ့ပထမဆုံး Supersonic Hairdryer ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါဟာ Dyson ကုမ္ပဏီရဲ့ ပထမဆုံး လူသုံးကုန်ပစ္စည်းတီထွင်မှုတစ်ခုဖြစ်ပါတယ်။

ဒီပစ္စည်းထုတ်လုပ်ဖို့အတွက် ပေါင်သန်း၅၀လောက်ရင်းနှီးခဲ့ရတယ်လို့ ကုမ္ပဏီကပြောပါတယ်။ ဒါပေမယ့် ပေါင် ၂၉၉ (ကျပ်ငါးသိန်းခန့်) ရှိမယ့်ဒီပစ္စည်းဟာ စက်ရုံကနေမူရင်းထုတ်လုပ်တဲ့ ဈေးထက် နှစ်ဆလောက် မြောက်နေမှာဖြစ်ပါတယ်။ Dryer ဟာ ဂျက်အင်ဂျင်အသေးစားတစ်လုံးကို တပ်ဆင်ထားတာကြောင့် ကြီးမားတဲ့လေစီးကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလေစီးဟာ သာမန် Dryer တွေထက်ပိုမိုတဲ့လေစီးနှုန်းကို ရရှိစေမှာဖြစ်တာကြောင့် သုံးဆလောက်ဆံပင်ကို ပိုပြီးခြောက်တာမြန်စေတယ

supersonic-hairdryer

Sir James က လက်ကိုင်မှာ အသွား၁၃စိတ်ပါတဲ့ ပန်ကာအသွားတစ်ခုကိုထည့်သွင်းထားတာဖြစ်ပြီး အဲ့ဒီပန်ကာသွားလည်တဲ့အကြိမ်ဟာ 110,000rpm ရှိတယ်လို့ သိရပါတယ်။ ဒီ Hairdryer မှာထူးခြားတာနောက်တစ်ခုက အလယ်မှာ တိုးလျိုပေါက်အနေနဲ့ ဟောင်းလောင်းထားထားတာဖြစ်လို့ ဟိုဘက်ဒီဘက်ထွင်းဖောက်မြင်နေရမှာပါ။

supersonic hairdryer2

လေတိုက်နှုန်းနဲ့ အပူချိန်မြင့်မားလို့ ဆံပင်တွေပျက်စီးတာတွေ၊ လူကို အန္တရာယ်ရှိစေနိုင်တာတွေဖြစ်ပေါ်စေနိုင်တယ်လို့ ဝေဖန်ခဲ့ကြပေမယ့် Sir James Dyson ကတော့ ဆံပင်တွေအနေနဲ့ အပူချိန် 150C မှပျက်စီးတာဖြစ်ပြီး ဒီ Hairdryer မှာတော့ အမြင့်ဆုံးအပူချိန် 90C နဲ့ သာမန်အသုံးပြုမှုအတွက် 69C လောက်တာထားထားတာဖြစ်လို့ ပျက်စီးစေမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

supersonic hairdryer3

ဒီပရောဂျက်အတွက် အင်ဂျင်နီယာ ၁၀၃ယောက်ဟာ အချိန်လေးနှစ်ယူပြီး ပေါင်သန်းငါးဆယ်လောက်အကုန်အကျခံ လုပ်ဆောင်ခံကြတာဖြစ်ပြီး ရှေ့ပြေးပုံစံအခု ၆၀၀ နဲ့ မိုင်တစ်ထောင်ကျော်ရှည်တဲ့ လူ့ဆံပင်တွေကိုအသုံးပြုပြီး စမ်းသပ်ထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီ Supersonic Hairdryer ကိုလာမယ့် ဇွန်လမှာ ဂျပန်နဲ့၊ UK ကဆိုင်တွေမှာ ရနိုင်တော့မှာဖြစ်ပါတယ်။

Ref: Mirror, BBC

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Leave a Comment

Most from this category