0 Shares 25 Views

Nintendo NX ဂိမ်းစက်ထုတ်လုပ်မည့်နေ့ကို ကြေငြာ

ကောလာဟလသတင်းတွေ များစွာထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ Nintendo ကုမ္ပဏီဟာ သူတို့ရဲ့ နောက်ထပ်ထုတ်လုပ်မယ့် ဂိမ်းစက် ထွက်မယ့်နေ့ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ NX လို့နာမည်ပေးထားတဲ့ အဲ့ဒီ ဂိမ်းစက်အသစ်ကို လာမယ့် ၂၀၁၇ခုနှစ်၊ မတ်လမှာ ထုတ်ပြန်ကြေငြာမှာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရဲ့ ဗီဒီယိုဂိမ်းပလက်ဖောင်းလုပ်ငန်းအပေါ် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အရ Nintendo ဟာ လက်ရှိမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တဲ့ NX ဂိမ်းစက်အသစ်ကို လာမယ့် ၂၀၁၇ခုနှစ်၊ မတ်လမှာ တစ်ကမ္ဘာလုံးကို ဖြန့်ချိသွားမှာဖြစ်ပါတယ်” လို့ကုမ္ပဏီက ပြောခဲ့တာဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့လအနည်းငယ်က ထွက်ပေါ်ခဲ့တဲ့ ကောလဟလသတင်းတွေကို မှန်ကန်စေခဲ့တာဖြစ်ပါတယ်။

Sony နဲ့ Microsoft တို့က လာမယ့်ဇွန်လမှာပြုလုပ်မယ့် ဂိမ်းနဲ့ အီလက်ထရောနစ်ပြပွဲ E3 2016 မှာ သူတို့ရဲ့ ဂိမ်းကွန်ဆိုးလ် အသစ်တွေကို အသီးသီးထုတ်ပြန်ဖို့ ပြုလုပ်နေချိန်မှာ အခုလိုမျိုးသတင်းထွက်လာတာဖြစ်ပါတယ်။ Nintendo အနေနဲ့ သူတို့ရဲ့ နာမည်ကြီးဂိမ်းတစ်မျိုးဖြစ်တဲ့ Wii U ဂိမ်းစက်အတွက် နာမည်ကြီးဂိမ်းဖြစ်တဲ့ Zelda ကိုတော့ ၂၀၁၇ခုနှစ်အတွင်းမှာ နောက်ကျမှ ထုတ်လုပ်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ
Apple, HUBS, Mobiles & Tablets
208 shares49 views

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ

Ko Thuya - Nov 24, 2017

Apple က ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone အတွက် Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။ US Patent and Trademark Office (USPTO) မှ သတင်းအချက်အလက်များအရ အဲဒီ Patent ဟာ ကွေးညွှတ်ပျော့ပြောင်းတဲ့ မျက်နှာပြင်တပ်ဆင်ထားတဲ့ ကိရိယာ ဖြစ်ပြီး…

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်
Mobiles & Tablets, NEWS
340 shares149 views

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်

Nwe Oo - Nov 24, 2017

မကြာသေးခင်ကပဲ OnePlus 5T ဖုန်းတွေကို မိတ်ဆက်လိုက်ပြီးနောက်မှာတော့ ဖုန်းရဲ့ hardware ပိုင်းရော software ပိုင်းကိုပါ တော်တော်လေးစိတ်တိုင်းကျခဲ့ပါတယ်။ ပေးရတဲ့ $499 နဲ့တော်တော်ကြီးတန်တဲ့ဖုန်းတစ်လုံးလို့တော့ ဆိုရမှာပါ။ OnePlus ကုမ္ပဏီက အရမ်းတော့မကြီးပေမယ့်လည်း သူ့ရဲ့ဈေးကွက်ကို သူကိုယ်တိုင်နားလည်ပါတယ်။ $500 လောက်နဲ့  ကမ္ဘာမှာနာမည်ကြီးနေတဲ့…

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ
Mobiles & Tablets, NEWS
183 shares58 views

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ

Ko Thuya - Nov 24, 2017

Coolpad က အိန္ဒိယမှာ တန်ဖိုးနည်း Note 5 Model အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ယခုနှစ် သြဂုတ်လမှာ အိန္ဒိယတွင် ရောင်းချပေးခဲ့တဲ့ Note 5 Lite C ရဲ့ Storage ထက် နှစ်ဆ ပိုမိုများပြားတဲ့ 32GB…

Leave a Comment

Most from this category