အကောင်းမွန်ဆုံး ‘Perfect Shot’ တွေကို ပေးစွမ်းမယ့် Vivo V11 ရဲ့ AI Camera စွမ်းဆောင်ရည်များ

Vivo ကနေ အခုနောက်ဆုံးမိတ်ဆက်ထားတဲ့ V11 စမတ်ဖုန်းဟာ Mid-range ဖုန်းဆိုပေမယ့်၊ အမိုက်စားနည်းပညာသစ်တွေကို ပေါင်းစပ်ထည့်သွင်းပေးထားတဲ့ ဖုန်းတလုံးဖြစ်ပါတယ်။ Flagship ဖုန်းအများစုမှာတောင် မတွေ့ရသေးတဲ့ In-display Fingerprint Sensor နည်းပညာ ၊ စခရင်အပြည့်အရသာကို ပေးစွမ်းမယ့် ‘Halo’ notch တို့က V11 ကို Mid-range ဖုန်းအားလုံးထဲမှာ ထူးခြား၊ ကွဲထွက်နေစေတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် V11 အကြောင်းပြောမယ်ဆိုရင် သူ့ရဲ့ ကင်မရာစွမ်းဆောင်ရည်ကလည်း မပါမဖြစ် ထည့်ပြောသင့်တဲ့အချက်တခုပါ။

Vivo V11 စမတ်ဖုန်းမှာ ကျောကင်မရာက 12MP+5MP dual setup ဖြစ်ပြီး၊ အဓိက 12MP ကင်မရာက Dual Pixel Sensors နည်းပညာနဲ့ ဖြစ်ပါတယ်။ Pixel တခုချင်းစီကိုမှ နှစ်ပိုင်းထပ်ခွဲပြီး၊ အဆိုပါ Subpixel တခုချင်းစီကလည်း အလင်းသီးသန့်ဖမ်းယူနိုင်တာကြောင့် အလင်းဖမ်းယူမှုအပိုင်းမှာ သိသိသာသာ အားကောင်းလာပါတယ်။ ဒါကိုမှ f/1.8 အထိဖွင့်ရိုက်ပေးနိုင်တဲ့ အပါချာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ Low-light မှာတောင် အကောင်းဆုံးပုံတွေကို ပေးစွမ်းနိုင်မှာပါ။

 

တိုတောင်းလျတဲ့ ဝ.၀၃ စက္ကန့်အတွင်းမှာတင် Focus အမိဖြတ်ပေးနိုင်တဲ့ Dual-Pixel Autofocus နည်းပညာကလည်း ပါဝင်သေးတာဆိုတော့ ကျနော့်လို Point and Shoot သမားအတွက်တော့ တကယ်ကို အဆင်ပြေပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ကင်မရာရဲ့ နဂိုစွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေဖို့အတွက် AI လုပ်ဆောင်ချက်တွေကိုလည်း ထပ်ထည့်ပေးထားပါသေးတယ်။

ယခု Article မှာတော့ V11 ပိုင်ရှင်တွေအနေနဲ့လည်း အကောင်းမွန်ဆုံးဓာတ်ပုံတွေကို လွယ်ကူစွာ ရိုက်နိုင်ဖို့အတွက် Vivo V11 ကင်မရာရဲ့ AI လုပ်ဆောင်ချက်တွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ AI Bokeh

AI Bokeh ကတော့ V11 ကင်မရာလုပ်ဆောင်ချက်တွေထဲမှာ လူတိုင်းနှစ်သက်မယ့် feature ပါ။ 12MP+5MP ကျောကင်မရာအတွဲက နောက်ခံဝါးထားတဲ့ အမိုက်စားပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ကိုယ်ပြချင်တဲ့ အဓိကအစိတ်အပိုင်းကို ပိုမိုပေါ်လွင်အောင် အပါချာကစားပြီး စိတ်ကြိုက် Blur ရိုက်ကူးနိုင်တာကလည်း Perfect Shot တွေ ဖန်တီးဖို့တော်တော်အထောက်အကူဖြစ်ပါတယ်။ ရိုက်ပြီးသွားတဲ့အခါမှာတောင် Blur ပမာဏကို အမြဲတမ်းပြန်ချိန်ညှိလို့ရပါသေးတယ်။

၂။ AI Backlight HDR

နေရောင်လိုမျိုး အလင်းမတရားများတဲ့ဘက်ကို ဦးတည်ပြီး ဓာတ်ပုံရိုက်ကူးတဲ့အခါ အရှေ့က Subject က သိသိသာသာမှောင်ကျသွားတတ်ပါတယ်။ ဒါပေမယ့် Vivo V11 မှာတော့ အဆိုပါဖြစ်ရပ်မျိုး မကြုံတွေ့အောင်အတွက် AI Backlight HDR လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ AI စွမ်းရည်နဲ့ ဖရိန်အများအပြားကို ရိုက်ကူးပြီး၊ Exposure မညီတာတွေကို အလိုအလျောက်ပြင်ပေးကာ အလင်းအမှောင်ညီမျှလှပတဲ့ ပုံတပုံအဖြစ် ထုတ်ပေးတဲ့ နည်းပညာဖြစ်ပါတယ်။ ရင်သပ်ငေးမောစရာ Backlit ဓာတ်ပုံတွေကို ဘယ်သူမဆို အခက်အခဲမရှိ ရိုက်ကူးနိုင်မှာပါ။

၃။ AI Low Light Mode

စမတ်ဖုန်းကင်မရာတိုင်းလိုလို အလင်းနည်းတဲ့ ညဘက်အချိန်တွေမှာ ပုံထွက်ကောင်းကောင်းမရိုက်ကူးနိုင်ပါဘူး။ V11 မှာတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် AI လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ အလင်းရောင်နည်းတဲ့မြင်ကွင်းဆို တပြိုင်တည်း ပုံခြောက်ပုံ ရိုက်ကာ၊ ပြီးတော့မှ အကောင်းဆုံးပုံတပုံအဖြစ် ပြန်လည်ထုတ်ပေးတာ ဖြစ်ပါတယ်။ သူ့ကောင်းကျိုးကတော့ ညဘက်အချိန်တွေမှာတောင် Noise ကင်းကင်းနဲ့ အသေးစိတ်ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေ ရိုက်နိုင်တာပါ။ ဒါကလည်း AI လုပ်ဆောင်ချက်ဖြစ်တာကြောင့် ကိုယ်က ဘာမှလုပ်စရာမလိုပါဘူး၊ တန်းချိန်၊ တန်းရိုက်ပါပဲ။

၄။ AI Scene Recognition

Vivo V11 မှာ ပါတဲ့ Jovi Assistant ကလည်း ကင်မရာအတွက် AI စွမ်းဆောင်ရည်တွေနဲ့ Scene Recognition လုပ်ပေးနိုင်ပါတယ်။ အသုံးပြုသူက ဘာမြင်ကွင်းကို ရိုက်ဖို့ ချိန်နေလဲဆိုတာကို AI က အလိုလိုသိပြီး၊ သူ့ Scene နဲ့ အကောင်းဆုံးဖြစ်မယ့် ကင်မရာ Settings တွေကို အလိုလိုချိန်ပေးသွားတာပါ။ ဆိုပါစို့ ကိုယ်က အစားအသောက်ပုံလေးတွေ ရိုက်မယ်ဆိုရင် ချိန်လိုက်တာနဲ့ ကင်မရာက Food Mode အဖြစ် အလိုလို ပြောင်းသွားပြီး ပိုမိုစားချင်စဖွယ်ကောင်းတဲ့ ပုံမျိုးရအောင် ပြင်ပေးမှာဖြစ်ပါတယ်။ ပန်းပင်၊ ပန်းပွင့်လေးတွေ ရိုက်မယ်ဆိုရင် Plant Mode အလိုလိုဖြစ်သွားပြီး၊ ကာလာတွေ ပိုပေါ်လွင်လာအောင် ရိုက်ပေးနိုင်ပါတယ်။

ကိုယ်ချိန်တာက ဘာ Scene ဖြစ်မလဲဆိုတာကို AI က ချက်ချင်းတန်းခွဲခြားနိုင်ပြီး၊ စမ်းသပ်ရိုက်ကူးသမျှ Scene တိုင်းကိုလည်း လုံးဝကွက်တိ ခွဲခြားပေးနိုင်ပါတယ်။ လူပုံ Portrait တွေမှာလည်း AI ရဲ့ Edge-detection က တိကျသေသပ်တဲ့အတွက် နောက်ခံကပဲ လုံးဝဝါးနေပြီး၊ လူက ဓာတ်ပုံမှာ ထင်းထွက်နေမှာဖြစ်ပါတယ်။ ဆံပင်အဖျားလေးတွေကအစ ပြတ်သားမှုရှိအောင် Edge detect လုပ်ပေးနိုင်တဲ့ စွမ်းရည်ကတော့ ချီးကျူးသင့်ပါတယ်။

၅။ AI Portrait Framing

V11 ကင်မရာရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး လုပ်ဆောင်ချက်ကို ပြပါဆိုရင် AI Portrait Framing ကို ပြရမှာပါ။ တခြားဖုန်းတွေမှာ ပါလေ့မရှိတဲ့ ထူးခြားတဲ့ AI လုပ်ဆောင်ချက်တခုဖြစ်ပါတယ်။ Portrait ဓာတ်ပုံတွေ ရိုက်တဲ့အခါ ကင်မရာကို ဘယ်လိုအနေအထားနဲ့ ကိုင်ပြီး၊ ဘယ်လို ချိန်ရိုက်တာက Subject ကို ပိုပေါ်လွင်၊ ကြည့်ကောင်းစေမယ်ဆိုတာကို ကင်မရာက လူကို စခရင်ပေါ်ကနေ ပြန်လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ Frame ကျကျ၊ လှပအောင် မရိုက်တတ်တဲ့လူတွေကို ဆရာကျလာအောင် ကူညီပေးမယ့် Feature လို့ ဆိုရင်လည်း မမှားပါဘူး။

၆။ AI Selfie Lighting

အထက်မှာ ပြောသွားတဲ့ AI လုပ်ဆောင်ချက်တွေက ကျောကင်မရာအတွက်ပဲ ရှိပါသေးတယ်။ V11 ရဲ့ 25MP ရှေ့ Selfie ကင်မရာမှာလည်း Perfect Shot ၊ Perfect Selfie တွေအတွက် ကူညီစွမ်းဆောင်ပေးမယ့် AI လုပ်ဆောင်ချက်တွေ ပါဝင်ပါသေးတယ်။ ပထမဆုံးတခုကတော့ AI Selfie Lighting ပါ။ စတူဒီယိုထဲမှာ ရိုက်တဲ့ အလင်းရောင်ပုံစံ၊ သဘာဝအလင်းရောင်ပုံစံ၊ နောက်ခံ Background ကိုပဲ အဖြူအမည်းပြောင်းပေးမယ့် Monochrome Background စသဖြင့် Lighting လုပ်ဆောင်ချက်အမျိုးမျိုးပါဝင်ပါတယ်။

ဒါ့အပြင် Selfie တွေကို ပိုမိုဆွဲဆောင်မှုရှိအောင် ပြောင်းလဲပေးဖို့အတွက် AI Face Beauty စနစ်၊ မျက်နှာအသွင်အပြင်ကို ကိုယ့်စိတ်ကြိုက် ခွဲစိတ်ပြုပြင်သလိုမျိုး ပြင်ဆင်နိုင်မယ့် AI Face Shaping လို AI လုပ်ဆောင်ချက်တွေကလည်း အားလုံးနှစ်သက်ကြမယ့် လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

Vivo V11 ဟာ “AI Camera, Perfect Shot” ဆိုပြီး ကြွေးကြော်ထားတဲ့အတိုင်း၊ တကယ့်ကို ပြီးပြည့်စုံ၊ လှပတဲ့ရိုက်ချက်တွေကို ဖန်တီးပေးနိုင်တဲ့ စမတ်ဖုန်းတလုံးဖြစ်တယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

အကောင်းမွန်ဆုံး ‘Perfect Shot’ တွေကို ပေးစွမ်းမယ့် Vivo V11 ရဲ့ AI Camera စွမ်းဆောင်ရည်များ

%d bloggers like this: