Ookla မှ အူရီဒူးအား ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အမြန်ဆုံး မိုဘိုင်းကွန်ရက်အဖြစ် Speedtest ဆုချီးမြှင့်

Ookla မှ Speedtest Intelligence ရဲ့ စမ်းသပ်ချက်များအရ အူရီဒူးကွန်ရက်ဟာ ၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဒေတာကူးပြောင်းရာတွင် ကြန့်ကြာမှု Latency အနည်းဆုံးဖြင့် အမြန်ဆန်ဆုံုး ကွန်ရက်ဖြစ်လာပါတယ်။

အမြန်ဆုံးကွန်ရက် ဖြစ်သည်သာမက ၂၀၁၈ခုနှစ် စက်တင်ဘာလနောက်ဆုံးပတ်၏ ဒေတာအချက်အလက်များအရ မြန်မာပြည်ရှိ မြို့နယ်ပေါင်း ၂၈၅ မြို့နယ်တွင် အူရီဒူး 4G Plus ကွန်ရက် လွှမ်းခြုံပေးနိုင်ပြီဖြစ်ရာ အကျယ်ပြန့်ဆုံးကွန်ရက်လည်း ဖြစ်ပါသည်။

၂၀၁၈ခုနှစ် တတိယသုံးလပတ်ရလဒ်ကို အခြေပြုပြီး အူရီဒူးက Latency 37ms ဖြင့် ပျှမ်းမျှ Download အမြန်နှုန်း 32.51 Mbps ၊ ပျှမ်းမျှ Upload အမြန်နှုန်း 17.15 Mbps တို့ရရှိပြီး၊ အမြန်ဆုံးကွန်ရက်အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ Ookla ၏ ၂၀၁၈ခုနှစ် ဒုတိယသုံးလပတ်ရလဒ်တွင် Latency 47ms ဖြင့် ပျမ်းမျှ Download အမြန်နှုန်းမှာ 31.73 Mbps၊ Upload နှုန်းမှာ 16.75 Mbps တို့ ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် ပထမသုံးလပတ်ရလဒ်တုန်းကတော့ ပျမ်းမျှ Download အမြန်နှုန်းက 24.90 Mbps နှင့် ပျမ်းမျှ Upload အမြန်နှုန်းက 13.13 Mbps တို့ဖြစ်ပြီး Latency မှာ 53ms ဖြစ်ပါသည်။ ဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင် အူရီဒူးကွန်ရက်တွေ ပိုမိုမြန်ဆန်ကောင်းမွန်၊ တည်ငြိမ်လာတာကို တွေ့ရမှာပါ။

၂၀၁၆ခုနှစ်၊ မေလက မြန်မာနိုင်ငံမှာ G Plus ဝန်ဆောင်မှုကို ပထမဆုံးစတင်မိတ်ဆက်ခဲ့သည့် ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ Ooredoo ရဲ့ 4G Plus ကွန်ရက်ဟာ ၂၀၁၈ခုနှစ် အောက်တိုဘာလ နောက်ဆုံးပါတ်မှာ မြို့နယ်ပေါင်း (၃၀၀) ကို လွှမ်းခြုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါဆိုရင် မြန်မာပြည်ရှိ ပြည်နယ်တွေရဲ့ ၉၁ % က အူရီဒူး 4G Plus ကွန်ရက် လွှမ်းခြုံမှုအောက်တွင် ရှိနေမယ့်သဘောပါ။ ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ စုစုပေါင်း လူဦးရေဲ့ ၉၂ % ဟာ အူရီဒူးကွန်ရက်လွှမ်းခြုံမှု အောက်တွင် ရှိမယ်လို့ မျှော်မှန်းထားကြောင်း အူရီဒူးမြန်မာ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က

“ အူရီဒူးမြန်မာအနေဖြင့် ဒီဂျစ်တယ်မြန်မာနိုင်ငံဖြစ်လာစေဖို့အတွက် ပံ့ပိုးအားဖြည့်ပေးသွားမည်ဆိုသည့် ရည်မှန်းချက်နဲ့အညီ ကျွန်တော်တို့ရဲ့ 4G+ ကွန်ရက်ကို ဆက်လက်တိုးချဲ့သွားမှာ ဖြစ်ရုံသာမက များစွာသော ဒီဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုပါ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ သုံးစွဲသူပြည်သူများအနေနဲ့ ဒီဂျစ်တယ်အတွေ့အကြုံတွေကို My Ooredoo App မှတစ်ဆင့် ခံစားသိရှိနိုင်မှာ ဖြစ်ပြီး တစ်မူထူးခြားတဲ့ Ooredoo Next နှင့် မိမိကြိုက်နှစ်သက်ရာ အစီအစဉ်ကို My Ooredoo App ရှိ စိတ်တိုင်းကျအစီအစဉ်တွင် ဖန်တီးအသုံးပြုနိုင်မယ့် ဝန်ဆောင်မှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မကြာသေးမီကပင် Supernet Wireless အိမ်သုံးကြိုးမဲ့အင်တာနက်ကို မိတ်ဆက်ပေးခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူပြည်သူများအနေဖြင့် မိမိတို့ရဲ့မိသားစုနဲ့အတူ မြန်မာနိုင်ငံရဲ့ အမြန်ဆန်ဆုံးကွန်ရက်အတွေ့အကြုံကို ခံစားနိုင်တော့မှာဖြစ်ပါတယ်။”

လို့ ပြောကြားခဲ့ပါတယ်။

Ookla မှ အူရီဒူးအား ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အမြန်ဆုံး မိုဘိုင်းကွန်ရက်အဖြစ် Speedtest ဆုချီးမြှင့်

%d bloggers like this: