0 Shares 358 Views

၂၀၀၃ခုနှစ်မှ ယခုအထိ Apple ၏အမြတ်ဝင်ငွေ ပထမဆုံးအကြိမ်ကျဆင်း

Apr 28, 2016
0 358

အမေရိကန်နည်းပညာ ကုမ္ပဏီကြီး Apple ရဲ့ ဒုတိယသုံးလပတ် အမြတ်ဝင်ငွေကို ပြီးခဲ့တဲ့အင်္ဂါနေ့က ထုတ်ပြန်ခဲ့ရမှာ ၁၃ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ နည်းပညာဘီလူးကြီးအနေရဲ့ သုံးလပတ်ရောင်းအားဟာ ဒေါ်လာ ၅၈ဘီလျံကနေ ၅၀.၅၆ ဘီလျံကို ကျဆင်းသွားခဲ့တာလည်း ဖြစ်တာကြောင့် ၂၀၀၃ခုနှစ်ကနေ ယခုအချိန်အတွင်းမှာ ပထမဆုံးအကြိမ်အမြတ်ငွေကျဆင်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

Apple ဟာ iPhone တွေကိုသုံးလပတ်အတွင်းမှာ ဒေါ်လာ ၅၁.၂သန်းဖိုး iPhone တွေကိုရောင်းချခဲ့ရတာဖြစ်လို့ ၂၀၁၅ခုနှစ်၊ သုံးလပတ် ရောင်းချလို့ရတဲ့ဝင်ငွေ ဒေါ်လာ ၆၁.၂သန်းကနေ ကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အဓိကရောင်းအားကျခဲ့တဲ့ နေရာဖြစ်ပြီးတော့ ၂၆ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာပါ။ Apple ရှယ်ယာတွေဟာလည်း ၈ရာခိုင်နှုန်းအထိကျဆင်းသွားတာဖြစ်ပြီး ၁၂လအတွင်းမှာ ၂၀ရာခိုင်နှုန်း ကျဆင်းဖို့ နီးစပ်သွားခဲ့ပါတယ်။

apple office

Apple ရဲ့ CEO ဖြစ်သူ Tim Cook ကတော့ ကုမ္ပဏီအနေနဲ့ ပြင်းထန်တဲ့စီးပွားရေး တိုက်ခိုက်မှုတွေကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ iPhone ဟာ နည်းပညာသမိုင်းမှာ အအောင်မြင်ဆုံး ပစ္စည်းအဖြစ် သမိုင်းဝင်ထားခဲ့ပြီဖြစ်ပေမယ့် ယခုလိုကိစ္စတွေကြုံတွေ့လာတာဟာ Apple အတွက်စိုးရိမ်စရာဖြစ်လာတာလဲ ဖြစ်ပါတယ်။ Apple Watch တွေရဲ့ရောင်းအားကို ဒေါ်လာတစ်ဘီလျံအဖြစ် သုံးလတစ်ပတ်အတိုင်းကို သတ်မှတ်ထားပေမယ့် လုံလောက်ခြင်းမရှိလို့ iPhone လိုမျိုး ရောင်းအားကျသွားဖို့ စိုးရိမ်နေရာတာဖြစ်ပါတယ်။ ဒီအပြင် Apple ရဲ့ သုံးလပတ်အမြတ်ဟာ ဒေါ်လာ ၁၃.၅ဘီလျံကနေ ဒေါ်လာ ၁၀.၅ ဘီလျံကို ကျဆင်းနေတာလည်း ဖြစ်ပါတယ်။

နည်းပညာပစ္စည်းတွေရဲ့ အဓိက ကျောရိုးဖြစ်တဲ့ တရုတ်နိုင်ငံမှာ ရောင်းအားကျဆင်းသွားခြင်းဟာ Apple အတွက် အဓိကထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့ပြီး တရုတ်ပြညသူတွေရဲ့ အချက်အလက်တွေကို တရုတ်ပြည်မကြီးထဲမှာပဲ သိမ်းဆည်းရမယ်ဆိုတဲ့ အချက်အလက်ကို ချိုးဖောက်မိခဲ့လို့ Apple ရဲ့ iBooks နဲ့ iTunes Movie ဝန်ဆောင်မှုတွေ ပိတ်သိမ်းခံလိုက်ရတဲ့ နောက်ပိုင်းမှာ ဒီသတင်းထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Ref: BBC

You may be interested

Virtual Phone Number များဖန်တီးပေးမယ့် Apps များ
FEATURES, Softwares & Application
0 shares0 views

Virtual Phone Number များဖန်တီးပေးမယ့် Apps များ

Ko Thuya - Jul 27, 2017

အင်တာနက်မှ အချို့ ၀န်ဆောင်မှု၊ ၀က်ဆိုက်များဟာ နိုင်ငံ ကန့်သတ်ချက်ရှိပါတယ်။ အဲဒီ ၀က်ဆိုက်များမှာ အကောင့် ပြုလုပ်ချင်ရင် ဥပမာအားဖြင့် အမေရိကန်လို နိုင်ငံမှ ဖုန်းနံပါတ် တစ်ခု လိုအပ်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကို Verify လုပ်နိုင်မှသာ အကောင့် ပြုလုပ်နိုင်မှာပါ။ ဥပမာအားဖြင့်…

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်
Knowledge, Local, Local Market Review
0 shares0 views

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်

zayarsan - Jul 27, 2017

ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ်ဘွတ်ကင်ဝန်ဆောင်မှု ဝက်ဆိုက်ဒ် Jovago မှ ဝက်ဆိုက်ဒ်အသုံးပြုသူများအတွက် Jovago Travel Smart အမည်ရ လျော့ဈေးနှစ်ထပ်ကွမ်းရရှိမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။ အဆိုပါအစီအစဉ်သစ်အရ Jovago င့် Jovago Mobile App တို့ကို ရှိနှင့်ပြီး…

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ
HUBS, LG, Local
115 shares48 views

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ

zayarsan - Jul 27, 2017

ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်ကုမ္ပဏီ LG Electronics သည် နောက်ဆုံးပေါ် ခြင်ပြေးနည်းပညာဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ (၁၀) ခုကို ပံ့ပိုးကူညီ ပေးခဲ့တယ် လို့ သိရပါတယ်။ ယခုနှစ်အစောပိုင်းကကျင်းပခဲ့တဲ့ LG ရဲ့ Valuable Night ပွဲကြီးတွင်…

Leave a Comment

Most from this category