0 Shares 13 Views

အွန်လိုင်းကနေ ဗီဒီယိုအစည်းအဝေးတွေပြုလုပ်နိုင်တဲ့ Skype for Business ကို Mac OS မှာသုံးနိုင်ပြီ

Apr 28, 2016
0 13

Microsoft ကထုတ်ထားတဲ့ စီးပွားရေးလုပ်ငန်းသုံး Skype for Business ကို ယခုအခါ Macbook တွေမှာလည်း သုံးနိုင်ပြီဖြစ်ပါတယ်။

Preview အနေနဲ့ အရင်ထွက်ရှိလာတာဖြစ်တာကြောင့်၊ အိုင်တီပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စမ်းသုံးချင်သူတွေအနေနဲ့၊ Skypepreview.com မှာ sign up လုပ်ကာ စမ်းသုံးနိုင်ပြီဖြစ်ပါတယ်။

Apple ကွန်ပြူတာသုံးသူတွေအနေနဲ့၊ အရင်လို ရိုးရိုး Skype ကနေသာ၊ ဗီဒီယိုအစည်းအဝေးတွေလုပ်နေစရာ မလိုတော့ဘဲ၊ feature စုံ ပိုကောင်းမွန်တဲ့၊ Skype for Business နဲ့ ပိုအဆင်ပြေပြေလုပ်နိုင်တော့မှာပါ။

Skype နဲ့ Skype for Business ကွာခြားချက်တွေထဲမှာ အဓိကတစ်ချက်က ရိုးရိုး Skype မှာ လူအယောက် ၂၅ ယောက်အထိပဲ အများဆုံးပြောနိုင်ပေမယ့်၊ Skype for Business မှာတော့ အယောက် ၂၅၀ အထိပြောဆိုနိုင်ပါတယ်။

ဒီ့အပြင် Skype for Business မှာ Outlook ပါဝင်လာမှု၊ ကလစ်တစ်ချက်တည်းနဲ့ meetings တွေကို join နိုင်မှု၊ စခရင်အပြည့်ဗီဒီယိုနဲ့ ပြောနိုင်မှု၊ စခရင်ကို တစ်ယောက်နဲ့တစ်ယောက် share လုပ်နိုင်မှု၊ အစည်းအဝေးလုပ်နေစဉ် စာရိုက်စကားပြောနိုင်မှု စတဲ့ များပြားတဲ့ feature တွေ ပါဝင်ပါတယ်။

Microsoft ရဲ့ ပြောကြားချက်အရ၊ Skype for Business ကို တရားဝင်ဗားရှင်းအဖြစ်မထွက်ခင်မှာပဲ၊ နောက်ထပ် Preview နှစ်ခါထုတ်သွားဦးမှာဖြစ်ပြီး၊ feature အသစ်တွေ တစ်ခုပြီးတစ်ခုထည့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: 9 to 5 mac

 

 

 

 

 

 

 

You may be interested

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
0 shares0 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
0 shares0 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ
Android, Huawei, HUBS
188 shares64 views

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ

Ko Thuya - Nov 21, 2017

ပြီးခဲ့တဲ့လက Huawei ဟာ တရုတ်မှာ Honor စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ သူကတော့ Huawei Honor 7X ဖြစ်ပြီး 18:9 Screen ပါတဲ့ပထမဆုံး Honor စမတ်ဖုန်း ဖြစ်ပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး…

Leave a Comment

Most from this category