Vivo V11 ဖုန်းရဲ့ ပထမအသုတ် ရောင်းချမှုမြင်ကွင်းများ

မြန်မာနိုင်ငံမှာ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Vivo ရဲ့ V11 နဲ့ V11i တို့ရဲ့ ပထမအသုတ်ရောင်းချမှုတွေကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က အမြို့မြို့အနယ်နယ်မှာ စတင်ခဲ့ပါတယ်။

First Sale မှာတော့ Pre-Order မှာယူထားသူတွေအပါအဝင် ၊ ပွဲအတွင်း လာရောက်ဝယ်ယူတွေနဲ့ပါ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပြီး အကအလှ ဖျော်ဖြေမှုတွေ ၊ တစ်ခြားသော အစီအစဉ်တွေနဲ့အတူ Vivo ချစ်သူတွေကို ဖျော်ဖြေပေးခဲ့ပါတယ်။

Vivo ကတော့ V11 ရဲ့ First Sale နဲ့ Pre-Order ကာလအတွင်းမှာ မြန်မာပြည် Sales Target ရဲ့ ၁၅ ရာခိုင်နှုန်းအထိကို ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ပထမအသုတ် ရောင်းချမှုတွေကိုတော့ ရန်ကုန်မြို့မှာတော့ စံရိပ်ငြိမ် ဂမုန်းပွင့် ၊ ( KMD Mobile ) တိုက်အမှတ် -(174-182), ပန်းဆိုးတန်းလမ်း ( အလယ်ဘလောက်) ကျောက်တံတားမြို့နယ်တို့မှာ ပရိုမိုးရှင်း ပြုလုပ်ရောင်းချခဲ့ပြီး ဖိတ်ကြားထားတဲ့ KOL တွေနဲ့အတူ Vivo ချစ်သူတို့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပါသေးတယ်။

ရန်ကုန်မြို့တင်သာမကပဲ မန္တလေးမြို့မှာတော့ 62လမ်း ၊ ခိုင်ရွှေဝါလမ်း × မနော်လမ်းကြားက Central Point ၊

တောင်ကြီးမြို့မှာတော့ Shine Mobileအမှတ်(၁၉)၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ညောင်ရွှေဟော်ကုန်းရပ်၊EPC ရုံး မျက်နှာချင်းဆိုင် ၊ ကျိုင်းတုံမြို့မှာတော့ တာချီလိတ်လမ်း မြို့မဈေးကြီးဘေး၊ BBTဆီပန့်အဟောင်းနေရာ ၊ သိန်းနီမြို့မှာတော့ ဦးဝေကျော် ဖုန်းဆိုင်တွေမှာ အသီးသီး ရောင်းချပေးခဲ့ကြတာပါ။

%d bloggers like this: