Android Phone ကို အားအမြန်သွင်းနိုင်မယ့် နည်းလမ်းများ

စမတ်ဖုန်းများကို နေ့စဉ် ကိုယ်နဲ့ မကွာ အသုံးပြုနေကြတာ ဖြစ်တဲ့ အတွက် သူတို့ကို အားသွင်းပေးရတာလည်း နေ့တိုင်း အချိန်ပေး လုပ်ရတဲ့ အလုပ်တစ်ခု ဖြစ်နေပါတယ်။ ဒီ Tutorial မှာ အချိန်ကုန် သက်သာစေဖို့ အားအမြန်သွင်းနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

မှန်ကန်တဲ့ အားသွင်းကြိုးကို ရွေးချယ်ပါ။

သင့်ဖုန်းကို လက်ပ်တော့နဲ့ ချိတ်ပြီး အားသွင်းတာ မကောင်းပါဘူး။ လက်ပ်တော့ရဲ့ USB 2.0 Port က 2.5 watts နဲ့ USB 3.0 Port က 4.5 watts သာ ထုတ်လုပ်ပေးပါတယ်။ နံရံကပ် ပလက်ပေါက်က ဒီထက် ပိုတဲ့ ပမာဏကို ထုတ်လုပ်ပေးပါတယ်။

ခေတ်ပေါ် အန်းဒရွိုက်ဖုန်းများမှာ 15 watts အထိ နှုန်းရှိတဲ့ လျှင်မြန်စွာ အားသွင်း နည်းပညာများ ပါပါတယ်။ သင့်ဖုန်းနဲ့ အတူပါလာတဲ့ အားသွင်းကြိုးဟာ အလျှင်မြန်ဆုံး အားသွင်းပေးတယ်လို့ ယူဆလို့ မရပါဘူး။ ဥပမာအားဖြင့် LG G6 မှာပါတဲ့ အားသွင်းကြိုးဟာ Quick Charge 2.0 သာ ပါပါတယ်။ အဲဒီ ဖုန်း ၂ လုံးစလုံးဟာ Quick Charge 3.0 ကို ထောက်ပံ့ပါတယ်။ သင့် ဖုန်း ကုမ္ပဏီရဲ့ အားသွင်းကြိုးကိုပဲ သုံးစရာ မလိုပါဘူး။ သင့်ဖုန်းရဲ့ အားသွင်း နည်းပညာကို ထောက်ပံ့တဲ့ Third-Party အားသွင်းကြိုးများကို သုံးနိုင်ပါတယ်။

အားအမြန်သွင်းချင်ရင် ကြိုးမဲ့ အားသွင်း နည်းပညာကို မသုံးသင့်ပါဘူး။ ကြိုးမဲ့ အားသွင်းခြင်းဟာ ကြိုးဖြင့် အားသွင်းခြင်းလောက် မမြန်ပါဘူး။

Airplane Mode ကို သုံးပါ။

ဘက်ထရီ စားစေတဲ့ အဓိက အချက်တစ်ခုမှာ Network Signal ဖြစ်ပါတယ်။ အဲဒီအတွက် လျှင်မြန်စွာ အားသွင်းချင်ရင် Airplane Mode ကို On ပြီး အားသွင်းပါ။ စမ်းသပ်မှုများအရ ဒီလို အားသွင်းရင် ၂၅ ရာခိုင်နှုန်း ပိုမိုလျှင်မြန်စွာ အားပြည့်ပါတယ်။ Notification Bar ကနေ Airplane Mode ကို On နိုင်ပါတယ်။

ဖုန်းကို ပါဝါ ပိတ်ပါ။

ဖုန်းကို ပါဝါပိတ်ပြီး အားသွင်းရင် Airplane Mode ကို ဖွင့်ပြီး အားသွင်းတာထက် ပို လျှင်မြန်စေပါတယ်။ ဘက်ထရီ အားဖြည့်နေစဉ်မှာ စွမ်းအင် ကုန်စေမယ့် အခြားအလုပ်များ လုံး၀ မရှိတော့လို့ အားပြည့်မြန်စေပါတယ်။

Battery-saving Mode ကို သုံးပါ။

Lollipop ကတည်းက အန်းဒရွိုက်မှာ ဘက်ထရီ သက်သာစေတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။ သူ့ကို သုံးနိုင်တဲ့ နေရာက ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူပါဘူး။ များသောအားဖြင့် Settings>Battery>Battery Saver မှာ ဖြစ်ပါတယ်။

မလိုအပ်တဲ့ လုပ်ဆောင်ချက်များကို ပိတ်ပါ။

Bluetooth, GPS , WiFi , NFC စတဲ့ လုပ်ဆောင်ချက်များကို မသုံးတဲ့ အချိန်မှာ ပိတ်ထားပါ။ ဒါတွေဟာ ဘက်ထရီကို ကုန်ဆုံးစေပါတယ်။ ဒါ့အပြင် Google Play Store ကနေ App များ အလိုအလျှောက် Update လုပ်ခြင်း၊ အလိုအလျှောက် Backup လုပ်ခြင်းများကို ရှောင်ကြဉ်ပါ။ အားသွင်းနေစဉ် App များအားလုံးကို ပိတ်ထားပါ။

အားသွင်းနေစဉ် ဖုန်း မသုံးပါနဲ့။

ဖုန်းရဲ့ စကရင်ဟာ ဘက်ထရီ အဓိက စားသုံးတဲ့ အရာ ဖြစ်ပါတယ်။ အဲဒီအတွက် အားသွင်းနေစဉ်မှာ ဖုန်း သုံးခြင်းကို ရှောင်ရှားပါ။

Phone Case ကို ဖယ်ပါ။

စမတ်ဖုန်းများရဲ့ လစ်သီယွန် အိုင်းယွန်း ဘက်ထရီများဟာ အေးမြတဲ့ အခါမှာ အားသွင်းစွမ်းရည် ပိုမို ကောင်းမွန်ပါတယ်။ ဘက်ထရီရဲ့ အပူချိန်ဟာ ပတ်ဝန်းကျင်ရဲ့ အပူချိန် အပေါ် မူတည်နေတာကြောင့် Case ကို ဖြုတ်ပြီး အားသွင်းရင် ပိုမို လျှင်မြန်စေပါတယ်။

Ref : androidpit

Android Phone ကို အားအမြန်သွင်းနိုင်မယ့် နည်းလမ်းများ

%d bloggers like this: