iPhone XS နဲ့ XS Max တို့ အားသွင်းမရတဲ့ ပြဿနာ ဖြစ်ပွားနေ

အိုင်ဖုန်း အသစ်စက်စက်တွေ ဖြစ်တဲ့ iPhone XS နဲ့ XS Max တို့ဟာ အသုံးပြုသူတွေရဲ့လက်ထဲရောက်တာ တစ်ပတ်လောက်သာ ရှိပါသေးတယ်။ ဒါပေမယ့်လည်း အဲဒီ ဖုန်းများမှာ ပြဿနာ တစ်ခု ဖြစ်ပွားနေပါတယ်။

ဖိုရမ်မှ ပို့စ်များနဲ့ YouTube Video များမှာ Users များက အဲဒီ ပြဿနာကို ဖော်ပြနေကြပါတယ်။ အဲဒီ ပြဿနာ ဖြစ်ပွားနေတဲ့ ဖုန်း အရေအတွက်ကိုတော့ မသိရသေးပါဘူး။ Techradar က သူတို့ စမ်းသပ်ကြည့်တဲ့ ဖုန်းများမှာတော့ အဲဒီ ပြဿနာ မရှိဘူးလို့ ပြောပါတယ်။ Users အချို့က အားသွင်းကြိုးက ဖုန်းကို မသိတာမျိုးဖြစ်နေတယ်လို့ ပြောပါတယ်။ charging cable ကို တပ်တပ်ချင်းမှာ ဖုန်းက အလိုအလျောက်အားမသွင်းပဲ၊ ဖုန်းကို wake up ပြန်လုပ်လိုက်မှ သူ့မှာ charging cable တပ်ထားတယ်ဆိုတာကို သိပြီး အားသွင်းသွားတဲ့ ပြဿနာဖြစ်နေတယ်လို့ အသုံးပြုသူတစ်ယောက်က ဖော်ပြထားပါတယ်။

Unbox Therapy ရဲ့  YouTube channel ကတော့ ဒီပြဿနာကို ကွင်းကွင်းကွက်ကွက် မြင်အောင်ပြနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Apple က iOS Update တစ်ခုကို အလျှင်အမြန် ဖြန့်ချိပြီး ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ iPhone တွေကို ပြန်လည် သိမ်းယူရနိုင်မယ့် အခြေအနေမျိုးတော့ မဟုတ်လောက်ပါဘူး။ Apple ကတော့ ဒီပြဿနာကို တုန့်ပြန်ခြင်း မရှိသေးပါဘူး။

ဒီပြဿနာဟာ iOS 12 မှာ Apple က အိုင်ဖုန်းအား USB ကို Access လုပ်ခွင့်အား ပိတ်ပင်ထားတာနဲ့ ပတ်သက်နိုင်ပါတယ်။ ဒါဟာ စကရင်ကို Lock လုပ်ထားချိန်မှာ ဖုန်းမှ ဒေတာများကို ရယူလို့ မရအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Apple က ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : techradar

%d bloggers like this: