Lenovo က ကွေးညွှတ် စမတ်ဖုန်းကို ပြသ

အောက်တိုဘာလမှာတော့ ရင်ခုန်စရာ စမတ်ဖုန်း အသစ်များစွာကို မိတ်ဆက်ကြတော့မှာပါ။ လီနိုဗိုကလည်း ရင်ခုန်စရာ တစ်ခုကို ပြုလုပ်လိုက်ပါတယ်။ ကုမ္ပဏီက ကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းရဲ့ ဗီဒီယိုတစ်ခုကို ပြသလိုက်ပါတယ်။ လီနိုဗိုက ၂၀၁၆ ခုနှစ်မှာ လက်ကောက်ဝတ်မှာ ဝတ်ဆင်နိုင်တဲ့ ကွေးညွှတ် စမတ်ဖုန်းကို ပြသခဲ့ဖူးပါတယ်။ သူက စမတ်နာရီလို သဘောမျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ယခုထက်ထိ ထုတ်လုပ်ရောင်းချခြင်း မရှိသေးပါဘူး။

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ပြသလိုက်တဲ့ ယခု ဗီဒီယိုမှာ ကွေးညွှတ် စမတ်ဖုန်းကို မြင်ရပါတယ်။ စမတ်ဖုန်းဟာ အလုပ်လုပ်နေတာကိုလည်း ပြသထားပါတယ်။ စမတ်ဖုန်းမှာ Scroll လုပ်တာ၊ ထိတွေ့ အသုံးပြုတာကိုလည်း မြင်ရပါတယ်။ ၈၀ ဒီဂရီ အထိ စမတ်ဖုန်းကို ကွေးညွှတ်ထားတာလည်း မြင်ရပါတယ်။ သူ့ကို အောက်တိုဘာလမှာ ကြေညာမယ်လို့လည်း ဖော်ပြထားပြီး နေ့ရက် အတိအကျကို မသိရသေးပါဘူး။

ဆမ်ဆောင်းကလည်း ကွေးညွှတ်ပျော့ပြောင်းတဲ့ Display ပါတဲ့ သူ့ရဲ့ ပထမဆုံး စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ ဟွာဝေးကလည်း ဒီလိုစမတ်ဖုန်းမျိုးကိုဖန်တီးနေပါတယ်။ နာမည်ကျော် ဖုန်း ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Xiaomi နဲ့ Oppo တို့က ဒီလို ဖုန်းမျိုးကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။

ကုမ္ပဏီ နှစ်ခုဟာ ကွေးညွှတ် စမတ်ဖုန်းအတွက် မျက်နှာပြင် ရောင်းချပေးမယ့် ကုမ္ပဏီကို ရှာဖွေနေတယ်လို့ သတင်းထွက်လာပါတယ်။ ကွေးညွှတ် မျက်နှာပြင်များကို ဖန်တီးနေတဲ့ ကုမ္ပဏီများကတော့ LG Display , BOE , Visionox တို့ ဖြစ်ပါတယ်။ ရှောင်မီက ကွေးညွှတ် စမတ်ဖုန်းကို ပထမဆုံး ရောင်းချတဲ့ကုမ္ပဏီ ဖြစ်ဖို့နဲ့ မိတ်ဆက်ပြီးတာနဲ့ အမြောက်အများ ရောင်းချဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Ref : gsmarena

Lenovo က ကွေးညွှတ် စမတ်ဖုန်းကို ပြသ

%d bloggers like this: