Lenovo က ေကြးညႊတ္ စမတ္ဖုန္းကို ျပသ

ေအာက္တိုဘာလမွာေတာ့ ရင္ခုန္စရာ စမတ္ဖုန္း အသစ္မ်ားစြာကို မိတ္ဆက္ၾကေတာ့မွာပါ။ လီႏိုဗိုကလည္း ရင္ခုန္စရာ တစ္ခုကို ျပဳလုပ္လိုက္ပါတယ္။ ကုမၸဏီက ေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းရဲ႕ ဗီဒီယိုတစ္ခုကို ျပသလိုက္ပါတယ္။ လီႏိုဗိုက ၂၀၁၆ ခုႏွစ္မွာ လက္ေကာက္၀တ္မွာ ၀တ္ဆင္ႏိုင္တဲ့ ေကြးညႊတ္ စမတ္ဖုန္းကို ျပသခဲ့ဖူးပါတယ္။ သူက စမတ္နာရီလို သေဘာမ်ိဳးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ကို ယခုထက္ထိ ထုတ္လုပ္ေရာင္းခ်ျခင္း မရွိေသးပါဘူး။

တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ ျပသလိုက္တဲ့ ယခု ဗီဒီယိုမွာ ေကြးညႊတ္ စမတ္ဖုန္းကို ျမင္ရပါတယ္။ စမတ္ဖုန္းဟာ အလုပ္လုပ္ေနတာကိုလည္း ျပသထားပါတယ္။ စမတ္ဖုန္းမွာ Scroll လုပ္တာ၊ ထိေတြ႕ အသံုးျပဳတာကိုလည္း ျမင္ရပါတယ္။ ၈၀ ဒီဂရီ အထိ စမတ္ဖုန္းကို ေကြးညႊတ္ထားတာလည္း ျမင္ရပါတယ္။ သူ႔ကို ေအာက္တိုဘာလမွာ ေၾကညာမယ္လို႔လည္း ေဖာ္ျပထားၿပီး ေန႔ရက္ အတိအက်ကို မသိရေသးပါဘူး။

ဆမ္ေဆာင္းကလည္း ေကြးညႊတ္ေပ်ာ့ေျပာင္းတဲ့ Display ပါတဲ့ သူ႔ရဲ႕ ပထမဆံုး စမတ္ဖုန္းကို လာမယ့္ႏွစ္မွာ ေရာင္းမယ္လို႔ သတင္းထြက္ေနပါတယ္။ ဟြာေ၀းကလည္း ဒီလိုစမတ္ဖုန္းမ်ိဳးကိုဖန္တီးေနပါတယ္။ နာမည္ေက်ာ္ ဖုန္း ကုမၸဏီ ႏွစ္ခုျဖစ္တဲ့ Xiaomi နဲ႔ Oppo တို႔က ဒီလို ဖုန္းမ်ိဳးကို ဖန္တီးေနတယ္လို႔ သတင္းထြက္ေနပါတယ္။

ကုမၸဏီ ႏွစ္ခုဟာ ေကြးညႊတ္ စမတ္ဖုန္းအတြက္ မ်က္ႏွာျပင္ ေရာင္းခ်ေပးမယ့္ ကုမၸဏီကို ရွာေဖြေနတယ္လို႔ သတင္းထြက္လာပါတယ္။ ေကြးညႊတ္ မ်က္ႏွာျပင္မ်ားကို ဖန္တီးေနတဲ့ ကုမၸဏီမ်ားကေတာ့ LG Display , BOE , Visionox တို႔ ျဖစ္ပါတယ္။ ေရွာင္မီက ေကြးညႊတ္ စမတ္ဖုန္းကို ပထမဆံုး ေရာင္းခ်တဲ့ကုမၸဏီ ျဖစ္ဖို႔နဲ႔ မိတ္ဆက္ၿပီးတာနဲ႔ အေျမာက္အမ်ား ေရာင္းခ်ဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

Ref : gsmarena

[Unicode]

Lenovo က ကွေးညွှတ် စမတ်ဖုန်းကို ပြသ

အောက်တိုဘာလမှာတော့ ရင်ခုန်စရာ စမတ်ဖုန်း အသစ်များစွာကို မိတ်ဆက်ကြတော့မှာပါ။ လီနိုဗိုကလည်း ရင်ခုန်စရာ တစ်ခုကို ပြုလုပ်လိုက်ပါတယ်။ ကုမ္ပဏီက ကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းရဲ့ ဗီဒီယိုတစ်ခုကို ပြသလိုက်ပါတယ်။ လီနိုဗိုက ၂၀၁၆ ခုနှစ်မှာ လက်ကောက်ဝတ်မှာ ဝတ်ဆင်နိုင်တဲ့ ကွေးညွှတ် စမတ်ဖုန်းကို ပြသခဲ့ဖူးပါတယ်။ သူက စမတ်နာရီလို သဘောမျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ယခုထက်ထိ ထုတ်လုပ်ရောင်းချခြင်း မရှိသေးပါဘူး။

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ပြသလိုက်တဲ့ ယခု ဗီဒီယိုမှာ ကွေးညွှတ် စမတ်ဖုန်းကို မြင်ရပါတယ်။ စမတ်ဖုန်းဟာ အလုပ်လုပ်နေတာကိုလည်း ပြသထားပါတယ်။ စမတ်ဖုန်းမှာ Scroll လုပ်တာ၊ ထိတွေ့ အသုံးပြုတာကိုလည်း မြင်ရပါတယ်။ ၈၀ ဒီဂရီ အထိ စမတ်ဖုန်းကို ကွေးညွှတ်ထားတာလည်း မြင်ရပါတယ်။ သူ့ကို အောက်တိုဘာလမှာ ကြေညာမယ်လို့လည်း ဖော်ပြထားပြီး နေ့ရက် အတိအကျကို မသိရသေးပါဘူး။

ဆမ်ဆောင်းကလည်း ကွေးညွှတ်ပျော့ပြောင်းတဲ့ Display ပါတဲ့ သူ့ရဲ့ ပထမဆုံး စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ ဟွာဝေးကလည်း ဒီလိုစမတ်ဖုန်းမျိုးကိုဖန်တီးနေပါတယ်။ နာမည်ကျော် ဖုန်း ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Xiaomi နဲ့ Oppo တို့က ဒီလို ဖုန်းမျိုးကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။

ကုမ္ပဏီ နှစ်ခုဟာ ကွေးညွှတ် စမတ်ဖုန်းအတွက် မျက်နှာပြင် ရောင်းချပေးမယ့် ကုမ္ပဏီကို ရှာဖွေနေတယ်လို့ သတင်းထွက်လာပါတယ်။ ကွေးညွှတ် မျက်နှာပြင်များကို ဖန်တီးနေတဲ့ ကုမ္ပဏီများကတော့ LG Display , BOE , Visionox တို့ ဖြစ်ပါတယ်။ ရှောင်မီက ကွေးညွှတ် စမတ်ဖုန်းကို ပထမဆုံး ရောင်းချတဲ့ကုမ္ပဏီ ဖြစ်ဖို့နဲ့ မိတ်ဆက်ပြီးတာနဲ့ အမြောက်အများ ရောင်းချဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Ref : gsmarena

%d bloggers like this: