ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

HALO

ဘောလုံး သမားများလို ပြင်းပြင်းထန်ထန် လှုပ်ရှား ကစားကြရတဲ့ အားကစားသမားများဟာ ဦးခေါင်းကို ထိခိုက်မိတဲ့အတွက် သတိလစ်မေ့မျောကြတတ်ပါတယ်။ HALO က ဦးခေါင်းနဲ့ လည်ပင်း ဧရိယာ ထိခိုက်မှုကို လျှော့ချပေးတဲ့ အဝတ်အစား ဖြစ်ပါတယ်။ မကြာခင်က စစ်တမ်းတစ်ခုအရ NFL ကစားသမားဟောင်းများရဲ့ ၉၆ ရာခိုင်နှုန်းဟာဦးနှောက် ထိခိုက်မှုများ ရှိကြတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ NFL ဟာ ကစားသမားများအတွက် နစ်နာကြေးများ ပေးခဲ့ရသလို ကစား သမားများအတွက် အကာအကွယ် ကိရိယာများ ပံ့ပိုးပေးဖို့ စည်းမျဉ်းများ ရေးဆွဲခဲ့ရပါတယ်။

HALO ဟာ စွမ်းရည်မြင့် ဖိအားဒဏ်ကို ခံနိုင်တဲ့ ဝတ်စုံ ဖြစ်ပါတယ်။ သူ့ကို အားကစား ဝတ်စုံများရဲ့ အောက်မှာ ဝတ်ဆင်နိုင်ပါတယ်။ စမ်းသပ်မှုများအရ သူက ဦးခေါင်းအား ထိခိုက်မှုကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ ကျောရိုးကိုလည်း သူက ကာကွယ်ပေးနိုင်ပါတယ်။ ၁၄၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Volvo ရဲ့ မောင်းသူမဲ့ ထရပ်ကား

အနာဂတ်မှာတော့ အဝေးပြေးလမ်းများမှာ မောင်းသူမဲ့ ထရပ်ကားများကို မြင်ရတော့မှာပါ။ Volvo ကလည်း Vera အမည်ရ မောင်းသူမဲ့ ထရပ်ကားကို ဖန်တီးနေပါတယ်။ ထရပ်ကားများဟာ Cloud Service ၊ Transport Control Center များနဲ့ ဆက်သွယ်နိုင်ပြီး အလုပ်များကို တိကျစွာ လုပ်ဆောင်နိုင်ပါတယ်။ အခြား မောင်းသူမဲ့ကားများမှာလိုပဲ သူကလည်း များများမောင်းလေ၊ ပိုမို အဆင့်မြင့်လာလေ ဖြစ်ပါတယ်။

သူ့မှာ ကင်မရာနဲ့ ဆန်ဆာများ ထည့်သွင်းထားပါတယ်။ သူက လမ်းရဲ့ အခြေအနေကို စောင့်ကြည့် တိုင်းတာနိုင်ပါတယ်။ Volvo က အနာဂတ်မှာ မောင်းသူမဲ့ ထရပ်ကားများဟာ သာမာန် ထရပ်ကားများထက် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးမှာ ပိုမို စိတ်ချရလာမယ်လို့ ပြောပါတယ်။

Pix

Pix ဟာ LED များပါတဲ့ကျောပိုးအိတ် ဖြစ်ပါတယ်။ သူ့ကို ကလေးများသာမက လူငယ်များပါ နှစ်သက်ကြပါတယ်။ အသုံးပြုသူများက သူတို့ရဲ့ စမတ်ဖုန်းများကနေ အိတ်မှ Display ကို ထိန်းချုပ်နိုင်ပါတယ်။ Animations , Pictures , Widgets , Games များကို ကျောပိုးအိတ်မှ မျက်နှာပြင်မှာ ပြသဖို့ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် သင့် ကိုယ်ပိုင် ဂရဖစ်များနဲ့ Animations များကို Upload ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။

၂၂၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မျက်နှာပြင်မှာ အချိန်၊ ရာသီဥတု နဲ့ ဖုန်းမှ Notifications များကို ပြသအောင်လည်း ပြုလုပ်ထားနိုင်ပါတယ်။ စက်ဘီး စီးသူများအတွက် သူ့ကို ရောင်ပြန် အဖြစ် အသုံးပြုနိုင်ပါသေးတယ်။ မျက်နှာပြင်မှာ Tetris, Snake, Arkanoid တို့လို 8-bit Games များကို ကစားနိုင်ပါတယ်။

Ref : gigadgets

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

%d bloggers like this: