စမတ္ဖုန္းမ်ားတြင္ ပါဝင္သည့္ ဆန္ဆာမ်ားႏွင့္ အလုပ္လုပ္္ပုံမ်ား

က်ေနာ္တို႕ အခုအသုံးျပဳေနတဲ့ စမတ္ဖုန္းေတြဟာ ေတြးၾကည့္မယ္ဆိုရင္ တကယ့္ကို အံ့ၾသစရာေကာင္းေလာက္တဲ့ Device ေလးေတြ ျဖစ္ပါတယ္။ စက္မွဳနည္းပညာတိုးတက္လာမွဳရဲ႕ အက်ိဳးရလဒ္ေတြကို ေကာင္းေကာင္းျမင္ေတြ႕ေစႏိုင္တဲ့ Device ေတြလို႕ ဆိုရင္ မမွားပါဘူး။ အရင္က တီဗီြ၊ ေအာက္စက္၊ DVD Player ၊ ဂိမ္းစက္၊ တယ္လီဖုန္း၊ ကင္မရာ၊ ဂဏန္းေပါင္းစက္၊ ေရဒီယို၊ စာအုပ္ စသျဖင့္ ပစၥည္းတခုခ်င္းစီ သပ္သပ္အသုံးျပဳရတဲ့ လုပ္ေဆာင္ခ်က္ေတြကို အခုဆို စမတ္ဖုန္းတလုံးတည္းမွာတင္ အဆင္ေျပေျပလုပ္ႏိုင္ေနျပီ ျဖစ္ပါတယ္။

ဒီလို မ်ားျပားလွတဲ့ စြမ္းေဆာင္ရည္ေတြကို ေပးစြမ္းႏိုင္ဖို႕အတြက္ စမတ္ဖုန္းေတြဟာ အမ်ိဳးမ်ိဳးေသာ ဆန္ဆာေတြကို အသုံးျပဳရတယ္။ ဒါဆို ဖုန္းအတြင္းမွာ ဘယ္လိုဆန္ဆာေတြ ပါဝင္လဲ၊ ဒီဆန္ဆာေတြကေကာ ဘယ္လို အလုပ္လုပ္လဲဆိုတာ ေလ့လာၾကည့္ရေအာင္။

စမတ္ဖုန္းဆန္ဆာေတြကို အဓိကအားျဖင့္ Hardware-based နဲ႕ Software-based ဆိုျပီး ၂ မ်ိဳး ခြဲႏိုင္ပါတယ္။ Software-based ဆန္ဆာအမ်ားစုကလည္း Sensor hardware တခု (သို႕) အမ်ားကေန ေပါင္းစပ္ရရွိတဲ့ ေဒတာေတြကို ျပန္လည္အသုံးခ်ရတာျဖစ္ျပီး၊ Virtual sensor ေတြလို႕လည္း ေခၚဆိုႏိုင္ပါတယ္

၁။ Accelerometer

Accelerometer ကေတာ့ ဖုန္းအသုံးျပဳသူတိုင္း ရင္းႏွီးျပီးသားျဖစ္တဲ့ ဆန္ဆာတခုပါ။ အရွိန္ႏွဳန္း၊ တုန္ခါမွဳနဲ႕ တိမ္းေစာင္းမွဳတို႕ကို သိရွိႏိုင္ျပီး၊ ေရြ႕လ်ားမွဳနဲ႕ X, Y, Z ဝင္ရိုး ၃ ခုေပၚက Linear တည္ေနရာအတိအက်ကို ဆုံးျဖတ္ေပးႏိုင္ပါတယ္။ စမတ္ဖုန္းက Portrait mode လား Landscape လားဆိုတာကို ယခု ဆန္ဆာနဲ႕ သိရွိႏိုင္တာျဖစ္သလို၊ ေျခလွမ္းအေရအတြက္ကိုလည္း သူနဲ႕ သိရွိႏိုင္ပါတယ္။ Pokemon Go လို ဂိမ္းေတြမွာ ကစားသူက ကားစီးျပီးသြားတာလား၊ လမ္းေလွ်ာက္ျပီး သြားတာလားဆိုတာကို ဒီဆန္ဆာနဲ႕ ဆုံးျဖတ္ေပးတာျဖစ္ပါတယ္။

၂။ Gyroscope

စမတ္ဖုန္းတလုံးရဲ႕ အေရးၾကီးဆုံးဆန္ဆာေတြထဲမွာ Gyroscope က တခုအပါအဝင္ပါ။ Gyroscope ဆန္ဆာက ဝင္ရုိး သုံးခုေပၚမွာ အထက္ေအာက္၊ ဘယ္ညာ ေရြ႕လ်ားမွဳလားရာဘက္ (Direction) နဲ႕ လည္ပတ္မွဳ (Rotation) တို႕ကို သိရွိျပီး၊ ပိုမိုတိက်တဲ့ Orientation အခ်က္အလက္ေတြကို ေပးစြမ္းႏိုင္ပါတယ္။ Accelerometer က ဝင္ရိုး မ်ဥ္းေၾကာင္းသုံးခုေပၚက တေျဖာင့္တည္းေရြ႕လ်ားမွဳ (Linear movement) ကိုပဲ သိရွိႏိုင္ျပီး၊ Gyroscope ကေတာ့ Rotation ကိုပါ ဒီဂရီနဲ႕ အတည္အက် သိရွိႏို္ပါတယ္။ ၃၆၀ ဒီဂရီ ဓာတ္ပုံေတြ ရိုက္တဲ့အခါမွာ Gyroscope က ေတာ္ေတာ္စကားေျပာပါတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္အထိ တခ်ိဳ႕စမတ္ဖုန္းေတြမွာေတာင္ Gyroscope ဆန္ဆာ မပါဝင္တဲ့အတြက္ Google Street View ( အရင္ Google Camera ) နဲ႕ 360-degree ဓာတ္ပုံရိုက္မရတာေတြ ရွိခဲ့ပါတယ္။ အခုေတာ့ ဖုန္းတိုင္းလိုလိုမွာ ပါေနပါျပီ။ Accelerometer နဲ႕လည္း Rotation ကို ခန္႕မွန္းႏိုင္ေပမယ့္၊ Gyroscope ေလာက္ မတိက်တဲ့အတြက္ ကားေမာင္းဂိမ္းေတြမွာ Gyro ပါ၊ မပါက သိသာမွဳ ရွိပါတယ္။

၃။ Magnetometer

စမတ္ဖုန္းေတြမွာ Compass လို႕ပဲ က်ေနာ္တို႕ သိၾကတဲ့ Magnetometer ပါဝင္ပါတယ္။ သံလိုက္လွိဳင္းကို တိုင္းတာျပီး၊ ေတာင္ဝင္ရိုးစြန္းက ဘယ္မွာရွိလဲဆိုတာကို Compass မွာ ျပေပးတာပါ။ သံလိုက္ဓာတ္ပါတဲ့ ပစၥည္းေတြကိုလည္း သိရွိႏိုင္တာေၾကာင့္ Magnetometer နဲ႕ Metal Detector App ေတြကို အသုံးျပဳႏိုင္တာ ျဖစ္ပါတယ္။

၄။ GPS

Global Positioning System လုိ႕ ေခၚတဲ့ GPS ကေတာ့ ျဂိဳလ္တုနဲ႕ ဆက္သြယ္ျပီး ကမၻာေျမေပၚက တည္ေနရာအတိအက်ကို ျပေပးတာပါ။ GPS ဟာ တကယ္တမ္းေတာ့ အင္တာနက္မလိုအပ္တဲ့အတြက္ အင္တာနက္လိုင္းမရွိရင္ေတာင္ ေျမပုံေပၚမွာ ကိုယ့္္တည္ေနရာကို ၾကည့္ႏိုင္ပါတယ္။ ဒါေပမယ့္ ေျမပုံေပၚဖို႕အတြက္ကေတာ့ အင္တာနက္လိုင္းပါတယ္။ Offline Map ေတြအတြက္ အသုံးဝင္ပါတယ္။

၅။ Proximity Sensor

Proximity Sensor ကေတာ့ Infrared LED နဲ႕ Light Detector တို႕ကို အသုံးျပဳျပီး၊ ဖုန္းနဲ႕ အျပင္ဘက္အရာဝတၳဳနဲ႕ ဘယ္ေလာက္ကပ္ေနလဲဆိုတာကို ဆုံးျဖတ္ေပးႏိုင္ပါတယ္။ ဖုန္းေျပာတဲ့အခါ ဖုန္းကို နား နဲ႕ ကပ္လိုက္ရင္ စခရင္မွိတ္သြားဖို႕အတြက္ Proximity Sensor လိုပါတယ္။ ဒီဆန္ဆာကေန အလင္းအျမဲ ထုတ္လႊတ္ေပးေနေပမယ့္ က်ေနာ္တို႕ မ်က္လုံးထဲမွာ မျမင္ေတြ႕ရပါဘူး။ ဒါေပမယ့္ ဖုန္းအေပၚဘက္ စပီကာနားကို ဗီဒီယိုရိုက္ၾကည့္ရင္ ေတြ႕ျမင္ႏိုင္ပါတယ္။

၆။ Ambient Light Sensor

Ambient Light Sensor ကေတာ့ အလင္းေရာင္ပမာဏကို သိရွိႏိုင္ျပီး၊ စခရင္အလင္းေရာင္ (Screen Brightness) ကို ကိုက္ညီမွဳရွိေအာင္ အလိုအေလ်ာက္ ခ်ိန္ေပးတဲ့ ဆန္ဆာျဖစ္ပါတယ္။

၇။ မိုက္ခရိုဖုန္း

မိုက္ခရိုဖုန္းကေတာ့ အသံဖမ္းယူတဲ့ ဆန္ဆာေတြ ျဖစ္ပါတယ္။ ဖုန္းေျပာတဲ့အခါ၊ Google Assistant လို အသံထိန္းခ်ဳပ္ Apps ေတြ သုံးတဲ့အခါ အသုံးျပဳရပါတယ္။

၈။ လက္ေဗြရာဆန္ဆာ

လက္ေဗြရာဆန္ဆာကေတာ့ လက္ေဗြရာအခ်က္အလက္ေတြကို အီလက္ထေရာနစ္နည္းအရ မွတ္သားထားေပးတဲ့ ဆန္ဆာျဖစ္ပါတယ္။ ဆန္ဆာေပၚ လက္ေခ်ာင္းတင္လိုက္ရင္ လက္ေဗြရာအရစ္ေတြက ဆန္ဆာမ်က္ႏွာျပင္နဲ႕ ထိျပီး၊ အရစ္တခုခ်င္းစီၾကားမွာ လြတ္သြားတဲ့ ကြာျခားခ်က္ေလးေတြ ျဖစ္သြားပါတယ္။ အတိုခ်ဳပ္ေျပာရရင္ လက္ေဗြရာအေရးေၾကာင္းပုံသ႑ာန္နဲ႕ အရစ္တခုခ်င္းစီက ၾကားအကြာအေဝးကို တိုင္းတာျပီး ပို္င္ရွင္လက္ေဗြမွန္၊မမွန္ စစ္ေဆးေပးတာပါ။ အခုေနာက္ပိုင္းေပၚလာတဲ့ In-Display Fingerprint Sensor ေတြရဲ႕ အလုပ္လုပ္ပုံကိုေတာ့ ထပ္မံေဖာ္ျပပါမယ္။

၉။ Barometer

တန္ဖုိးၾကီး Android ဖုန္းေတြနဲ႕iPhone ေတြမွာ ေလထုဖိအားကုိ တြက္ခ်က္ျပီး ရာသီဥတုေျပာင္းလဲမွဳနဲ႕၊ အျမင့္ေပကို သိရွိႏိုင္တဲ့ Barometer ပါဝင္ပါတယ္။

၁၀။ Heart Rate Sensor

LED နဲ႕ Optical Sensors ေတြကို အသုံးျပဳျပီး ႏွလုံးခုန္ႏွဳန္းတိုင္းေပးတဲ့ ဆန္ဆာျဖစ္ပါတယ္။ အေရျပားထဲကို LED မီးနဲ႕ထိုးျပီး၊ အလင္းလွိဳင္းျပန္မွဳအေပၚ မူတည္တြက္ခ်က္တာျဖစ္ပါတယ္။ ႏွလုံးရဲ႕ ေသြးခုန္ႏွဳန္းအၾကိမ္တိုင္းမွာ အလင္းျပန္ႏွဳန္း အျပင္း၊အေပ်ာ့ ကြာျခားမွဳရွိတဲ့အတြက္ အဆိုပါကြာျခားခ်က္အၾကိမ္အေရအတြက္ကို ေရတြက္ကာ ႏွလုံးခုန္ႏွုန္းကို ဆုံးျဖတ္ေပးတာ ျဖစ္ပါတယ္။

၁၁။ Thermometer

စမတ္ဖုန္းအတြင္း အပူခ်ိန္ကို တိုင္းတာျပီး၊ အပူခ်ိန္လြန္ကဲမွဳ ရွိ၊ မရွိ ေစာင့္ၾကည့္တိုင္းတာေပးတာပါ။ အရမ္းပူလာတယ္ဆိုရင္ ဖုန္းေဆာ့ဖ္ဝဲကေနတဆင့္ အပူေလ်ာ့ခ်ႏို္င္မယ့္ လုပ္ေဆာင္ခ်က္ေတြ ထပ္ထုတ္ေပးမွာျဖစ္ပါတယ္။

စမတ္ဖုန္းေတြမွာ အထက္ပါဆန္ဆာေတြတင္မကဘဲ တျခားဆန္ဆာမ်ိဳးစုံလည္း ပါဝင္ပါတယ္။ တခ်ိဳ႕ ဆန္ဆာေတြကေတာ့ ဖုန္းေမာ္ဒယ္တခုနဲ႕ တခု ကြဲျပားႏိုင္ပါတယ္။ ဥပမာ Xiaomi ဖုန္းေတြမွာဆို အီလက္ထေရာနစ္ပစၥည္းေတြအတြက္ ရီမုတ္ကြန္ထရီးလို အသုံးခ်လို႕ရတဲ့ IR Blaster ပါဝင္ပါတယ္။ Samsung Galaxy ဖုန္းေတြမွာဆို Biometrics Authentication အတြက္ Iris Scanner ၊ iPhone X မွာဆို 3D Facial Recognition အတြက္ TrueDepth ကင္မရာဆန္ဆာစနစ္တို႕ ပါဝင္ပါတယ္။ Face Unlock အတြက္ အသုံးျပဳၾကတဲ့ ဆန္ဆာစနစ္ေတြကိုေတာ့ ေနာက္မွ ဆက္လက္ေဖာ္ျပပါမယ္။

Ref: Fossbytes, Gizmodo

(Unicode)

စမတ်ဖုန်းများတွင် ပါဝင်သည့် ဆန်ဆာများနှင့် အလုပ်လုပ်ပုံများ

ကျနော်တို့ အခုအသုံးပြုနေတဲ့ စမတ်ဖုန်းတွေဟာ တွေးကြည့်မယ်ဆိုရင် တကယ့်ကို အံ့သြစရာကောင်းလောက်တဲ့ Device လေးတွေ ဖြစ်ပါတယ်။ စက်မှုနည်းပညာတိုးတက်လာမှုရဲ့ အကျိုးရလဒ်တွေကို ကောင်းကောင်းမြင်တွေ့စေနိုင်တဲ့ Device တွေလို့ ဆိုရင် မမှားပါဘူး။ အရင်က တီဗွီ၊ အောက်စက်၊ DVD Player ၊ ဂိမ်းစက်၊ တယ်လီဖုန်း၊ ကင်မရာ၊ ဂဏန်းပေါင်းစက်၊ ရေဒီယို၊ စာအုပ် စသဖြင့် ပစ္စည်းတခုချင်းစီ သပ်သပ်အသုံးပြုရတဲ့ လုပ်ဆောင်ချက်တွေကို အခုဆို စမတ်ဖုန်းတလုံးတည်းမှာတင် အဆင်ပြေပြေလုပ်နိုင်နေပြီ ဖြစ်ပါတယ်။

ဒီလို များပြားလှတဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်ဖို့အတွက် စမတ်ဖုန်းတွေဟာ အမျိုးမျိုးသော ဆန်ဆာတွေကို အသုံးပြုရတယ်။ ဒါဆို ဖုန်းအတွင်းမှာ ဘယ်လိုဆန်ဆာတွေ ပါဝင်လဲ၊ ဒီဆန်ဆာတွေကကော ဘယ်လို အလုပ်လုပ်လဲဆိုတာ လေ့လာကြည့်ရအောင်။

စမတ်ဖုန်းဆန်ဆာတွေကို အဓိကအားဖြင့် Hardware-based နဲ့ Software-based ဆိုပြီး ၂ မျိုး ခွဲနိုင်ပါတယ်။ Software-based ဆန်ဆာအများစုကလည်း Sensor hardware တခု (သို့) အများကနေ ပေါင်းစပ်ရရှိတဲ့ ဒေတာတွေကို ပြန်လည်အသုံးချရတာဖြစ်ပြီး၊ Virtual sensor တွေလို့လည်း ခေါ်ဆိုနိုင်ပါတယ်

၁။ Accelerometer

Accelerometer ကတော့ ဖုန်းအသုံးပြုသူတိုင်း ရင်းနှီးပြီးသားဖြစ်တဲ့ ဆန်ဆာတခုပါ။ အရှိန်နှုန်း၊ တုန်ခါမှုနဲ့ တိမ်းစောင်းမှုတို့ကို သိရှိနိုင်ပြီး၊ ရွေ့လျားမှုနဲ့ X, Y, Z ဝင်ရိုး ၃ ခုပေါ်က Linear တည်နေရာအတိအကျကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ စမတ်ဖုန်းက Portrait mode လား Landscape လားဆိုတာကို ယခု ဆန်ဆာနဲ့ သိရှိနိုင်တာဖြစ်သလို၊ ခြေလှမ်းအရေအတွက်ကိုလည်း သူနဲ့ သိရှိနိုင်ပါတယ်။ Pokemon Go လို ဂိမ်းတွေမှာ ကစားသူက ကားစီးပြီးသွားတာလား၊ လမ်းလျှောက်ပြီး သွားတာလားဆိုတာကို ဒီဆန်ဆာနဲ့ ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။

၂။ Gyroscope

စမတ်ဖုန်းတလုံးရဲ့ အရေးကြီးဆုံးဆန်ဆာတွေထဲမှာ Gyroscope က တခုအပါအဝင်ပါ။ Gyroscope ဆန်ဆာက ဝင်ရိုး သုံးခုပေါ်မှာ အထက်အောက်၊ ဘယ်ညာ ရွေ့လျားမှုလားရာဘက် (Direction) နဲ့ လည်ပတ်မှု (Rotation) တို့ကို သိရှိပြီး၊ ပိုမိုတိကျတဲ့ Orientation အချက်အလက်တွေကို ပေးစွမ်းနိုင်ပါတယ်။ Accelerometer က ဝင်ရိုး မျဉ်းကြောင်းသုံးခုပေါ်က တဖြောင့်တည်းရွေ့လျားမှု (Linear movement) ကိုပဲ သိရှိနိုင်ပြီး၊ Gyroscope ကတော့ Rotation ကိုပါ ဒီဂရီနဲ့ အတည်အကျ သိရှိနိုပါတယ်။ ၃၆၀ ဒီဂရီ ဓာတ်ပုံတွေ ရိုက်တဲ့အခါမှာ Gyroscope က တော်တော်စကားပြောပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်အထိ တချို့စမတ်ဖုန်းတွေမှာတောင် Gyroscope ဆန်ဆာ မပါဝင်တဲ့အတွက် Google Street View ( အရင် Google Camera ) နဲ့ 360-degree ဓာတ်ပုံရိုက်မရတာတွေ ရှိခဲ့ပါတယ်။ အခုတော့ ဖုန်းတိုင်းလိုလိုမှာ ပါနေပါပြီ။ Accelerometer နဲ့လည်း Rotation ကို ခန့်မှန်းနိုင်ပေမယ့်၊ Gyroscope လောက် မတိကျတဲ့အတွက် ကားမောင်းဂိမ်းတွေမှာ Gyro ပါ၊ မပါက သိသာမှု ရှိပါတယ်။

၃။ Magnetometer

စမတ်ဖုန်းတွေမှာ Compass လို့ပဲ ကျနော်တို့ သိကြတဲ့ Magnetometer ပါဝင်ပါတယ်။ သံလိုက်လှိုင်းကို တိုင်းတာပြီး၊ တောင်ဝင်ရိုးစွန်းက ဘယ်မှာရှိလဲဆိုတာကို Compass မှာ ပြပေးတာပါ။ သံလိုက်ဓာတ်ပါတဲ့ ပစ္စည်းတွေကိုလည်း သိရှိနိုင်တာကြောင့် Magnetometer နဲ့ Metal Detector App တွေကို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

၄။ GPS

Global Positioning System လို့ ခေါ်တဲ့ GPS ကတော့ ဂြိုလ်တုနဲ့ ဆက်သွယ်ပြီး ကမ္ဘာမြေပေါ်က တည်နေရာအတိအကျကို ပြပေးတာပါ။ GPS ဟာ တကယ်တမ်းတော့ အင်တာနက်မလိုအပ်တဲ့အတွက် အင်တာနက်လိုင်းမရှိရင်တောင် မြေပုံပေါ်မှာ ကိုယ့်တည်နေရာကို ကြည့်နိုင်ပါတယ်။ ဒါပေမယ့် မြေပုံပေါ်ဖို့အတွက်ကတော့ အင်တာနက်လိုင်းပါတယ်။ Offline Map တွေအတွက် အသုံးဝင်ပါတယ်။

၅။ Proximity Sensor

Proximity Sensor ကတော့ Infrared LED နဲ့ Light Detector တို့ကို အသုံးပြုပြီး၊ ဖုန်းနဲ့ အပြင်ဘက်အရာဝတ္ထုနဲ့ ဘယ်လောက်ကပ်နေလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဖုန်းပြောတဲ့အခါ ဖုန်းကို နား နဲ့ ကပ်လိုက်ရင် စခရင်မှိတ်သွားဖို့အတွက် Proximity Sensor လိုပါတယ်။ ဒီဆန်ဆာကနေ အလင်းအမြဲ ထုတ်လွှတ်ပေးနေပေမယ့် ကျနော်တို့ မျက်လုံးထဲမှာ မမြင်တွေ့ရပါဘူး။ ဒါပေမယ့် ဖုန်းအပေါ်ဘက် စပီကာနားကို ဗီဒီယိုရိုက်ကြည့်ရင် တွေ့မြင်နိုင်ပါတယ်။

၆။ Ambient Light Sensor

Ambient Light Sensor ကတော့ အလင်းရောင်ပမာဏကို သိရှိနိုင်ပြီး၊ စခရင်အလင်းရောင် (Screen Brightness) ကို ကိုက်ညီမှုရှိအောင် အလိုအလျောက် ချိန်ပေးတဲ့ ဆန်ဆာဖြစ်ပါတယ်။

၇။ မိုက်ခရိုဖုန်း

မိုက်ခရိုဖုန်းကတော့ အသံဖမ်းယူတဲ့ ဆန်ဆာတွေ ဖြစ်ပါတယ်။ ဖုန်းပြောတဲ့အခါ၊ Google Assistant လို အသံထိန်းချုပ် Apps တွေ သုံးတဲ့အခါ အသုံးပြုရပါတယ်။

၈။ လက်ဗွေရာဆန်ဆာ

လက်ဗွေရာဆန်ဆာကတော့ လက်ဗွေရာအချက်အလက်တွေကို အီလက်ထရောနစ်နည်းအရ မှတ်သားထားပေးတဲ့ ဆန်ဆာဖြစ်ပါတယ်။ ဆန်ဆာပေါ် လက်ချောင်းတင်လိုက်ရင် လက်ဗွေရာအရစ်တွေက ဆန်ဆာမျက်နှာပြင်နဲ့ ထိပြီး၊ အရစ်တခုချင်းစီကြားမှာ လွတ်သွားတဲ့ ကွာခြားချက်လေးတွေ ဖြစ်သွားပါတယ်။ အတိုချုပ်ပြောရရင် လက်ဗွေရာအရေးကြောင်းပုံသဏ္ဍာန်နဲ့ အရစ်တခုချင်းစီက ကြားအကွာအဝေးကို တိုင်းတာပြီး ပိုင်ရှင်လက်ဗွေမှန်၊မမှန် စစ်ဆေးပေးတာပါ။ အခုနောက်ပိုင်းပေါ်လာတဲ့ In-Display Fingerprint Sensor တွေရဲ့ အလုပ်လုပ်ပုံကိုတော့ ထပ်မံဖော်ပြပါမယ်။

၉။ Barometer

တန်ဖိုးကြီး Android ဖုန်းတွေနဲ့iPhone တွေမှာ လေထုဖိအားကို တွက်ချက်ပြီး ရာသီဥတုပြောင်းလဲမှုနဲ့၊ အမြင့်ပေကို သိရှိနိုင်တဲ့ Barometer ပါဝင်ပါတယ်။

၁၀။ Heart Rate Sensor

LED နဲ့ Optical Sensors တွေကို အသုံးပြုပြီး နှလုံးခုန်နှုန်းတိုင်းပေးတဲ့ ဆန်ဆာဖြစ်ပါတယ်။ အရေပြားထဲကို LED မီးနဲ့ထိုးပြီး၊ အလင်းလှိုင်းပြန်မှုအပေါ် မူတည်တွက်ချက်တာဖြစ်ပါတယ်။ နှလုံးရဲ့ သွေးခုန်နှုန်းအကြိမ်တိုင်းမှာ အလင်းပြန်နှုန်း အပြင်း၊အပျော့ ကွာခြားမှုရှိတဲ့အတွက် အဆိုပါကွာခြားချက်အကြိမ်အရေအတွက်ကို ရေတွက်ကာ နှလုံးခုန်နှုန်းကို ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။

၁၁။ Thermometer

စမတ်ဖုန်းအတွင်း အပူချိန်ကို တိုင်းတာပြီး၊ အပူချိန်လွန်ကဲမှု ရှိ၊ မရှိ စောင့်ကြည့်တိုင်းတာပေးတာပါ။ အရမ်းပူလာတယ်ဆိုရင် ဖုန်းဆော့ဖ်ဝဲကနေတဆင့် အပူလျော့ချနိုင်မယ့် လုပ်ဆောင်ချက်တွေ ထပ်ထုတ်ပေးမှာဖြစ်ပါတယ်။

စမတ်ဖုန်းတွေမှာ အထက်ပါဆန်ဆာတွေတင်မကဘဲ တခြားဆန်ဆာမျိုးစုံလည်း ပါဝင်ပါတယ်။ တချို့ ဆန်ဆာတွေကတော့ ဖုန်းမော်ဒယ်တခုနဲ့ တခု ကွဲပြားနိုင်ပါတယ်။ ဥပမာ Xiaomi ဖုန်းတွေမှာဆို အီလက်ထရောနစ်ပစ္စည်းတွေအတွက် ရီမုတ်ကွန်ထရီးလို အသုံးချလို့ရတဲ့ IR Blaster ပါဝင်ပါတယ်။ Samsung Galaxy ဖုန်းတွေမှာဆို Biometrics Authentication အတွက် Iris Scanner ၊ iPhone X မှာဆို 3D Facial Recognition အတွက် TrueDepth ကင်မရာဆန်ဆာစနစ်တို့ ပါဝင်ပါတယ်။ Face Unlock အတွက် အသုံးပြုကြတဲ့ ဆန်ဆာစနစ်တွေကိုတော့ နောက်မှ ဆက်လက်ဖော်ပြပါမယ်။

Ref: Fossbytes, Gizmodo

%d bloggers like this: