New Star Manager က အန်းဒရွိုက်အတွက် အသစ်ထွက်လာတဲ့ ဂိမ်းပါ။ ဘောလုံး အသင်း မန်နေဂျာ အဖြစ် သင်က ကစားရမှာ ဖြစ်ပါတယ်။ New Star FC အသင်းကို သင်က ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ရမှာပါ။ သင်က ကစားသမားများ၊ Facilities များကို စီမံခန့်ခွဲရမှာပါ။
သင်က မန်နေဂျာ လုပ်ရမယ့် အပြင် ဘောလုံးပွဲများကိုလည်း ကစားနိုင်ပါသေးတယ်။ ဂရပ်ဖစ်များက ဖီဖာလောက် မကောင်းပေမယ့် သူဟာ တစ်မျိုး ပျော်စရာ ကောင်းပါတယ်။ သူဟာ အခမဲ့ ကစားနိုင်ပေမယ့် စွမ်းရည်မြင့်မားတဲ့ Freemiun အမျိုးအစား ဖြစ်ပါတယ်။ သူ့ကို Five Aces Publishing Ltd. က ဖန်တီးထားတာ ဖြစ်ပါတယ်။
ဘောလုံး အသင်းရဲ့ လေ့ကျင့်မှုများကို သင်က ဦးဆောင်ရမှာ ဖြစ်ပါတယ်။ အသင်းအတွက် သင့်တော်တဲ့ ကစားသမားများကို ရှာဖွေ ငှားရမ်းရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဂိမ်းဟာ ဖုန်းနဲ့ တက်ဘလက်များမှာ ကစားလို့ ကောင်းမွန်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ Formation များနဲ့ နည်းဗျူဟာများကို ဖန်တီးရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ပွဲကို အပြောင်းအလဲ ဖြစ်စေမယ့် အရန်လူများကို မွေးမြူပေးရပါတယ်။ ပွဲချိန်တစ်ဝက်မှာ Locker Room ထဲသွားပြီး ကစားသမားများရဲ့စိတ်ဓါတ်ကို နှိုးဆော်ပေးရတာက သဘာဝကျလှပါတယ်။ သူ့ရဲ့ အရွယ်အစားက 78MB ရှိပြီး Android 5.1 နဲ့ သူ့အထက်မှာ ကစားနိုင်ပါတယ်။
Ref : androidauthority
ဘောလုံး အသင်း မန်နေဂျာ လုပ်ချင်သူများအတွက် New Star Manager
You must log in to post a comment.