Apple Store များကနေ ဒေါ်လာ ၁ သန်းကျော်ဖိုး ပစ္စည်းများ ခိုးယူခဲ့တဲ့ အုပ်စုကို တရားစွဲ

ကယ်လီဖိုးနီးယားမှ Apple Store များကနေ ပစ္စည်းများ ခိုးယူတဲ့ သတင်းများ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က စတင် ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ လုယက်မှုများကို အုပ်စု တစ်ခုထဲကနေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း ၁၇ ယောက်ကို ကယ်လီဖိုးနီးယား အာဏာပိုင်များက တရားစွဲလိုက်ပါတယ်။ အဲဒီအထဲမှ လူ ၇ ဦးကို ယခုတစ်ပတ် အစောပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ၁ ဦးကို ခေါ်ယူစစ်ဆေးနေပါတယ်။ အများစုကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ခိုုးယူတဲ့ နည်းလမ်းက ရိုးရှင်းပါတယ်။ သူတို့ဟာ ခေါင်းစွပ်ပါတဲ့ အဝတ်အစားများကို ဝတ်ဆင်ထားကြပါတယ်။ စတိုးဆိုင်ထဲကို လျှင်မြန်စွာ ဝင်ရောက်ပြီး ပစ္စည်းများကို လုယူထွက်ပြေးခဲ့တာပါ။ သူတို့ရဲ့ လုယက်မှုဟာ စက္ကန့်ပိုင်းသာ ကြာမြင့်ပါတယ်။ အချို့ လုယူမှုများမှာ သူတို့ဟာ ဒေါ်လာ ၂၀ ၀၀၀ ကျော်ဖိုးလောက် များပြားတဲ့ ပစ္စည်းများကိုတောင် လုယူနိုင်ခဲ့ပါတယ်။

ဇူလိုင်လတုန်းက လူလေးဦးဟာ Apple Store ကနေ ဒေါ်လာ ၂၇၀၀၀ ကျော်ဖိုး MacBook နဲ့ iPhone များ လုယူမှုဖြစ်ပွားခဲ့ပါတယ်။ လုယူမှုဟာ စက္ကန့်ပိုင်းသာ ကြာခဲ့ပြီး ထွက်ပြေးသွားခဲ့ကြပါတယ်။ သူတို့ဟာ ခေါင်းစွပ်ပါတဲ့ အင်္ကျ ီများကို ဝတ်ဆင်ထားကြပြီး ခေါင်းကို အုပ်ထားပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဖရက်စနိုရှိ Fashion Fair Mall အတွင်းမှ Apple Store မှာ အခင်း ဖြစ်ပွားခဲ့တာပါ။

iPhone 6,7,8 , X များနဲ့ လက်ပ်တော့များစွာ ပါသွားခဲ့ပါတယ်။ သံသယ ဖြစ်သူများဟာ လေးဦး သို့မဟုတ် ငါးဦးလောက်ရှိနိုင်ပြီး လူမည်းများ ဖြစ်နိုင်တယ်လို့ ရဲများက ပြောပါတယ်။ အသက်အားဖြင့် ၁၆ ကနေ ၁၈ နှစ်အတွင်း ရှိနိုင်ပါတယ်။ ဇွန်လ ၂၁ ရက်နေ့ ကယ်လီဖိုးနီးယား ပြည်နယ် ၊ San Luis Obispo မှာ ဖြစ်ပွားခဲ့တဲ့ Apple Store လုယက်မှုနဲ့ ဆက်စပ်နိုင်ပါတယ်။

ref : theverge

Apple Store များကနေ ဒေါ်လာ ၁ သန်းကျော်ဖိုး ပစ္စည်းများ ခိုးယူခဲ့တဲ့ အုပ်စုကို တရားစွဲ

%d bloggers like this: