မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာမယ့် OnePlus 6T ရဲ့ Teaser Video ထွက်လာပြန်

OnePlus က 6T ရဲ့ Teaser Video များကို ယခင်က ပြသခဲ့ဖူးပါတယ်။ အခုတော့ တွစ်တာမှာ နောက်ထပ် ဗီဒီယိုတစ်ခုကို ပြသလိုက်ပါတယ်။ ဗီဒီယိုမှာ T Logo နဲ့ Unlock the Future စာသားကို ဖော်ပြထားပါတယ်။ အဲဒီအတွက် ဖုန်းမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါမယ်ဆိုတာ ပိုမို သေချာသွားစေပါတယ်။

OnePlus 6T ရဲ့ ပထမဆုံး Official Teaser Video ကို ကုမ္ပဏီက ယခုလထဲမှာပဲ ပြသခဲ့ပါတယ်။ ဗီဒီယိုမှာ အိန္ဒိယရဲ့ အထင်ကရ မင်းသား အမီတာ ဘချမ်း ပါဝင်ပြီး သူက OnePlus 6T ကို ကိုင်ထားတာ မြင်ရပါတယ်။ ဗီဒီယိုက အတိုလေး ဖြစ်ပြီး In-Display Fingerprint Scanner ပါကြောင်း အရိပ်အမြွက် ပြောသွားပါတယ်။

OnePlus 6T မှာ ၆.၄ လက်မ 1080x2340p Optic AMOLED Display ထည့်သွင်းထားနိုင်ပြီး Notch လည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Qualcomm ရဲ့ Snapdragon 845 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Face Unlock လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၇ ရက်မှာ ကြေညာမှာပါ။

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ OnePlus 6T ရဲ့ ဘူးခွံ ဓါတ်ပုံများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ T Model များဟာ များသောအားဖြင့် သာမာန် မော်ဒယ်များထက် အဆင့်မြှင့်ထားမှု အနည်းငယ်သာ ရှိတတ်ပါတယ်။ မကြာခင်ကလည်း EEC (Eurasian Economic Commission) မှာ သူ့ကို မှတ်ပုံတင်ထားပါတယ်။ EEC ကနေ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ မော်ဒယ်အမည်မှာ S6013 ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အစိတ်အပိုင်းများရဲ့ သတင်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ဒါပေမယ့် OnePlus Device များဟာ Oppo R Series များနဲ့ ဆင်တူတဲ့အတွက် သူ့မှာ မကြာခင်က ကြေညာထားတဲ့ Oppo R17 Pro မှ ဟာ့ဒ်ဝဲများ၊ လုပ်ဆောင်ချက်များနဲ့ ဒီဇိုင်းကို သုံးထားနိုင်ပါတယ်။ Oppo SuperVOOC ကို အခြေပြုထားတဲ့ Dash Charge က ပိုမိုတိုးတက်လာမှာပါ။ လက်ရှိမှာတော့ သူ့ရဲ့ သတင်းအချက်အလက်များကို ဒီလောက်သာ သိရပါသေးတယ်။

Ref : gsmarena

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာမယ့် OnePlus 6T ရဲ့ Teaser Video ထွက်လာပြန်

%d bloggers like this: