User ပေါင်း သန်း ၅၀ ရဲ့ ဒေတာများ ပေါက်ကြားမှုကြောင့် Facebook တရားစွဲခံလိုက်ရပြီ

Facebook က သူ့ရဲ့ လုံခြုံရေး ဟာကွက်ကြောင့် User ပေါင်း သန်း ၅၀ ဝန်းကျင်ရဲ့ ဒေတာများကို ဟက်ကာ တစ်ဦးက ခိုးယူသွားခဲ့တယ်လို့ မနေ့က ဝန်ခံ ပြောကြားခဲ့ပါတယ်။ အခုတော့ အဲဒီ ပြဿနာကြောင့် Facebook User ၂ ဦးက ကုမ္ပဏီကို တရားစွဲလိုက်ပါတယ်။ Facebook ရဲ့ လုံခြုံရေး အားနည်းချက်ကြောင့် သူတို့ရဲ့ ဒေတာများ အခိုးခံလိုက်ရတယ်လို့ ပြောပါတယ်။ တရားစွဲဆိုသူများဟာ ကယ်လီဖိုးနီးယား ဒေသခံ Carla Echavarria နဲ့ ဗာဂျီးနီးယား ဒေသခံ Derick Walker တို့ ဖြစ်ပါတယ်။

ကယ်လီဇိုးနီးယား ပြည်နယ် မြောက်ပိုင်း တရားရုံးမှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ Facebook ဟာ စားသုံးသူများရဲ့ လုံခြုံရေးကို လျစ်လျှူရှုခြင်း ၊ တရားဥပဒေနဲ့ မကိုက်ညီတဲ့ အမူအကျင့်များကို ပြုလုပ်ခြင်း နဲ့ ကယ်လီဖိုးနီးယားရဲ့ စားသုံးသူ အခွင့်အရေးကို ချိုးဖောက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ တိုင်ကြားထားပါတယ်။

“ Facebook ကနေ User ပေါင်း သန်း ၅၀ ကျော်ရဲ့ ဒေတာများ ပေါက်ကြားသွားတာကို စစ်ဆေးသွားမှာပါ။ နယူးယောက် ပြည်သူ ပြည်သားများဟာ သူတို့ ဒေတာများ လုံခြုံသလားဆိုတာသိခွင့်ရှိပါတယ်။ “ လို့ နယူးယောက်ရဲ့ တရားသူကြီးချုပ် Barbara Underwook က တွစ်တာမှာ ရေးသားထားပါတယ်။ တရားစွဲဆိုသူများက ကုမ္ပဏီအား ဒဏ်ရိုက်ဖို့၊ ကုမ္ပဏီရဲ့ အပြူအမူများကို လေ့လာစောင့်ကြည့်ဖို့နဲ့ သူတို့ရဲ့ ရှေ့နေခများနဲ့ အခြား ကုန်ကျစားရိတ်များကို Facebook က ပေးဆောင်ဖို့ တောင်းဆိုထားကြပါတယ်။

Facebook က လုံခြုံရေး ဟာကွက်ကို ဖာထေးပြီးပြီလို့ ပြောပေမယ့် ခိုးယူသွားသူ ဟက်ကာရဲ့ သတင်းအချက်အလက်များကို မပြောကြားသေးပါဘူး။ ကုမ္ပဏီက ဒေတာများ ပေါက်ကြားသွားတဲ့ စားသုံးသူများအား Website နဲ့ Mobile App များကနေ Notification များဖြင့် အသိပေးခြင်း၊ ပြုလုပ်ရမယ့် နည်းလမ်းများကို လမ်းညွှန်ခြင်းများကို လက်ရှိမှာ ပြုလုပ်ပေးနေပါတယ်။

Ref : theverge

User ပေါင်း သန်း ၅၀ ရဲ့ ဒေတာများ ပေါက်ကြားမှုကြောင့် Facebook တရားစွဲခံလိုက်ရပြီ

%d bloggers like this: