iPhone XS နဲ့ XS Max ရဲ့ Drop Test Video ကို ဒီမှာ ရှိုးလိုက်

Apple က iPhone XS နဲ့ XS Max မှာ အမာကျောဆုံး ဖန်ဖြင့် တည်ဆောက်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဒီနေ့တော့ Techradar က သူတို့ကို Drop Test ပြုလုပ်ခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးဟာ အမြင့် ၃ ပေ၊ ၄ ပေနဲ့ ၅ ပေများကနေ ပစ်ချကြည့်တဲ့ အခါမှာ အက်ကွဲမှုများ မဖြစ်ခဲ့ပါဘူး။ ဒီအမြင့်များဟာ ဖုန်းများ လွတ်ကျတတ်တဲ့ ပမာဏများ ဖြစ်ပါတယ်။ ဖုန်းများဟာ အနောက်ဘက်၊ မျက်နှာပြင်ဘက်၊ ထောင့်စွန်း စသဖြင့် ပုံသဏ္ဍာန်မျိုးစုံဖြင့် ကြမ်းပြင်ပေါ်သို့ ကျခဲ့တာ ဖြစ်ပါတယ်။

iPhone XS Max ကို ပေ ၂၀ အမြင့်ရှိ ၂ ထပ်တိုက်ပေါ်ကနေ ပစ်ချကြည့်တဲ့ အခါမှာ ဖုန်းဟာ အလုပ်မလုပ်တော့ဘဲ ပျက်ဆီးသွားပါတယ်။ မျက်နှာပြင်များဟာ အစိတ်အစိတ် အမွှာမွှာ ကွဲကြေသွားပါတယ်။ Tom’s Guide ရဲ့ စမ်းသပ်မှုမှာ iPhone XS ဟာ ၁၁ ပေ အမြင့်ကနေ ပစ်ချတာကို ခံနိုင်ခဲ့ပါတယ်။

Techradar က သူ့ရဲ့ စမ်းသပ်မှု အရ iPhone XS နဲ့ XS Max များမှာ Corning Gorilla Glass 6 ထည့်သွင်းထားနိုင်ပြီး Gorilla Glass 5 ထက် ၂ ဆ ပိုမိုမာကျောလာတယ်လို့ ပြောပါတယ်။ Apple ကတော့ အဲဒီ ဖုန်းများမှာ ထည့်သွင်းထားတဲ့ Gorilla Glass ဟာ ဘယ်မျိုးဆက်ဆိုတာ မပြောပါဘူး။ လာမယ့်နှစ်မှာ ကြေညာမယ့် Samsung Galaxy S10 မှာလည်း Gorilla Glass 6 ပါလာနိုင်ပါတယ်။

Ref : techradar

iPhone XS ရဲ့ Drop Test Video ကို ဒီမှာ ရှိုးလိုက်

%d bloggers like this: