Nokia 7.1 ရဲ့ အရောင်နဲ့ ဈေးနှုန်းများ ထွက်ပေါ်

နာမည်ကျော် Tipster တစ်ဦး ဖြစ်သူ Roland Quandt က Plus မပါတဲ့ Nokia 7.1 ရဲ့ သတင်းအချက်အလက် အချို့ကို တွစ်တာမှာ ဖွင့်ဟလိုက်ပါတယ်။ ယခင်ကတော့ Nokia 7.1 Plus ရဲ့ သတင်းများသာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ သတင်းစကားအရ Model ၂ ခု ထွက်လာနိုင်ပါတယ်။

သူက Plus မပါတဲ့ Nokia 7.1 မှာ 4GB RAM, 64GB Storage များ ထည့်သွင်းထားပြီး အပြာနဲ့ စတီး အရောင်များ ထုတ်လုပ်ထားမယ်လို့ ရေးသားထားပါတယ်။ ယူရို ၃၉၉ တန်ကြေးရှိမယ်လို့ ဖော်ပြထားပါတယ်။ ယခင်ကတော့ Nokia 7.1 Plus ရဲ့ အရှေ့မျက်နှာပြင် ဓါတ်ပုံများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ တစ်ခုမှာ Notch ပါပြီး အခြား တစ်ခုမှာ Notch မပါတာကို တွေ့ရပါတယ်။

အဲဒီအတွက် မော်ဒယ် ၂ ခု ဖြစ်နိုင်ခြေ ပိုများသွားပါတယ်။ Nokia 7.1 မှာ Notch မပါဘဲ Plus Model မှာ Notch ပါလာနိုင်ပါတယ်။ Nokia 6.1 Plus နဲ့ Nokia 5.1 Plus များမှာ Notch များ ပါတဲ့အတွက် Nokia 7.1 Plus မှာလည်း Notch ပါမယ်လို့ ယူဆနိုင်ပါတယ်။

Nokia 7.1 ရဲ့ အရောင်နဲ့ ဈေးနှုန်းများ ထွက်ပေါ်

%d bloggers like this: