Samsung က Galaxy Watch Golf Edition ကို ကြေညာ

Samsung က မကြာခင်က ကြေညာခဲ့တဲ့ Galaxy Watch ရဲ့ မော်ဒယ် အသစ်တစ်ခုကို ပြသလိုက်ပါတယ်။ သူကတော့ Golf ရိုက်သူများအတွက် ရည်ရွယ် ဖန်တီးထားတဲ့ Galaxy Watch Golf Edition ဖြစ်ပြီး သူဟာ မူလ Galaxy Watch နဲ့ တူပေမယ့် စမတ်ကျတဲ့ Caddie App ထည့်သွင်းပေးထားပါတယ်။ သူဟာ ယခင်နှစ်ထုတ် Gear S3 Golf Edition ရဲ့ မျိုးဆက် ဖြစ်ပါတယ်။

App က Golf ကွင်းများမှာ Navigate လုပ်တဲ့ အခါမှာ လွယ်ကူ အဆင်ပြေအောင် ကူညီပေးနိုင်ပါတယ်။ App မှာ ကမ္ဘာအဝန်းမှ Golf ကွင်းပေါင်း ၆၀ ၀၀၀ ဝန်းကျင်ရဲ့ သတင်းအချက်အလက်များ ပါပါတယ်။ App က သင့်ရဲ့ ဂေါက်သီး ရိုက်ချက်များကို တွက်ချက်ပေးတဲ့ အတွက် သင့်ရဲ့ တိုးတက်မှုများကို သိနိုင်ပါတယ်။ ကျင်း ၅၄ ခုမှာ ကစားနိုင်လောက်အောင် ဘက်ထရီ သက်တမ်း ကောင်းမွန်တယ်လို့ ဆမ်ဆောင်းက ပြောပါတယ်။

၄၆ မီလီမီတာ မော်ဒယ်ကို ၃၆၇ ဒေါ်လာနဲ့ ၄၂ မီလီမီတာ မော်ဒယ်ကို ၃၅၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ရောင်းချပေးလိုက်ပြီး အခြားနိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Samsung က Galaxy Watch Golf Edition ကို ကြေညာ

%d bloggers like this: