LG Watch W7 ကို LG V40 ThinQ နဲ့ အတူ ကြေညာမည်

LG V40 ThinQ ကို အောက်တိုဘာလ ၃ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ သူနဲ့အတူ Wear OS Smartwatch အသစ်တစ်လုံးကိုပါ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ သူ့ရဲ့ အမည်မှာ LG Watch W7 ဖြစ်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များဟာ ဧပြီလကလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။

စမတ်နာရီမှာ ၁.၂ လက်မ 360x360p Display ထည့်သွင်းထားမှာပါ။ ဒါဟာ LG Watch Style နဲ့ တူပါတယ်။ ဒါပေမယ့် P-OLED အစား LCD ကို သုံးထားနိုင်ပါတယ်။ Snapdragon Wear 2100 ပါလာနိုင်ပါတယ်။ ဒါကတော့ယခင်က ထွက်ခဲ့တဲ့ သတင်းအတိုင်း ပြောတာပါ။ Qualcomm ကတော့ Wear 3100 နဲ့ Wear 2500 များကိုတောင် ထုတ်လုပ်ခဲ့ပြီးပါပြီ။

LG Watch W7 မှာ GPS နဲ့ NFC များ မပါဘူးလို့ သတင်းထွက်နေပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ ကိရိယာ ပါမလားဆိုတာလည်း မသိရသေးပါဘူး။ Watch Style မှာ အဲဒီ ကိရိယာ မပါပါဘူး။ Watch Sport မှာတော့ ပါပါတယ်။ လာမယ့် တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ သူ့ကို ကြေညာမှာ ဖြစ်ပါတယ်။

LG V40 ThinQ မှာ ၆.၄ လက်မ မျက်နှာပြင်ဲ့ ကင်မရာ ၃ လုံး တပ်စနစ်များ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Platinum Gray, Carmine Red နဲ့ Moroccan Blue ဆိုတဲ့ အရောင်သုံးမျိုးနဲ့ ထွက်လာနိုင်ပါတယ်။

Ref : gsmarena

LG Watch W7 ကို LG V40 ThinQ နဲ့ အတူ ကြေညာမည်

%d bloggers like this: